YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 14:1-9

ဟောရှေ 14:1-9 Judson Bible (JBMLE)

အို ဣ​သ​ရေ​လ၊ သင်​သည် ကိုယ်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် အ​ကျိုး​နည်း​ရှိ​သော​ကြောင့် သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လော့။ ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။ အာ​ရှု​ရိ​မင်း​သည် အ​ကျွန်ုပ်​တို့​ကို မ​ကယ်​တင်​ရ။ အ​ကျွန်ုပ်​တို့​သည် မြင်း​စီး​သူ​ရဲ​မ​လုပ်​ပါ။ ကိုယ်​လက်​ဖြင့် လုပ်​သော​အ​ရာ​တို့​အား၊ ကိုယ်​တော်​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ပါ၏​ဟု နောက်​တစ်​ဖန်​မ​ဆို​ပါ။ အ​ကြောင်း​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ၌ က​ရု​ဏာ​ကျေး​ဇူး​ကို ခံ​တတ်​ကြ​ပါ၏​ဟု လျှောက်​ကြ​လော့။ ငါ​သည် အ​မျက်​ပြေ​သော​ကြောင့် သူ​တို့​ဖောက်​ပြန်​ခြင်း​ကို ပြု​ပြင်​မည်။ ကိုယ်​အ​လို​အ​လျောက် စုံ​မက်​မည်။ ငါ​သည် နှင်း​ကဲ့​သို့ ဣ​သ​ရေ​လ​အ​ပေါ်​မှာ နေ​မည်။ သူ​သည် နှင်း​ပွင့်​ကဲ့​သို့ ပွင့်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ အ​မြစ်​စွဲ​လိမ့်​မည်။ အ​ညွန့်​တို့​သည် ပြန့်​ပွား၍၊ သံ​လွင်​ပင်​ကဲ့​သို့ အ​သ​ရေ တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ မွှေး​ကြိုင်​လိမ့်​မည်။ ထို​အ​ပင်၏ အ​ရိပ်​အောက်၌​နေ​သော​သူ​တို့​သည် အ​သစ်​ပြု​ပြင်​ခြင်း​ရှိ၍ စ​ပါး​ကို ပြု​စု​ကြ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ တိုး​ပွား၍ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့ ကျော်​စော​ကြ​လိမ့်​မည်။ ငါ​သည် နောက်​တစ်​ဖန် ရုပ်​တု​ဆင်း​တု​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​ရ​သ​နည်း​ဟု ဧ​ဖ​ရိမ်​သည် ပြော​လိမ့်​မည်။ သူ၏​စ​ကား​ကို​လည်း ငါ​နား​ထောင်၍ သူ့​ကို ကြည့်​ရှု​မည်။ စိမ်း​သော​ထင်း​ရှူး​ပင်​ကဲ့​သို့ ဖြစ်၍၊ သင်​သည် ငါ့​ကျေး​ဇူး​ကြောင့် အ​သီး​နှင့် ပြည့်​စုံ​လိမ့်​မည်။ အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို နား​လည်​လိမ့်​မည်။ အ​ဘယ်​သူ​သည် ဉာဏ်​ကောင်း​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​တို့​သည် ဖြောင့်​ကြ၏။ ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ထို​လမ်း​တို့၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ဟောရှေ 14:1-9 Common Language Bible (BCL)

ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​သည်​သင်​တို့​၏​အ​ပြစ်​ကြောင့် ခြေ​ချော်​၍​လဲ​ကြ​ပြီ။- ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ ကိုယ် တော်​ထံ​ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ဆက်​သ လျှောက်​ထား​လော့``အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​လွှတ်​၍၊ ကျေး​ဇူး​တော်​အား​ဖြင့်​အ​ကျွန်ုပ် တို့​အား​လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ပြု ထား​သော​က​တိ​အ​တိုင်း ကိုယ်​တော်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ပါ​မည်။- အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကျွန်ုပ်​တို့​ကို​မ ကယ်​နိုင်​ပါ။ စစ်​ရ​ထား​များ​သည်​အ​ကျွန်ုပ် တို့​ကို​မ​ကာ​ကွယ်​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​လက် ဖြင့်​လုပ်​သော​ရုပ်​တု​များ​ကို အ​ကျွန်ုပ်​တို့​၏ ဘု​ရား​ဟု​နောက်​တစ်​ဖန်​မ​ခေါ်​တော့​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ခို​ကိုး​ရာ မဲ့​သော​သူ​တို့​အား​ကြင်​နာ​သ​နား​တော် မူ​ပါ​၏။'' ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​ကို​ငါ့​ထံ​သို့ ပြန်​လာ​စေ​မည်။ ငါ​သည်​သူ​တို့​အား​အ​ကြွင်း​မဲ့​ချစ်​မည်။ သူ​တို့​အ​ပေါ်​၌​အ​မျက်​တော်​ပြေ​ပြီ။ မိုး​ရေ​သည်​ခြောက်​သွေ့​သော​မြေ​ကို​စို​ပြေ​စေ သ​ကဲ့​သို့ ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အား စို​ပြေ​ပွင့်​လန်း​စေ​မည်။ သူ​တို့​သည်​ပန်း​ပင်​ကဲ့​သို့​ဖူး​ပွင့်​ကြ​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​သစ်​ပင်​ကဲ့​သို့​အ​မြစ်​စွဲ​လိမ့်​မည်။ သူ​တို့​သည်​အ​ဖူး​အ​ညွှန့်​တို့​ဖြင့်​ဝေ​ဆာ​၍၊ သံ​လွင်​ပင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​ကဲ့​သို့ အ​နံ့​သင်း​ကြိုင်​လိမ့်​မည်။ တစ်​ဖန်​သူ​တို့​သည်​ငါ​၏​အ​ရိပ်​အာ​ဝါ​သ အောက်​တွင် နေ​ထိုင်​ရ​လိမ့်​မည်။ သူ​တို့​သည်​စ​ပါး​များ​ကို​စိုက်​ပျိုး​၍ စ​ပျစ်​ခြံ​ကဲ့​သို့​အ​သီး​လှိုင်​လိမ့်​မည်။ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့​ကျော်​ကြား​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​များ​နှင့် အ​ပြီး​အ​ပိုင်​အ​ဆက်​ဖြတ်​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား ညောင်း​၍ သူ​တို့​ကို​စောင့်​ရှောက်​မည်။ ငါ​သည်​အ​မြဲ​စိမ်း​လန်း​သော​အ​ပင်​ကဲ့​သို့ သူ​တို့​ကို​ကာ​ကွယ်​ထား​မည်။ ငါ​သည်​သူ​တို့​အ​တွက်​ကောင်း​ချီး​မင်္ဂ​လာ အ​ဖြာ​ဖြာ စီး​ဆင်း​ရာ​ဖြစ်​တော်​မူ​မည်။ ပ​ညာ​ဉာဏ်​ရှိ​သူ၊ ခွဲ​ခြား​ဝေ​ဖန်​နိုင်​သူ​တို့​သည် ဤ​ကျမ်း​တွင်​ရေး​ထား​သ​မျှ​တို့​ကို​သ​ဘော ပေါက်​နား​လည်​၍​မှတ်​သား​နိုင်​ကြ​စေ။ ထာ​ဝ​ရ ဘု​ရား​ချ​မှတ်​သော​နည်း​လမ်း​တို့​သည်​မှန်​ကန် သ​ဖြင့် ဖြောင့်​မတ်​သူ​တို့​သည်​ထို​နည်း​လမ်း​များ အ​တိုင်း​လိုက်​နာ​၍ အ​သက်​ရှင်​နေ​ထိုင်​ကြ​၏။ သို့​သော်​အ​ပြစ်​ကူး​သူ​တို့​မူ​ကား ထို​နည်း လမ်း​များ​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့်​ခြေ ချော်​၍​လဲ​ကျ​ကြ​သ​တည်း။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​သား​ထား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ဟောရှေ 14:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို အစ္စရေး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လှည့်​လော့​။ သင်​သည် သင်​၏​အပြစ်​ကြောင့် ခလုတ်တိုက်​လဲကျ​လေ​ပြီ​။ သင်​တို့​သည် ထာဝရဘုရား​ထံ​ပြန်လာ​၍ “​အပြစ်​ရှိသမျှ ခွင့်လွှတ်​တော်မူ​ပါ​။ ကောင်း​သော​အရာ​တို့​ကို လက်ခံ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် နွားထီး​ကို​ပူဇော်​သကဲ့သို့ နှုတ်​ဖြင့်​ချီးမွမ်း​ပါ​မည်​။ အဆီးရီယား​ပြည်​သည် အကျွန်ုပ်​တို့​ကို မ​ကယ်တင်​နိုင်​ပါ​။ အကျွန်ုပ်​တို့​သည် မြင်း​မ​စီး​တော့​ပါ​။ ကိုယ့်​လက်​ဖြင့်​လုပ်​သော​အရာ​တို့​ကို ‘​အကျွန်ုပ်​တို့​၏​ဘုရား​’​ဟု မ​ဆို​တော့​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် ဖတဆိုး​တို့​ကို သနားစုံမက်​တော်မူ​ပါ​၏​”​ဟု လျှောက်ဆို​လော့​။ “ငါ​သည် အမျက်ပြေ​ပြီ​ဖြစ်၍ သူ​တို့​လမ်းလွဲဖောက်ပြန်​သည်​များ​ကို ပြန်လည်​ပြုပြင်​ပေး​မည်​။ စေတနာစိတ်​ထက်သန်​သည့်​အလျောက် သူ​တို့​ကို ငါ​ချစ်​မည်​။ ငါ​သည် အစ္စရေး​အဖို့ နှင်းစက်​ကဲ့သို့ ဖြစ်​မည်​။ သူ​သည် နှင်းပန်း​ကဲ့သို့ ပွင့်လန်း​လိမ့်မည်​။ လက်ဘနွန်​သစ်ကတိုး​ကဲ့သို့ အမြစ်​စွဲ​လိမ့်မည်​။ သူ​သည် အညွန့်​ထွက်လာ​၍ သံလွင်ပင်​ကဲ့သို့ ကျက်သရေ​ရှိ​လိမ့်မည်​။ လက်ဘနွန်​သစ်ကတိုး​ကဲ့သို့ မွှေးကြိုင်​လိမ့်မည်​။ သူ​တို့​သည် ငါ့​အရိပ်​ကို ပြန်လည်​ခိုလှုံ​ကြ​လိမ့်မည်​။ ကောက်နှံပင်​များ​ကဲ့သို့ ဝေဆာ​၍ စပျစ်ပင်​များ​ကဲ့သို့ ပွင့်လန်း​ကြ​လိမ့်မည်​။ လက်ဘနွန်​စပျစ်ဝိုင်​ကဲ့သို့ ကျော်ကြား​လိမ့်မည်​။ ဧဖရိမ်​က ‘ငါ​သည် ရုပ်တု​တို့​နှင့် မည်သို့​ဆိုင်​သေး​သနည်း’​ဟု ဆို​လိမ့်မည်​။ ငါ​သည် သူ့​စကား​ကို​ကြား​၍ သူ့​ကို​ကြည့်ရှုစောင်မ​မည်​။ ငါ​သည် စိမ်းလန်း​သော​ထင်းရှူးပင်​ကဲ့သို့ ဖြစ်၍ သင်​တို့​သည် ငါ့​ထံမှ အသီး​ကို ရရှိ​လိမ့်မည်​။” မည်သူ​သည် ပညာရှိ​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို နားလည်​ပါစေ​။ မည်သူ​သည် ပိုင်းခြား​သိမြင်​နိုင်​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို သိနားလည်​ပါစေ​။ ထာဝရဘုရား​၏​နည်းလမ်း​တော်​သည် ဖြောင့်မတ်​သည်​ဖြစ်၍ ဖြောင့်မတ်​သော​သူ​တို့​သည် ထို​လမ်း​တော်​၌ လိုက်လျှောက်​ကြ​လိမ့်မည်​။ မတရား​သော​သူ​တို့​မူကား ထို​လမ်း​တော်​တွင် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။