YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 2:10-15

တရားသူကြီး 2:10-15 Judson Bible (JBMLE)

ယော​ရှု​လက်​ထက် ကာ​လ၌ ဖြစ်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ဘိုး​ဘေး​တို့ စု​ဝေး​ရာ​သို့​ရောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော​အ​မှု​တို့​ကို​လည်း​ကောင်း မ​သိ​သော နောင်​ကာ​လ​အ​မျိုး​သား​တို့​သည် ပေါ်​လာ​ကြ၏။ ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ သူ​တို့​ကို ဆောင်​ခဲ့​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​မျိုး​တို့၏ ဘု​ရား​တစ်​ပါး​တို့​နောက်​သို့ လိုက်​လျက်​ဦး​ညွှတ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို ထွက်​စေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။ သူ​တို့​သည် ထွက်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ လက်​တော်​အ​ဆီး​အ​တား​နှင့် တွေ့၍ အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။

တရားသူကြီး 2:10-15 Common Language Bible (BCL)

ယော​ရှု​၏​ခေတ်​က​လူ​အ​ပေါင်း​တို့​သည်​ကွယ် လွန်​သွား​ကြ​သ​ဖြင့် နောက်​တစ်​ခေတ်​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ လူ​မျိုး​အ​တွက်​ကိုယ်​တော်​ပြု​မူ​ခဲ့​သော​အ​မှု တော်​တို့​ကို​လည်း​ကောင်း​မေ့​လျော့​၍​သွား ကြ​ကုန်​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။- သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်၊ မိ​မိ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ကိုး​ကွယ်​မှု​မ​ပြု​ကြ​တော့​ဘဲ​မိ​မိ​တို့ ပတ်​ဝန်း​ကျင်​မှ လူ​တို့​ကိုး​ကွယ်​သော​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။ သူ​တို့​သည် ထို​ဘု​ရား​များ​ရှေ့​တွင်​ဦး​ညွှတ်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ကို​ထွက်​စေ ကြ​လေ​သည်။- သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။- သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ပြင်း​စွာ​အ​မျက်​ထွက်​တော် မူ​သ​ဖြင့် ရန်​သူ​တို့​ကို​သူ​တို့​အား​လု​ယက် တိုက်​ခိုက်​ရန်​အ​ခွင့်​ပြု​တော်​မူ​၏။ ကိုယ်​တော် သည်​ပတ်​ဝန်း​ကျင်​ရှိ​ရန်​သူ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​ခွင့် ပေး​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ကာ​ကွယ်​နိုင်​စွမ်း မ​ရှိ​ကြ​တော့​ချေ။- သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

တရားသူကြီး 2:10-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောရှု​လက်ထက်​မျိုးဆက်​တစ်ဆက်လုံး သေဆုံး​၍​ဘိုးဘေး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ ထို​မျိုးဆက်​ပြီးမှ ထာဝရဘုရား​ကို မ​သိ​သော​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​ကို​မ​သိ​သော နောက်​မျိုးဆက်​တစ်ဆက် ပေါ်လာ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​မျက်မှောက်​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။ သူ​တို့​သည် အီဂျစ်​ပြည်​မှ မိမိ​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ပြီး မိမိ​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​နောက်သို့​လိုက်​၍ ထို​ဘုရား​များ​ကို​ရှိခိုးကိုးကွယ်​ခြင်း​ဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ ဗာလ​ဘုရား​နှင့် အာရှတရက်​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​ထဲသို့​အပ်လိုက်​တော်မူ​သဖြင့် ထို​သူ​တို့​သည် သူ​တို့​ကို​တိုက်ခိုက်လုယက်​ကြ​၏​။ သူ​တို့​ဝန်းကျင်​ရှိ ရန်သူ​တို့​ထံ သူ​တို့​ကို ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ရန်သူ​တို့​ကို မ​ခုခံ​နိုင်​ကြ​တော့​ပေ​။ ထာဝရဘုရား ကျိန်ဆို​မိန့်မြွက်​သည့်​အတိုင်း သူ​တို့ စစ်ချီ​လေရာရာ​၌ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​အပေါ် ကျရောက်​သဖြင့် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​၍ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။