YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 9:1-9

ဟောရှေ 9:1-9 Judson Bible (JBMLE)

အို ဣ​သ​ရေ​လ​အ​မျိုး၊ တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့ ဝမ်း​မြောက်​ရွှင်​မြူး​သော​စိတ်​ရှိ၍ မ​ခုန်​နှင့်။ ကိုယ်​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်၊ အ​ခြား​သော​ဘု​ရား​နှင့် မှား​ယွင်း​ပြီ။ ကောက်​နယ်​တ​လင်း​ရှိ​သ​မျှ​တို့၌ မှား​ယွင်း​ခ​ကို နှစ်​သက်​တတ်၏။ ကောက်​နယ်​တ​လင်း​အား​ဖြင့် အ​သက်​မ​မွေး​ရ။ စ​ပျစ်​သီး​နယ်​ရာ ကျင်း​အား​ဖြင့်​လည်း အ​သက်​မ​မွေး​ရ။ စ​ပျစ်​ရည်​သစ်​လည်း သူ​တို့ မျှော်​လင့်​သည်​အ​တိုင်း မ​ထွက်​ရ။ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​မြေ​တော်၌​မ​နေ​ရ​ဘဲ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား၍၊ အာ​ရှု​ရိ​ပြည်၌ မ​စင်​ကြယ်​သော​အ​စာ​ကို စား​ရ​ကြ​မည်။ စ​ပျစ်​ရည်​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား မ​ပြု​ရ​ကြ။ ပူ​ဇော်​သော​ယဇ်​တို့​ကို နှစ်​သက်​တော်​မ​မူ​ရ။ ထို​ယဇ်​အ​သား​သည် မ​သာ​လိုက်၍ ငို​ကြွေး​မြည်​တမ်း​သော သူ​တို့၏​အ​စာ​ကဲ့​သို့​ဖြစ်၍၊ စား​သော​သူ​အ​ပေါင်း​တို့​သည် ညစ်​ညူး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့​အ​စာ​ကို ကိုယ်​တိုင်​စား​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ မ​သွင်း​စေ​နှင့်။ ဓ​မ္မ​ပွဲ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဆောင်​သော ပွဲ​နေ့​တို့၌ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​နည်း။ ပျက်​စီး​ရာ​ထဲ​က သူ​တို့​သည် ထွက်​သွား​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၌​စု၍ မင်​ဖိ​မြို့၌ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ငွေ​တန်​ဆာ​ဆင်​သော နေ​ရာ​ဘုံ​ဗိ​မာန်​များ​ကို ဆူး​အ​မျိုး​မျိုး​တို့​သည် လွှမ်း​မိုး​ကြ​လိမ့်​မည်။ စစ်​ကြော​ရ​သော အ​ချိန်​ရောက်​လေ​ပြီ။ အ​ပြစ်​ပေး​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး သိ​ရ​လိမ့်​မည်။ ပ​ရော​ဖက်​သည် အ​မိုက်​ဖြစ်၏။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ခံ​သော​သူ​သည် အ​ရူး​ဖြစ်၏။ သင်၌ အ​ပြစ်​ကြီး​သည်​အ​တိုင်း ကြီး​စွာ​သော ဖျက်​ဆီး​ခြင်း​ကို ခံ​ရ၏။ ဧ​ဖ​ရိမ်​ကင်း​စောင့်​သည် မိ​မိ​ဘု​ရား​ဘက်​မှာ နေ၏။ ပ​ရော​ဖက်​သည် ပြု​လေ​သ​မျှ​တို့၌ မု​ဆိုး​ကျော့​ကွင်း ဖြစ်၏။ သူ၏​ဘု​ရား​အိမ်​တွင် ဘေး​ပြု​သော​သူ ဖြစ်၏။ ဂိ​ဗာ​မြို့ လက်​ထက်​ကဲ့​သို့ သူ​တို့​သည် ကိုယ်​ကို အ​လွန်​ညစ်​ညူး​စေ​ကြ​ပြီ။ သူ​တို့​အ​ပြစ်​ကို အောက်​မေ့၍ ဒု​စ​ရိုက်​များ​ကို စစ်​ကြော​တော်​မူ​မည်။

ဟောရှေ 9:1-9 Common Language Bible (BCL)

ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​ခြား​သော​လူ မျိုး​များ​ကဲ့​သို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ ကျင်း​ပ​ကြ​နှင့်။ သင်​တို့​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ကြ​ပြီ။ သင် တို့​သည်​တိုင်း​ပြည်​တစ်​ဝှမ်း​လုံး​တွင် မိ​မိ ကိုယ်​ကို​ပြည့်​တန်​ဆာ​အ​ဖြစ်​ဗာ​လ​ဘု​ရား ထံ​ရောင်း​စား​ကြ​ပြီ။ သီး​ထွက်​ကောင်း​မှု များ​သည်​ဗာ​လ​ဘု​ရား​ကြောင့်​ရ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​သည်။- သို့​ရာ​တွင်​မ​ကြာ​မီ​သင်​တို့​တွင်​ဆန်​စ​ပါး၊ သံ​လွင်​ဆီ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သုံး ခွင့်​ရ​တော့​မည်​မ​ဟုတ်။- ဧ​ဖ​ရိမ်​ပြည်​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပြည်​တွင်​မ​နေ​ရ​တော့​ဘဲ​အီ​ဂျစ်​ပြည် သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ​ပြည်​တွင်​လည်း တား​မြစ်​ထား​သော​အ​စား​အ​စာ​ကို​စား ကြ​ရ​မည်။- ထို​နိုင်​ငံ​များ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ ယဇ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော်​နိုင် လိမ့်​မည်​မ​ဟုတ်။ သူ​တို့​စား​သော​အ​စား​အ​စာ သည်​အ​သု​ဘ​အိမ်​မှ​ကျွေး​သော​အ​စား​အ​စာ ကဲ့​သို့​စား​သူ​တိုင်း​အား​ညစ်​ညမ်း​စေ​မည်။ သူ တို့​သည်​အ​ဆာ​ပြေ​ရန်​ထို​အ​စား​အ​စာ​ကို စား​ရ​မည်။ ထို​အ​စား​အ​စာ​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​မ​ယူ​ဆောင်​သွား​ရ။- သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရန်​သတ်​မှတ်​ထား​သည့်​ပွဲ​တော်​နေ့ ကြီး​များ​ကျ​ရောက်​သည့်​အ​ခါ​မည်​ကဲ့​သို့ ဆင်​ယင်​ကျင်း​ပ​ကြ​မည်​နည်း။- ဘေး​ဒုက္ခ​ဆိုက်​ရောက်​၍​သူ​တို့​သည်​အ​ရပ်​ရပ် သို့​ရောက်​ရှိ​ကြ​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​စု​သိမ်း​၍ မင်​ဖိ​မြို့ တွင်​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သူ​တို့​၏​ငွေ​ရ​တ​နာ နှင့်​သူ​တို့​၏​နေ​အိမ်​ဟောင်း​ရှိ​ရာ​အ​ရပ်​တို့ သည် ပေါင်း​ပင်​နှင့်​ဆူး​ပင်​များ​ဖုံး​အုပ်​လျက် ရှိ​လိမ့်​မည်။ ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို​သူ​တို့​ခံ​ရ မည့်​အ​ချိန်​ရောက်​လာ​ပြီ။ ထို​အ​ချိန်​ရောက် လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သား​တို့ သိ​ကြ​လိမ့်​မည်။ သင်​တို့​က``ဤ​ပ​ရော​ဖက် သည်​သူ​ရူး​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သက်​ရောက် သူ​သည်​စိတ်​မ​နှံ့​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ သင်​တို့​သည်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​သော​ကြောင့်​ငါ့​ကို​အ​လွန်​မုန်း တီး​ကြ​၏။- ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​တို့​ကို​သ​တိ ပေး​ရန် ငါ့​အား​ပ​ရော​ဖက်​အ​ဖြစ်​စေ​လွှတ် တော်​မူ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​သွား လေ​ရာ​အ​ရပ်​၌​ငှက်​ကို​ကျော့​ကွင်း​ထောင် ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ကြ​၏။ ဘု​ရား​သ​ခင်​၏​ပြည်​တော်​၌​ပင်​လူ​တို့​သည် ပ​ရော​ဖက်​များ​၏​ရန်​သူ​များ​ဖြစ်​ကြ​၏။- သူ​တို့​သည်​ဂိ​ဗာ​မြို့​မှာ​ကဲ့​သို့​အ​လွန် ဆိုး​ရွား​သော​အ​ပြစ်​ကို​ကူး​လွန်​လျက် ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဒု​စ​ရိုက်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ၍​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။

ဟောရှေ 9:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို အစ္စရေး​၊ လူမျိုးခြား​တို့​ကဲ့သို့ မ​ရွှင်လန်း​၊ မ​ဝမ်းမြောက်​နှင့်​။ သင်​တို့​သည် ဖောက်ပြန်မှားယွင်း​ကြ​ပြီ​။ ဘုရားသခင်​ကို စွန့်ပစ်​ကြ​ပြီ​။ ကောက်နယ်တလင်း​ရှိသမျှ​တို့​တွင် ပြည့်တန်ဆာ​လုပ်​၍​ရ​သော​အခ​ကို နှစ်သက်​လေ​ပြီ​။ ကောက်နယ်တလင်း​များ​၊ စပျစ်သီးနယ်ရာကျင်း​များ​သည် သူ​တို့​ကို ကျွေးမွေး​မည်​မ​ဟုတ်​။ စပျစ်ဝိုင်​အသစ်​သည်​လည်း သူ​တို့​အဖို့ လုံလောက်​မည်​မ​ဟုတ်​။ သူ​တို့​သည် ထာဝရဘုရား​၏​ပြည်​တွင် နေ​ရ​တော့​မည်​မ​ဟုတ်​။ ဧဖရိမ်​သည် အီဂျစ်​ပြည်​သို့​ပြန်သွား​ရ​လိမ့်မည်​။ အဆီးရီးယား​ပြည်​တွင် မစင်ကြယ်​သော​အစာ​ကို စား​ရ​လိမ့်မည်​။ သူ​တို့​သည် စပျစ်ဝိုင်​ကို ထာဝရဘုရား​ထံ သွန်းလောင်း​ပူဇော်​ရ​မည်​မ​ဟုတ်​။ သူ​တို့​၏​ပူဇော်သက္ကာ​တို့​ကို​လည်း ကိုယ်တော်​လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ထို​ပူဇော်သက္ကာ​သည် သူ​တို့​အဖို့ အသုဘ​အစာ​ကဲ့သို့ ဖြစ်​၏​။ စား​သော​သူ​အားလုံး ညစ်ညူး​ခြင်း​သို့ ရောက်​လိမ့်မည်​။ အကယ်စင်စစ် ထို​အစာ​သည် သူ​တို့​စား​ဖို့​သာ ဖြစ်​၏​။ ထာဝရဘုရား​အိမ်​တော်​သို့ မ​ယူဆောင်​လာ​ရ​။ သတ်မှတ်​ထား​သော​ပွဲတော်​နေ့​၊ ထာဝရဘုရား​အဖို့​ပွဲတော်​နေ့​တွင် သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။ ပျက်စီး​ခြင်း​ဘေး​ကြောင့် သူ​တို့​ထွက်ပြေး​သော်လည်း အီဂျစ်​ပြည်​သည် သူ​တို့​ကို​စုသိမ်း​လိမ့်မည်​။ မင်ဖိ​မြို့​သည် သူ​တို့​ကို​သင်္ဂြိုဟ်​လိမ့်မည်​။ သူ​တို့​တန်ဖိုး​ထား​သော​ငွေ​တို့​ကို ဖက်ယားပင် ဖုံးလွှမ်း​သွား​လိမ့်မည်​။ သူ​တို့​၏​တဲ​များ​ကို​လည်း ဆူးပင်​ဖုံးလွှမ်း​သွား​လိမ့်မည်​။ စစ်ကြော​ရာ​နေ့ ရောက်လာ​ပြီ​။ ဒဏ်ပေး​ရာ​နေ့ ရောက်လာ​ပြီ​။ ဤ​အကြောင်း​ကို အစ္စရေး​အား သိ​စေ​လော့​။ သင်​တို့​သည် အပြစ်​ကြီး​ပြီး မုန်းတီးစိတ်​ပြင်းထန်​လွန်း​သောကြောင့် ပရောဖက်​တို့​လည်း ဆိုးမိုက်​ရ​လေ​ပြီ​။ ဝိညာဉ်​လူ​တို့​လည်း ရူးသွပ်​ရ​လေ​ပြီ​။ ဧဖရိမ်​၏​ကင်းစောင့်​သည် ဘုရားသခင်​နှင့်အတူ​ရှိ​၏​။ သို့သော် ပရောဖက်​သွား​ရာ​လမ်း​တစ်လျှောက်လုံး​တွင် မုဆိုး​ကျော့ကွင်း​ရှိ​၏​။ ဘုရားသခင်​၏​အိမ်​တော်​တွင်​လည်း မုန်းတီး​ခြင်း​များ ရှိ​၏​။ သူ​တို့​သည် ဂိဗာ​မြို့သား​တို့​လက်ထက်​က​ကဲ့သို့ အလွန်​အကျင့်ပျက်ပြား​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​များ​ကို ဒဏ်ခတ်​တော်မူ​မည်​။