YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 64:5-7

ဟေရှာယ 64:5-7 Judson Bible (JBMLE)

ဝမ်း​မြောက်​သော​စိတ်​နှင့် ဖြောင့်​မတ်​စွာ ကျင့်​သော​သူ၊ တ​ရား​တော်​လမ်း​တို့၌ ကိုယ်​တော်​ကို အောက်​မေ့​သော​သူ​တို့​နှင့် ကိုယ်​တော်​သည် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ၏။ ထို​လမ်း​တို့​မှ အ​ကျွန်ုပ်​တို့​သည် အ​စဉ်​လွှဲ​တတ်​သော​ကြောင့် အ​မျက်​ထွက်​တော်​မူ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် စင်​ကြယ်​ခြင်း​မ​ရှိ​ပါ။ ပြု​ဖူး​သ​မျှ​သော ကု​သိုလ်​ကောင်း​မှု​တို့​သည် ညစ်​သော​အ​ဝတ်​နှင့် တူ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့ ရှိ​သ​မျှ​သည် သစ်​ရွက်​ကဲ့​သို့ ညှိုး​နွမ်း​လျက်​ရှိ၍၊ ကိုယ်​အ​ပြစ်​တို့​သည် လေ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို တိုက်​သွား​ပါ​ပြီ။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ၊ ကိုယ်​တော်​ကို​မှီ​ဝဲ​ခြင်း​ငှာ ကိုယ်​ကို​ကိုယ် နှိုး​ဆော်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​တော်​ကို​လွှဲ၍ အ​ကျွန်ုပ်​တို့​ကို ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် ဆုံး​ရှုံး​စေ​တော်​မူ​ပြီ။

ဟေရှာယ 64:5-7 Common Language Bible (BCL)

ကိုယ်​တော်​ရှင်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍​ပျော်​မွေ့ တတ်​သူ​များ​အား​လည်း​ကောင်း၊ ကိုယ်​တော်​ရှင် ၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန်​မ​မေ့​မ လျော့​တတ်​သူ​များ​အား​လည်း​ကောင်း​ကြို​ဆို လက်​ခံ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​တို့​အား​အ​မျက်​ထွက်​တော်​မူ​သော် လည်း ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​မြဲ ကူး​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​အ​မျက် ထွက်​နေ​ပါ​လျက်​ကျွန်​တော်​မျိုး​တို့​သည် အ​မှား​ကို​ပြု​မြဲ​ပြု​ကြ​ပါ​၏။ ရှေး​ယ​ခင် က​စ​၍​ဤ​သို့​ပြု​ခဲ့​မိ​ကြ​ပါ​၏။- ကျွန်​တော်​မျိုး​တို့​အား​လုံး​အ​ပြစ်​သား​များ ဖြစ်​ကြ​ပါ​၏။ ကျွန်ုပ်​တို့​၏​အ​ကောင်း​ဆုံး အ​ကျင့်​ပင်​လျှင်​လုံး​ဝ​ဥ​ဿုံ​ရွံ​ရှာ​ဖွယ်​သာ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​လေ​လွင့်​ရွက်​ခြောက်​များ နှင့်​တူ​ကြ​ပါ​၏။- ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​နှင့်​ထံ​တော်​သို့ တစ်​ဦး​တစ်​ယောက်​မျှ​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ပါ။ ``ကူ​မ​တော်​မူ​ပါ'' ဟု​လည်း​တစ်​ဦး တစ်​ယောက်​မျှ​လာ​ရောက်​ပန်​ကြား​မှု​မ​ပြု ပါ။ ကျွန်​တော်​မျိုး​တို့​အ​ပြစ်​များ​ကြောင့် ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​လွှဲ တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ် တော်​မူ​ပါ​ပြီ။

ဟေရှာယ 64:5-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် ဝမ်းမြောက်​သော​စိတ်​ဖြင့် ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ ကိုယ်တော်​၏​တရားလမ်း​တော်​ကို​အောက်မေ့​သော​သူ​တို့​အား ကြိုဆိုလက်ခံ​တော်မူ​၏​။ သို့သော် အကျွန်ုပ်​တို့​အပြစ်ပြု​၍ ကိုယ်တော်​အမျက်ထွက်​တော်မူ​၏​။ အဆက်မပြတ်​အပြစ်ပြု​သော​အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​မည်လော​။ အကျွန်ုပ်​တို့​အားလုံး​သည် မစင်ကြယ်​သော​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။ အကျွန်ုပ်​တို့​၏​ဖြောင့်မတ်​သော​လုပ်ဆောင်မှု​ရှိသမျှ​သည်​လည်း ညစ်ပေ​သော​အဝတ်​နှင့်​တူ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် သစ်ရွက်​ကဲ့သို့​ညှိုးနွမ်း​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​သည်​လည်း လေ​ကဲ့သို့ အကျွန်ုပ်​တို့​ကို တိုက်ချ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံမှ မျက်နှာ​တော်​ကို​လွှဲ​၍ ဒုစရိုက်​လက်​ထဲ၌ အကျွန်ုပ်​တို့​ကို နစ်မွန်း​စေ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​၊ မိမိ​စိတ်​ကို နှိုးဆော်​၍ ကိုယ်တော်​ကို ဖက်တွယ်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။