YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 42:17-25

ဟေရှာယ 42:17-25 Judson Bible (JBMLE)

ရုပ်​တု​ဆင်း​တု​ကို ခို​လှုံ၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏​ဟု သွန်း​သော ရုပ်​တု​တို့​အား ဆို​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍၊ အ​လွန် အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ နား​ပင်း​သော​သူ​တို့၊ ကြား​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့၊ သင်​တို့​သည် မြင်​ရ​အံ့​သော​ငှာ ကြည့်​ရှု​ကြ​လော့။ ငါ့​ကျွန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကန်း​သ​နည်း။ ငါ​စေ​လွှတ်​သော​တ​မန်​ကဲ့​သို့ အ​ဘယ်​သူ​သည် နား​ပင်း​သ​နည်း။ ငါ့​မိတ်​ဆွေ​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။ သင်​သည် များ​စွာ​မြင်​သော်​လည်း အာ​ရုံ​မ​ပြု​တတ်။ နား​ပွင့်​လျက်​ရှိ​သော်​လည်း မ​ကြား​တတ်။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကြောင့် အား​ရ​နှစ်​သက်​သ​ဖြင့်၊ တ​ရား​တော်​ကို ချီး​မြှောက်၍ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည်။ ဤ​လူ​မျိုး​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သော​အ​မျိုး ဖြစ်၏။ ရှိ​သ​မျှ​တို့​သည် တွင်း၌​အ​ချုပ်​ခံ​ရ၍၊ ထောင်​ထဲ​မှာ ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ဖျက်​ဆီး​ရာ​ဖြစ်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ။ လု​ယူ​ရာ​ဖြစ်​သော​အ​ခါ၊ ပြန်​ပေး​လော့​ဟု အ​ဘယ်​သူ​မျှ​မ​ဆို။ သင်​တို့​တွင် အ​ဘယ်​သူ​သည် ဤ​စ​ကား​ကို နား​ထောင်​မည်​နည်း။ နောင်​ကာ​လ​ဖို့ အ​ဘယ်​သူ​ကြား၍ မှတ်​မည်​နည်း။ လု​ယူ​ရာ​ဖြစ်​စေ​ခြင်း​ငှာ ယာ​ကုပ်​ကို​လည်း​ကောင်း၊ ဓား​ပြ​တို့​လက်​သို့ ဣ​သ​ရေ​လ​ကို​လည်း​ကောင်း အ​ဘယ်​သူ​အပ်​သ​နည်း။ ငါ​တို့​ပြစ်​မှား​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သည် မ​ဟုတ်​လော။ သူ​တို့​သည် နောက်​တော်​သို့​မ​လိုက်၊ တ​ရား​တော်​ကို မ​ကျင့်​ဘဲ နေ​ကြ၏။ ထို​ကြောင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ထွက်​ခြင်း ကြမ်း​တမ်း​သော စစ်​တိုက်​ခြင်း​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​ပတ်​လည်၌ မီး​ရှို့၏။ သို့​သော်​လည်း၊ သူ​တို့​သည် မ​သိ​ကြ။ မီး​လောင်​သော်​လည်း၊ သ​တိ​မ​ထား​ဘဲ​နေ​ကြ၏။

ဟေရှာယ 42:17-25 Common Language Bible (BCL)

ရုပ်​တု​များ​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့​သည် လည်း​ကောင်း၊ ရုပ်​တု​များ​ကို​မိ​မိ​တို့​၏​ဘု​ရား​ဟု​ခေါ်​ဝေါ်​ကြ သူ​တို့​သည်​လည်း​ကောင်း ရှုတ်​ချခြင်း​ကို​ခံ​ရ​၍​အ​သ​ရေ​ပျက်​ကြ​လိမ့် မည်။'' ထာ​ဝ​ရ​ဘု​ရား​က ``အ​ချင်း​နား​ဆွံ့​သူ​တို့​နား​ထောင်​ကြ​လော့။ အ​ချင်း​မျက်​မ​မြင်​တို့​သေ​ချာ​စွာ​ကြည့်​ကြ​လော့။ ငါ​၏​အ​စေ​ခံ​ထက်​ပို​၍​မျက်​စိ​ကန်း​သူ၊ ငါ​စေ​လွှတ်​လိုက်​သည့်​တ​မန်​တော်​ထက်​ပို​၍ နား​ဆွံ့​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​သင်​တို့​သည် တွေ့​မြင်​ရ​မှု​များ​သော်​လည်း၊ ထို​အ​မှု​တို့​သည်​သင်​တို့​အ​တွက်​အ​ဘယ်​သို့ အ​ဋ္ဌိ​ပ္ပါယ်​ရှိ​သ​နည်း။ သင်​တို့​တွင်​ကြား​တတ်​သော​နား​များ​ရှိ​သော်​လည်း အ​ဘယ်​အ​ရာ​ကို​သင်​တို့​အ​မှန်​တ​ကယ် ကြား​ကြ​လေ​ပြီ​နည်း'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ကယ်​တင်​ရန်​စိတ်​စော လျက်​နေ​သည့် ဘု​ရား​သ​ခင်​ဖြစ်​၍၊ ကိုယ်​တော်​သည်​မိ​မိ​၏​တ​ရား​တော်​ကို ရို​သေ​လေး​စား​ကြ​ရန်​အ​လို​ရှိ​တော်​မူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ကိုယ်​တော်​၏​လူ​စု​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​အ​ကျဉ်း​ထောင်​အ​မှောင်​ခန်း​များ​တွင် သော့​ခတ်​၍​ဝှက်​ထား​ကြ​၏။ ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဘဲ သူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​လေ​သည်။ သင်​တို့​အ​ထဲ​မှ​အ​ဘယ်​သူ​သည်​ဤ​စ​ကား​ကို နား​ထောင်​ပါ​မည်​နည်း။ သင်​တို့​သည်​ယ​ခု​အ​ချိန်​မှ​စ​၍​သေ​ချာ​စွာ နား​ထောင်​ကြ​မည်​လော။ အ​ဘယ်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊ တိုက်​ခိုက်​လု​ယက်​သူ​တို့​လက်​သို့​အပ်​နှံ​ပါ သ​နည်း။ ထို​သူ​ကား​ငါ​တို့​ပြစ်​မှား​ကြ​သည့်​ထာ​ဝ​ရ ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သ​ကဲ့​သို့ မ​နေ​မ​ထိုင်​ကြ။ ကိုယ်​တော်​ပေး​တော်​မူ​သည့်​သြ​ဝါ​ဒ​တော်​တို့​ကို​လည်း မ​လိုက်​လျှောက်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ​တို့​အား​မိ​မိ​၏ အ​မျက်​တော်​အ​ရှိန်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သော​စစ်​မက်​အန္တ​ရာယ်​ကို​လည်း​ကောင်း ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​တွင် တောက်​လောင်​လျက်​ရှိ​၏။ သို့​ရာ​တွင်​အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​နေ သည်​ကို ငါ​တို့​မ​သိ​ကြ။ ငါ​တို့​သည်​ထို​အ​မှု​အ​ရာ​မှ​အ​ဘယ် သင်​ခန်း​စာ​ကို​မျှ​မ​ရ​ကြ။

ဟေရှာယ 42:17-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရုပ်တုဆင်းတု​ကို ကိုးစား​လျက် ရုပ်တု​အား “​အရှင်​သည် အကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​သော​သူ​တို့​သည် နောက်ပြန်ဆုတ်​၍ အရှက်တကွဲ​အကျိုးနည်း​ဖြစ်​ရ​ကြ​လိမ့်မည်​။ နားမကြား​သူ​တို့​၊ နားထောင်​ကြ​လော့​။ မျက်မမြင်​သူ​တို့​၊ မြင်​အောင် ကြည့်​ကြ​လော့​။ ငါ့​အစေအပါး​မှတစ်ပါး မည်သူ​မျက်စိကန်း​သနည်း​။ ငါ​စေလွှတ်​သော​ငါ့​စေတမန်​ကဲ့သို့ မည်သူ​နားပင်း​သနည်း​။ ငါ့​မိတ်ဆွေ​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။ ထာဝရဘုရား​၏​အစေအပါး​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။ သင်​သည် အမှုအရာ​များစွာ​ကို မြင်တွေ့​သော်လည်း အလေး​မ​ထား​။ နား​ပွင့်​နေ​သော်လည်း မ​ကြား​။ ထာဝရဘုရား​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​အတွက် ကျေနပ်အားရ​တော်မူ​၏​။ ကိုယ်တော်​သည် ပညတ်တရား​ကို ကြီးမြတ်​စေ​တော်မူ​၏​။ အထွတ်အမြတ်​ဖြစ်စေ​တော်မူ​၏​။ ဤ​လူမျိုး​သည် သိမ်းသွား​ခြင်း​ခံရ​၏​။ တိုက်ခိုက်လုယက်​ခြင်း​ခံရ​၏​။ သူ​တို့​အားလုံး​သည် တွင်း​ထဲ၌ ထောင်ချောက်​မိ​၏​။ ထောင်​ထဲတွင် လှောင်​ထား​ခြင်း​ခံရ​၏​။ သူ​တို့​သည် သားကောင်​ကဲ့သို့​ဖြစ်​၍ ကယ်နုတ်​မည့်​သူ​မ​ရှိ​။ လုယက်ပစ္စည်း​ဖြစ်၍ “​ပြန်ပေး​လော့​”​ဟု ပြော​မည့်​သူ​မ​ရှိ​။ သင်​တို့​တွင် မည်သူ​သည် ဤ​အကြောင်းအရာ​ကို စူးစိုက်​နားထောင်​မည်နည်း​။ နောင်ကာလ​တွင် မည်သူ​သည် အာရုံစိုက်​နားထောင်​၍ ကြား​လိမ့်​မည်နည်း​။ ယာကုပ်​အမျိုး​ကို လုယက်သူ​လက်​သို့ မည်သူ​အပ်​သနည်း​။ အစ္စရေး​လူမျိုး​ကို လုယူ​သူ​တို့​လက်​သို့ မည်သူ​အပ်​သနည်း​။ ငါ​တို့​ပြစ်မှား​ခဲ့​သော ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ သူ​တို့​သည် ကိုယ်တော်​၏​လမ်း​၌ မ​လျှောက်​လို​ကြ​။ ကိုယ်တော်​၏​ပညတ်တရားတော်​ကို​လည်း မ​နာခံ​ကြ​။ ထို့ကြောင့် ကိုယ်တော်​သည် ပြင်းစွာ​သော​အမျက်​တော်​၊ ပြင်းထန်​သော​စစ်ပွဲ​ကို သူ​တို့​အပေါ် ကျရောက်​စေ​တော်မူ​သဖြင့် သူ​တို့​ပတ်လည်​၌ မီး​တောက်လောင်​သော်လည်း သူ​တို့​မ​သိမှတ်​ကြ​။ သူ​တို့​ကို​မီးလောင်ကျွမ်း​သော်လည်း သူ​တို့​နှလုံး​မ​သွင်း​ကြ​။