ယေရမိ 29:18
ယေရမိ 29:18 Judson Bible (JBMLE)
သူတို့ကို ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည်အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၏နှောင့်ယှက်ခြင်းသို့ သူတို့ကိုငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ယေရမိ 29:18 Common Language Bible (BCL)
ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။
ယေရမိ 29:18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် လိုက်လံညှဉ်းဆဲမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့အတွက် ရွံရှာစရာဖြစ်စေမည်။ ငါနှင်ထုတ်၍သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်ဟူ၍ မိန့်တော်မူ၏။