တရားသူကြီး 2:6-13
တရားသူကြီး 2:6-13 Judson Bible (JBMLE)
အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှာ သွားကြ၏။ ယောရှုလက်ထက် ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့ လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။ ယောရှုလက်ထက် ကာလ၌ ဖြစ်သောသူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ရောက်ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလအမျိုးအဖို့ ပြုတော်မူသောအမှုတို့ကိုလည်းကောင်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။ အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတစ်ပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။ ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊
တရားသူကြီး 2:6-13 Common Language Bible (BCL)
ယောရှုသည်ဣသရေလအမျိုးသားတို့ အား လူတိုင်းပင်မိမိတို့ဝေစုကျရာမြေ ယာကိုသိမ်းယူရန်ထွက်သွားစေ၏။- ယောရှုအသက်ရှင်လျက်ရှိနေသမျှကာလ ပတ်လုံးဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားကိုးကွယ်ကြ၏။ ယောရှု ကွယ်လွန်ပြီးသည့်နောက်၌ပင်လျှင်ဣသရေလ အမျိုးသားတို့အတွက်ထာဝရဘုရားပြု တော်မူသောကြီးမြတ်သည့်အမှုတော်တို့ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသူခေါင်း ဆောင်များအသက်ရှင်လျက်ရှိနေသမျှ ကာလပတ်လုံး လူတို့သည်ဆက်လက်၍ ထာဝရဘုရားအားကိုးကွယ်ကြသေး၏။- ထာဝရဘုရား၏အစေခံ၊ နုန်၏သား ယောရှုသည်အသက်တစ်ရာ့တစ်ဆယ်ရှိ သော်ကွယ်လွန်လေသည်။- သူ၏အလောင်းကိုဂါရှာကုန်းမြောက်ဘက်၊ ဧဖရိမ်တောင်ကုန်းဒေသရှိတိမနတ်ဿေရ မြို့၊ သူပိုင်မြေတွင်သင်္ဂြိုဟ်ကြ၏။- ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။ ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။- သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။- သူတို့သည်ထာဝရဘုရားအားကိုးကွယ်မှု ကိုစွန့်၍ ဗာလဘုရားများနှင့်အာရှတရက် ဘုရားများကိုရှိခိုးကြ၏။
တရားသူကြီး 2:6-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယောရှုသည် အစ္စရေးအမျိုးသားတို့ကို ပြန်လွှတ်လိုက်သောအခါ သူတို့သည် မိမိအမွေမြေကို သိမ်းပိုက်ရန် အသီးသီး သွားကြ၏။ အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အသက်ရှင်ကျန်ရစ်သေးသောသူများဖြစ်သည့် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူသောကြီးမြတ်သည့်အမှုရှိသမျှတို့ကို သိမြင်ခဲ့ရသောသက်ကြီးဝါကြီးတို့လက်ထက်တွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ ထာဝရဘုရား၏အစေအပါး နုန်၏သားယောရှုသည် အသက်တစ်ရာ့တစ်ဆယ်တွင် သေဆုံးလေ၏။ ဂါရှတောင်၏မြောက်ဘက်၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ သူအမွေမြေရထားသော တိမနသေရမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ ယောရှုလက်ထက်မျိုးဆက်တစ်ဆက်လုံး သေဆုံး၍ဘိုးဘေးတို့စုစည်းရာသို့ ရောက်လေ၏။ ထိုမျိုးဆက်ပြီးမှ ထာဝရဘုရားကို မသိသော၊ အစ္စရေးအမျိုးသားတို့အဖို့ ထာဝရဘုရားပြုတော်မူသောအမှုကိုမသိသော နောက်မျိုးဆက်တစ်ဆက် ပေါ်လာ၏။ အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင် မကောင်းမှုကို ပြုကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။ သူတို့သည် အီဂျစ်ပြည်မှ မိမိတို့ကိုထုတ်ဆောင်တော်မူခဲ့သည့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ပြီး မိမိတို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများနောက်သို့လိုက်၍ ထိုဘုရားများကိုရှိခိုးကိုးကွယ်ခြင်းဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်ကြ၏။ သူတို့သည် ထာဝရဘုရားကို စွန့်၍ ဗာလဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြ၏။