ဟေရှာယ 43:22-25
ဟေရှာယ 43:22-25 Judson Bible (JBMLE)
သို့သော်လည်း၊ အို ယာကုပ်အမျိုး၊ သင်သည် ငါ့ကိုပတ္ထနာမပြု။ အို ဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။ မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့မဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။ သင်သည် မွှေးသောကြံကို ငါ့ဖို့ ငွေနှင့်မဝယ်။ ပူဇော်သောယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာမကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီတကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။ ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။
ဟေရှာယ 43:22-25 Common Language Bible (BCL)
ထာဝရဘုရားက ``သင်တို့ဝတ်ပြုကိုးကွယ်ခြင်းကိုခံရသူမှာ ငါမဟုတ်။ အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ့ကို ဝတ်ပြုကိုးကွယ်ရန်ငြီးငွေ့လျက်ရှိကြ၏။ သင်တို့သည်မိမိတို့မီးရှို့ပူဇော်ရာသိုးများကို ငါ့ထံသို့မယူဆောင်ခဲ့ကြ။ သင်တို့၏ယဇ်များဖြင့်ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူမှာလည်းငါမဟုတ်။ ငါသည်ပူဇော်သကာများကိုတောင်းဆိုခြင်း အားဖြင့် သင်တို့အားဝန်မလေးစေပါ။ မွှေးကြိုင်သောနံ့သာပေါင်းကို တောင်းဆိုခြင်းအားဖြင့်လည်းသင်တို့စိတ်ကို မငြီးငွေ့စေပါ။ သင်တို့သည်ငါ့အားပူဇော်ရန်နံ့သာပေါင်းကို မဝယ်ကြ။ ယဇ်ကောင်ဆီဥနှင့်လည်းငါ့အားမရောင့်ရဲစေကြ။ ယင်းသို့ပြုမည့်အစားသင်တို့သည်မိမိတို့ အပြစ်များဖြင့်ငါ့ကိုဝန်လေးစေကြ၏။ မိမိတို့ပြုသည့်အမှားများဖြင့်ငါ့ကို ငြီးငွေ့စေကြလေပြီ။ သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။
ဟေရှာယ 43:22-25 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော်လည်း အို ယာကုပ်အမျိုး၊ သင်သည် ငါ့ကိုမခေါ်။ အို အစ္စရေးလူမျိုး၊ သင်သည် ငါ့ကိုငြီးငွေ့လေပြီ။ သင်သည် မီးရှို့ရာယဇ်အတွက် သိုးကို ငါ့ထံသို့မယူဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းခြင်းမပြု။ ငါသည် ပူဇော်သက္ကာအားဖြင့် သင့်ကို ဝန်လေးစေသည်မဟုတ်။ လော်ဗန်အားဖြင့်လည်း သင့်ကို ပင်ပန်းစေခဲ့သည်မဟုတ်။ သင်သည် ခါနဲကို ငါ့အတွက် ငွေဖြင့်မဝယ်။ သင့်ယဇ်ကောင်တို့၏အဆီနှင့် ငါ့အား ကျေနပ်အားရမှုကိုမဖြစ်စေ။ သင့်အပြစ်များဖြင့် ငါ့ကိုဝန်လေးစေ၏။ သင့်ဒုစရိုက်များဖြင့် ငါ့ကိုပင်ပန်းစေ၏။ ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။