ဟောရှေ 14:1-3
ဟောရှေ 14:1-3 Judson Bible (JBMLE)
အို ဣသရေလ၊ သင်သည် ကိုယ်ပြုသောဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့။ ပတ္ထနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ်တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကို ပူဇော်ပါမည်။ အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပါ၏ဟု နောက်တစ်ဖန်မဆိုပါ။ အကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ၏ဟု လျှောက်ကြလော့။
ဟောရှေ 14:1-3 Common Language Bible (BCL)
ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။- ထာဝရဘုရားထံတော်သို့ပြန်လာ၍ ကိုယ် တော်ထံဤဆုတောင်းပတ္ထနာကိုဆက်သ လျှောက်ထားလော့``အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်၍၊ ကျေးဇူးတော်အားဖြင့်အကျွန်ုပ် တို့အားလက်ခံတော်မူပါ။ အကျွန်ုပ်တို့ပြု ထားသောကတိအတိုင်း ကိုယ်တော်၏ဂုဏ် တော်ကိုချီးမွမ်းပါမည်။- အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''
ဟောရှေ 14:1-3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို အစ္စရေး၊ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လော့။ သင်သည် သင်၏အပြစ်ကြောင့် ခလုတ်တိုက်လဲကျလေပြီ။ သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။ အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။