YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 4:1-2

ရှင်ယာကုပ် 4:1-2 Common Language Bible (BCL)

သင်​တို့​တွင်​အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဒေါ​သ​ဖြစ် မှု၊ အ​ငြင်း​ပွား​မှု​တို့​ဖြစ်​ပေါ်​လာ​သ​နည်း။ သင် တို့​၏​ကာ​ယ​လို​အင်​ဆန္ဒ​များ​ထ​ကြွ​နေ​သော ကြောင့်​မ​ဟုတ်​လော။- သင်​တို့​သည်​မိ​မိ​တို့​အ​လို​ရှိ​သော​အ​ရာ များ​ကို​မ​ရ​နိုင်​သ​ဖြင့်​လူ့​အ​သက်​ကို​သတ် ရန်​အ​သင့်​ရှိ​ကြ​၏။ မိ​မိ​တို့​လွန်​စွာ​လို​လား တောင့်​တ​သည့်​အ​ရာ​များ​ကို​မ​ရ​နိုင်​သ​ဖြင့် အ​ငြင်း​ပွား​ကြ​၏။ ရန်​ဖြစ်​ကြ​၏။ သင်​တို့​လို လား​သော​အ​ရာ​ကို​မ​ရ​ရှိ​ကြ​သည့်​အ​ကြောင်း မှာ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​မ​တောင်း​မ​လျှောက် ကြ​သော​ကြောင့်​ဖြစ်​၏။

ရှင်ယာကုပ် 4:1-2 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​တွင်​ရှိ​သော စစ်တိုက်​ခြင်း​နှင့်​ခိုက်ရန်​ဖြစ်​ခြင်း​တို့​သည် အဘယ်က​ဖြစ်လာ​ကြ​သနည်း။ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ထဲ၌ ပြိုင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည့် သင်​တို့​၏​ကာမဂုဏ်​ခံစား​လို​သော​စိတ်​မှ ဖြစ်လာ​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​သည် တပ်မက်​သော်လည်း မ​ရ​သောကြောင့် လူ​သတ်​ကြ​၏။ အလွန်​အလိုရှိ​သော်လည်း မ​ရရှိ​နိုင်​သောကြောင့် ခိုက်ရန်​ဖြစ်​၍ စစ်တိုက်​ကြ​၏။ သင်​တို့​မ​ရ​ကြ​သည်​မှာ သင်​တို့​မ​တောင်းလျှောက်​ကြ​သောကြောင့်​ဖြစ်​၏။