YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 38:18-20

ဟေရှာယ 38:18-20 Judson Bible (JBMLE)

အ​ကယ်​စင်​စစ် မ​ရ​ဏ​နိုင်​ငံ​သည် ဂုဏ်​တော်​ကို မ​ချီး​မွမ်း​ရ​ပါ။ သေ​နေ​သော​သူ​သည် ဂုဏ်​တော်​ကို ထော​မ​နာ​သီ​ချင်း​မ​ဆို​ရ​ပါ။ တွင်း​ထဲ​သို့ ဆင်း​သော​သူ​သည် သ​စ္စာ​တော်​ကို မ​မျှော်​လင့်​ရ​ပါ။ အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကယ်​တင်​တော်​မူ​ပြီ။ ထို​ကြောင့်၊ ငါ​တို့​သည် တစ်​သက်​လုံး ဗိ​မာန်​တော်၌ စောင်း​တီး၍ သီ​ချင်း​ဆို​ကြ​လိမ့်​သ​တည်း။

ဟေရှာယ 38:18-20 Common Language Bible (BCL)

မ​ရ​ဏ​နိုင်​ငံ​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​မ​ပြု​နိုင်​ပါ။ သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ယုံ​ကြည်​ကိုး​စား​နိုင်​စွမ်း​မ​ရှိ​ပါ။ ယ​ခု​ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး ထော​မ​နာ​ပြု​သ​ကဲ့​သို့၊ အ​သက်​ရှင်​သူ​များ​သာ​လျှင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​၏။ ဖ​ခင်​တို့​သည်​သား​သမီး​များ​အား​ကိုယ်​တော် ရှင်​၏ သစ္စာ​တော်​အ​ကြောင်း​ကို​ပြော​ကြား​ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​စောင်း​များ​ကို​တီး​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ သီ​ချင်း​ဆို​ပါ​မည်။ မိ​မိ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​ထော​မ​နာ ပြု​၍ သီ​ချင်း​ဆို​ပါ​မည်။

ဟေရှာယ 38:18-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မရဏာနိုင်ငံ​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​ကို မ​ချီးမွမ်း​နိုင်​ပါ​။ သေ​ခြင်း​သည် ကိုယ်တော်​၏​ဂုဏ်တော်​ကို မ​ချီးမွမ်း​နိုင်​ပါ​။ တွင်း​ထဲသို့​ဆင်းသွား​သော​သူ​တို့​သည် ကိုယ်တော်​၏​သစ္စာ​တော်​ကို မ​မျှော်လင့်​နိုင်​ကြ​ပါ​။ ယနေ့ ကိုယ်တော်​၏​ကျေးဇူး​တော်​ကို အကျွန်ုပ်​ချီးမွမ်း​သကဲ့သို့ အသက်ရှင်​သော​သူ​သာလျှင် ပြု​နိုင်​ပါ​၏​။ ဖခင်​သည် သားသမီး​တို့​အား ကိုယ်တော်​၏​သစ္စာ​တော်​ကို သိ​စေ​ပါ​၏​။ ထာဝရဘုရား​သည် ငါ့​ကို​ကယ်တင်​တော်မူ​မည်​။ ငါ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​တွင် ကြိုးတပ်​တူရိယာ​များ​ကို​တီးခတ်​ကြ​ပါ​မည်​ဟု ငါ​ဆို​၏​”​ဟူ၍ ဖြစ်​၏​။