YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 1:1-4

ရှင်ယာကုပ် 1:1-4 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​နှင့် အ​ရှင်​ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ယာ​ကုပ်​သည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော တစ်​ဆယ်​နှစ်​ပါး​သော အ​မျိုး​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သည်း​ခံ​ခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက်၊ အ​ထူး​ထူး​အ​ပြား​ပြား စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း သက်​သက်​ဖြစ်​သည်​ဟု မှတ်​ကြ​လော့။- သင်​တို့​သည် အ​လျှင်း​မ​ချို့​တဲ့​ဘဲ စေ့​စပ်​စုံ​လင်​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း​စိတ်​သည် အ​ကုန်​အ​စင် ပြု​ပြင်​ပါ​စေ။

ရှင်ယာကုပ် 1:1-4 Common Language Bible (BCL)

ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​စေ ခံ​ဖြစ်​သူ​ယာ​ကုပ်​သည် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​နှံ့ လျက်​ရှိ​သည့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​ထံ​သို့​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက် ခြင်း​အ​မျိုး​မျိုး​နှင့်​တွေ့​ကြုံ​ရ​သော​အ​ခါ ဝမ်း​မြောက်​စ​ရာ​ဖြစ်​သည်​ဟု​ခံ​ယူ​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​စစ်​ကြော​စုံ​စမ်း​မှု​သည်​ခံ​နိုင်​ရည် ကို​ဖြစ်​ပွား​စေ​ကြောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။- သင်​တို့​သည်​မည်​သည့်​အ​ရာ​မျှ​ချို့​တဲ့​မှု​မ​ရှိ ဘဲ​ပြည့်​ဝ​စုံ​လင်​ကြ​စေ​ရန်​အ​ဆုံး​တိုင်​အောင် ခံ​နိုင်​ရည်​ရှိ​ရ​ကြ​မည်။

ရှင်ယာကုပ် 1:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​၏​ကျွန် ငါ​ယာကုပ်​သည် အရပ်ရပ်​တို့​၌​ကွဲလွင့်​ပျံ့နှံ့​နေ​သော မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။ ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် အမျိုးမျိုး​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့် ကြုံတွေ့​ရ​သောအခါ ဝမ်းမြောက်​စရာ​သက်သက်​ဖြစ်​သည်​ဟု မှတ်ယူ​ကြ​လော့။ အကြောင်းမူကား သင်​တို့​၏​ယုံကြည်​ခြင်း​ကို​စစ်ကြော​စုံစမ်း​ခြင်း​သည် သည်းခံ​ခြင်း​ကို​ဖြစ်ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။ သင်​တို့​သည် မည်သည့်​ချို့တဲ့​မှု​မျှ​မ​ရှိ​ဘဲ ရင့်ကျက်​၍​ပြည့်စုံ​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ထို​သည်းခံ​ခြင်း​စုံလင်​သည့်​တိုင်အောင် ပြုစု​ကြ​လော့။