ရှင်ယာကုပ် 1:1-8
ရှင်ယာကုပ် 1:1-8 Judson Bible (JBMLE)
ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တစ်ဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။- သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ။ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။- သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။- ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်တော်မှ တစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်။
ရှင်ယာကုပ် 1:1-8 Common Language Bible (BCL)
ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးနှင့်တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟုခံယူကြလော့။- အဘယ်ကြောင့်ဆိုသော်သင်တို့၏ယုံကြည် ခြင်းကိုစစ်ကြောစုံစမ်းမှုသည်ခံနိုင်ရည် ကိုဖြစ်ပွားစေကြောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။- သင်တို့သည်မည်သည့်အရာမျှချို့တဲ့မှုမရှိ ဘဲပြည့်ဝစုံလင်ကြစေရန်အဆုံးတိုင်အောင် ခံနိုင်ရည်ရှိရကြမည်။- သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။- သို့ရာတွင်သင်တို့သည်ယုံမှားသံသယမရှိ ဘဲယုံကြည်သောစိတ်နှင့်တောင်းလျှောက်ကြရ မည်။ ယုံမှားသံသယရှိသောသူသည်လေ တိုက်၍လှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။- ဤကဲ့သို့သောသူသည်စိတ်နှစ်ခွရှိသူ၊ ပြု လေသမျှတို့၌တည်ကြည်မှုမရှိသူဖြစ် သောကြောင့် ထာဝရဘုရား၏ထံတော်မှ တစ်စုံတစ်ရာကိုရရှိလိမ့်မည်ဟုမမှတ် စေနှင့်။
ရှင်ယာကုပ် 1:1-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းနှင့် ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာသက်သက်ဖြစ်သည်ဟု မှတ်ယူကြလော့။ အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းသည် သည်းခံခြင်းကိုဖြစ်ပေါ်စေကြောင်း သင်တို့သိကြ၏။ သင်တို့သည် မည်သည့်ချို့တဲ့မှုမျှမရှိဘဲ ရင့်ကျက်၍ပြည့်စုံသောသူဖြစ်ကြမည့်အကြောင်း ထိုသည်းခံခြင်းစုံလင်သည့်တိုင်အောင် ပြုစုကြလော့။ သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။ သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည် လေတိုက်၍ထကြွလှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့်တူ၏။ ထိုသူသည် ထာဝရဘုရားထံတော်မှ တစ်စုံတစ်ခုကိုရလိမ့်မည်ဟု မထင်မှတ်စေနှင့်။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလေသမျှတို့၌ တည်ကြည်မှုမရှိသောသူဖြစ်၏။