YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 2:7-9

တရားသူကြီး 2:7-9 Judson Bible (JBMLE)

ယော​ရှု​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သိ​မြင်၍၊ ယော​ရှု​မ​ရှိ​သော​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့ လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။

တရားသူကြီး 2:7-9 Common Language Bible (BCL)

ယော​ရှု​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ ပတ်​လုံး​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​၏။ ယော​ရှု ကွယ်​လွန်​ပြီး​သည့်​နောက်​၌​ပင်​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​သူ​ခေါင်း ဆောင်​များ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး လူ​တို့​သည်​ဆက်​လက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​သေး​၏။- ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏​သား ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ်​ရှိ သော်​ကွယ်​လွန်​လေ​သည်။- သူ​၏​အ​လောင်း​ကို​ဂါရှာ​ကုန်း​မြောက်​ဘက်၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​တိ​မ​နတ်​ဿေ​ရ မြို့၊ သူ​ပိုင်​မြေ​တွင်​သင်္ဂြိုဟ်​ကြ​၏။

တရားသူကြီး 2:7-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​လူမျိုး​တို့​သည် ယောရှု​အသက်ရှင်​စဉ်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း​၊ ယောရှု​သေဆုံး​သွား​ပြီးနောက် အသက်ရှင်​ကျန်ရစ်​သေး​သော​သူ​များ​ဖြစ်​သည့် အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​သော​ကြီးမြတ်​သည့်​အမှု​ရှိသမျှ​တို့​ကို သိမြင်​ခဲ့​ရ​သော​သက်ကြီးဝါကြီး​တို့​လက်ထက်​တွင်​လည်းကောင်း ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။ ထာဝရဘုရား​၏​အစေအပါး နုန်​၏​သား​ယောရှု​သည် အသက်​တစ်ရာ့​တစ်ဆယ်​တွင် သေဆုံး​လေ​၏​။ ဂါရှ​တောင်​၏​မြောက်ဘက်​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​အမွေ​မြေ​ရ​ထား​သော တိမနသေရ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။