YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 3:2-8

ရှင်ယာကုပ် 3:2-8 Judson Bible (JBMLE)

ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။- မြင်း​ကို​နိုင်​ခြင်း​ငှာ ပါး​စပ်​ကို​ဇက်​ခွံ့​တတ်၏။ သို့​ပြု၍ မြင်း​ကိုယ်​တစ်​ကိုယ်​လုံး​ကို လှည့်​စေ​တတ်၏။- ထို​မှ​တစ်​ပါး၊ အ​လွန်​ကြီး​သော​သင်္ဘော​သည် ပြင်း​စွာ​သော​လေ​ဟုန်​နှင့် လွင့်​သွား​သော်​လည်း၊ တက်​မ​ကိုင် အ​လို​ရှိ​သည်​အ​တိုင်း၊ ငယ်​သော​တက်​မ​ဖြင့် လှည့်​တတ်၏။- ထို​နည်း​တူ၊ လျှာ​သည် ငယ်​သော​အင်္ဂါ​ဖြစ်​သော်​လည်း အ​လွန်​ဝါ​ကြွား​တတ်၏။ အ​ဘယ်​မျှ​လောက် များ​စွာ​သော​ထင်း​ကို အ​နည်း​ငယ်​သော​မီး​သည် ညှိ​နိုင်​သည်​ကို ကြည့်​ပါ​လော့။- လျှာ​သည် မီး​ဖြစ်၏။ ဒု​စ​ရိုက်၏ လော​က​ဓာတ်​လည်း​ဖြစ်၏။ ထို​သို့​နှင့်​အ​ညီ၊ လျှာ​သည် ငါ​တို့၏​အင်္ဂါ​တို့​တွင်​တည်၍ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ၏။ ဇာ​တိ​စက်​ကို​လည်း ရှို့​တတ်၏။ မိ​မိ​သည်​လည်း င​ရဲ​မီး​ရှို့​ခြင်း​ကို ခံ​လျက်​ရှိ၏။- သား​ရဲ​မျိုး၊ ငှက်​မျိုး၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​မျိုး၊ ငါး​မျိုး​တို့​ကို လူ​မျိုး​သည် အောင်​တတ်​သည်​အ​တိုင်း အောင်​ခဲ့​ပြီ။- လျှာ​ကို​ကား၊ အ​ဘယ်​လူ​မျှ​မ​အောင်​နိုင်၊ မ​ဆုံး​မ​နိုင်​သော အ​ဆိုး​အ​ညစ်​ဖြစ်၏။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​နှင့် ပြည့်​စုံ၏။

ရှင်ယာကုပ် 3:2-8 Common Language Bible (BCL)

ငါ​တို့​အ​ပေါင်း​သည်​မ​ကြာ​ခ​ဏ​မှား​တတ် ကြ​၏။ အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြော​အ​ဆို မ​မှား​သော​သူ​သည်​ပြည့်​ဝ​စုံ​လင်​သော​သူ ဖြစ်​၏။ ထို​သို့​သော​သူ​သည် မိ​မိ​ကိုယ်​တစ် ကိုယ်​လုံး​ကို​ထိန်း​ချုပ်​နိုင်​သူ​ဖြစ်​ပေ​သည်။- ငါ​တို့​သည်​မြင်း​ကို​ဇက်​ခွံ့​၍​ငါ​တို့​အ​မိန့် ကို​လိုက်​နာ​စေ​နိုင်​၏။ ငါ​တို့​လို​ရာ​သို့​သွား စေ​နိုင်​၏။- အ​လွန်​ကြီး​သော​သင်္ဘော​များ​ကို​လေ​ပြင်း တိုက်​ခတ်​နေ​ချိန်​၌​ပင်​လျှင် တက်​မ​ငယ်​အား ဖြင့်​ထိန်း​ချုပ်​ကာ​တက်​မ​ကိုင်​အ​လို​ရှိ​ရာ ဘက်​သို့​လှည့်​စေ​နိုင်​၏။- လျှာ​သည်​လည်း​ထို​နည်း​အ​တိုင်း​ပင်​ဖြစ် ပေ​သည်။ ယင်း​သည်​ကိုယ်​ခန္ဓာ​၏​သေး​ငယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​မျှ​သာ​ဖြစ်​သော်​လည်း ကြီး​ကျယ်​သော​အ​ရာ​များ​အ​ကြောင်း​ကို ကြွား​ဝါ​တတ်​သည်။ အ​လွန်​ကြီး​သော​သစ်​တော​ကို​သေး​ငယ်​သော မီး​ပွား​က​လေး​က လောင်​ကျွမ်း​စေ​နိုင်​သည် ကို​စဉ်း​စား​ကြည့်​ပါ​လေ။- လျှာ​သည်​မီး​နှင့်​တူ​၍​အ​ပြစ်​ဒု​စ​ရိုက်​ဖြင့် ပြည့်​ဝ​သော​ကမ္ဘာ​ဖြစ်​၏။ ယင်း​သည်​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ဖြင့်​တည်​ရှိ​ကာ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သို့​အ​ပြစ်​ဒု​စ​ရိုက် ကူး​စက်​ပျံ့​နှံ့​စေ​လေ​သည်။ လျှာ​သည်​င​ရဲ​မှ ရ​ရှိ​သည့်​မီး​ဖြင့်​ငါ​တို့​၏​ဘ​ဝ​တစ်​ခု လုံး​ကို​ကျွမ်း​လောင်​စေ​တတ်​၏။- လူ​သည်​အ​ခြား​သတ္တဝါ​များ​ဖြစ်​သော​သား​ရဲ တိ​ရစ္ဆာန်၊ ငှက်၊ တွား​တတ်​သည့်​သတ္တ​ဝါ၊ ငါး​တို့ ကို​ကျိုး​နွံ​ယဉ်​ပါး​အောင်​ပြု​နိုင်​၏။ ပြု​လည်း ပြု​ခဲ့​ပေ​ပြီ။- သို့​ရာ​တွင်​လျှာ​ကို​မူ​ကား​အ​ဘယ်​သူ​မျှ ကျိုး​နွံ​အောင်​မ​ပြု​နိုင်။ ယင်း​သည်​သေ​စေ​တတ် သော​အ​ဆိပ်​နှင့်​ပြည့်​ဝ​လျက်​ထိန်း​ချုပ်​၍​မ​ရ အောင်​ဆိုး​ရွား​လေ​သည်။

ရှင်ယာကုပ် 3:2-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ငါ​တို့​ရှိသမျှ​သည် များစွာ​မှားယွင်း​တတ်​ကြ​၏။ မည်သူမဆို စကား​ပြော​ခြင်း​အရာ​၌ မှားယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို​လည်း​ချုပ်တည်း​နိုင်​သည့် စုံလင်​သော​သူ​ဖြစ်​၏။ ငါ​တို့​ကို​နာခံ​စေရန် မြင်း​၏​ပါးစပ်​ထဲသို့ ဇက်​ခွံ့​သောအခါ သူ​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ငါ​တို့​လှည့်​နိုင်​၏။ သင်္ဘော​ကို​လည်း​ကြည့်​လော့။ ထိုမျှလောက်​ကြီးမား​၍ လေပြင်း​တိုက်​ရာ​သို့​လွင့်ပါ​တတ်​သော်လည်း သေးငယ်​သော​တက်မ​အားဖြင့် တက်မကိုင်​အလိုရှိ​ရာ​ဘက်​သို့ လှည့်​စေ​နိုင်​၏။ ထိုနည်းတူ လျှာ​သည်​လည်း သေးငယ်​သော​အင်္ဂါ​အစိတ်အပိုင်း​ဖြစ်​သော်လည်း အလွန်​ဝါကြွား​တတ်​၏။ မည်မျှလောက်​သေးငယ်​သော​မီး​သည် မည်မျှလောက်​ကြီးမား​သော​သစ်တော​ကို​မီးစွဲ​လောင်​စေ​နိုင်​သည်​ကို ကြည့်​လော့။ လျှာ​သည် မီး​ဖြစ်​၏။ မတရားမှု​၏​လောက​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အစိတ်အပိုင်း​ထဲက တစ်​ခု​ဖြစ်​ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူး​စွန်းထင်း​စေ​လျက် ဘဝ​တစ်ခုလုံး​ကို လောင်ကျွမ်း​စေ​ကာ မိမိ​သည်​လည်း ငရဲ​မီး​၏​လောင်ကျွမ်း​ခြင်း​ကို​ခံရ​၏။ လူသား​တို့​သည် သားရဲ​တိရစ္ဆာန်​နှင့်​ကျေးငှက်​မျိုး​မှစ၍ တွားသွား​သတ္တဝါ​နှင့်​ရေ​သတ္တဝါ​မျိုး​အပေါင်း​တို့​ကို ယဉ်ပါး​စေ​နိုင်​သကဲ့သို့ ယဉ်​လည်း​ယဉ်ပါး​စေ​ခဲ့​ကြ​၏။ သို့သော် လျှာ​ကို​ယဉ်ပါး​စေ​နိုင်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ လျှာ​သည် ထိန်းချုပ်​၍​မ​ရ​နိုင်​သော​အဆိုးအမိုက်​ဖြစ်​ပြီး သေ​စေ​တတ်​သော​အဆိပ်​အတောက်​နှင့် ပြည့်​လျက်​ရှိ​၏။