YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 10:1-13

ဟောရှေ 10:1-13 Judson Bible (JBMLE)

ဣ​သ​ရေ​လ​သည် အ​သီး​များ​စွာ​သီး​သော စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ကိုယ်​အ​လို​အ​လျောက် သီး​တတ်၏။ အ​သီး​တိုး​ပွား​သည်​အ​တိုင်း အ​မျိုး​သား​တို့​သည် ယဇ်​ပ​လ္လင်​တို့​ကို များ​ပြား​စေ​ကြ၏။ သူ​တို့​ပြည်​ကောင်း​သည်​အ​တိုင်း ကောင်း​သော​ရုပ်​တု​ဆင်း​တု​တို့​ကို လုပ်​ကြ​သည်​တ​ကား။ သူ​တို့၌ စိတ်​နှစ်​ခွ​ရှိ၏။ ချက်​ချင်း အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို ကိုယ်​တော်​တိုင်​ဖြို​ချ၍၊ ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း ဖျက်​ဆီး​တော်​မူ​မည်။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​သော​ကြောင့် ရှင်​ဘု​ရင်​မ​ရှိ။ ရှင်​ဘု​ရင်​ရှိ​သော်​လည်း၊ ငါ​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​မည်​နည်း​ဟု ချက်​ချင်း​ဆို​ရ​ကြ​မည်။ သူ​တို့ ကျိန်​ဆို​သော​စ​ကား​သည် စ​ကား​သက်​သက်​ဖြစ်၍၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အ​ခါ မု​သား​စ​ကား​ကို​သာ ပြော​တတ်​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​အ​မှု​သည် လယ်​ကန်​ဆည်​ရိုး​ပေါ်​မှာ ဘင်း​ခါး​ပင်​ကဲ့​သို့ ပေါက်​ရ​လိမ့်​မည်။ ရှ​မာ​ရိ​မြို့​သား​တို့​သည် ဗေ​သ​ဝင်​နွား​သ​ငယ်​အ​ဖို့ ကြောက်​ကြ​လိမ့်​မည်။ ထို​နွား​သ​ငယ်၏ ဘုန်း​အ​တွက် သူ၏​တ​ကာ​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ရန်​သူ​တို့​သည် ထို​ဘုန်း​ကို လု​ယူ၍၊ နွား​သ​ငယ်​နှင့်​အ​တူ အာ​ရှု​ရိ​ပြည်​သို့ ယူ​သွား​ပြီး​လျှင်၊ ရှင်​ဘု​ရင်​ယာ​ရက်​အား ဆက်​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် အ​သ​ရေ​ပျက်၍ ဣ​သ​ရေ​လ​သည် မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှက်​ကြောက်​ရ​လိမ့်​မည်။ ရှ​မာ​ရိ​သည် ပျက်​ရ၏။ ရှ​မာ​ရိ​ရှင်​ဘု​ရင်​သည် ရေ​မြှုပ်​သက်​သက်​ဖြစ်၏။ ဣ​သ​ရေ​လ​ပြစ်​မှား​ရာ အာ​ဝင်​မြို့​ကုန်း​တို့​သည် ပြို​ကျ၍၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို လွှမ်း​မိုး​ကြ​လိမ့်​မည်။ မြို့​သား​တို့​က​လည်း၊ အို တောင်​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​အ​ပေါ်၌ ကျ​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။ ဂိ​ဗာ​မြို့​လက်​ထက်၌ အ​ပြစ်​ကြီး​သည်​ထက် ဣ​သ​ရေ​လ​သည် အ​ပြစ်​သာ၍ ကြီး၏။ ထို​မြို့၌ ရပ်​နေ​ကြ၏။ ဂိ​ဗာ​မြို့၌ အ​ဓ​မ္မ​လူ​တို့​ကို စစ်​တိုက်​သော​အ​ခါ မ​ရှုံး​ကြ။ ငါ​သည် ကိုယ်​အ​လို​အ​လျောက် သူ​တို့​ကို ဆုံး​မ​မည်။ သူ​တို့​အ​ပြစ်​နှစ်​ပါး​ကြောင့် ချည်​ထား​လျက်​ရှိ​သော​အ​ခါ၊ သူ​တို့​တစ်​ဖက်၌ လူ​များ စည်း​ဝေး​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် ယဉ်၍ စ​ပါး​ကို နင်း​ချင်​သော နွား​မ​ပျို​ဖြစ်​သော်​လည်း၊ ငါ​သည် ထမ်း​ပိုး​ကို ထမ်း​စေ​သ​ဖြင့်၊ ဧ​ဖ​ရိမ်​သည် က​ခြင်း​ကို​ခံ၍၊ ယု​ဒ​သည် ထွန်​လျက်၊ ယာ​ကုပ်​သည်​လည်း မြေ​စိုင်​ကို​ခွဲ​လျက် ရှိ​ရ​လိမ့်​မည်။ ကိုယ်​အ​ဖို့ ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ကို​ကြဲ၍၊ က​ရု​ဏာ​တော် အ​သီး​အ​နှံ​ကို ရိတ်​ကြ​လော့။ မ​လုပ်​သေး​သော လယ်​ကို ထွန်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြွ​လာ၍၊ သင်​တို့​အ​ပေါ်​သို့ ဖြောင့်​မတ်​ခြင်း​မိုး​ကို ရွာ​စေ​တော်​မ​မူ​မီ တိုင်​အောင်၊ ကိုယ်​တော်​ကို ရှာ​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ သင်​တို့​သည် ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​လို၍ လယ်​ထွန်​သော​ကြောင့်၊ အ​ပြစ်​စ​ပါး​ကို ရိတ်​ရ​ကြ၏။ မု​သား​အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကြံ​စည် ပြု​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်၌ များ​စွာ​သော သူ​ရဲ​တို့​ကို​လည်း​ကောင်း ကိုး​စား​တတ်၏။

ဟောရှေ 10:1-13 Common Language Bible (BCL)

ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​သီး​များ စွာ​သီး​သော​စ​ပျစ်​နွယ်​ပင်​နှင့်​တူ​၏။ သူ​တို့ သည်​စီး​ပွား​တိုး​တက်​လာ​သည်​နှင့်​အ​မျှ ယဇ်​ပလ္လင်​များ​စွာ​ကို​တည်​ဆောက်​ကြ​၏။ အ​သီး​အ​နှံ​ပေါ​များ​လာ​သည်​နှင့်​အ​မျှ သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ပို​၍​လှ​ပ​စွာ​တန်​ဆာ​ဆင်​ကြ​၏။- သူ​တို့​၏​စိတ်​နှ​လုံး​သည်​မ​စစ်​မှန်​သ​ဖြင့် ယ​ခု​ပင်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ၍​သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ဖျက်​ဆီး​တော်​မူ​မည်။ မ​ကြာ​မီ​၌​ပင်​ဤ​သူ​တို့​က``ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကြောက်​ရွံ့​သော​ကြောင့် ငါ​တို့​၌​ဘု​ရင်​မ​ရှိ၊ ဘု​ရင်​ရှိ​သည့်​တိုင် အောင်​သူ​သည်​ငါ​တို့​အ​တွက်​မည်​သို့​ဆောင် ရွက်​ပေး​နိုင်​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။- ရှင်​ဘု​ရင်​တို့​သည်​အ​ကျိုး​မဲ့​စကား​ကို​ပြော ၍​မ​မှန်​သော​က​တိ​ကို​ပေး​ကာ၊ အ​သုံး​မ​ကျ သော​သ​ဘော​တူ​ညီ​ချက်​များ​ရ​ယူ​ကြ​၏။ က​တိ​သစ္စာ​မ​တည်​ကြ၊ ထွန်​ယက်​ထား​သော လယ်​တွင်​အ​ဆိပ်​ပင်​ပေါက်​ပွား​သ​ကဲ့​သို့ တိုင်း ပြည်​တွင်​တ​ရား​မျှ​တ​မှု​အ​စား​မ​တ​ရား မှု​ကြီး​စိုး​လျက်​ရှိ​၏။ ရှ​မာ​ရိ​မြို့​သား​တို့​သည်​ဗေ​သ​ဝင်​မြို့​တွင် ရှိ​သော​ရွှေ​နွား​ရုပ်​ဆုံး​ရှုံး​ရ​သ​ဖြင့် ကြောက်​ရွံ့ ၍​ငို​ကြွေး​မြည်​တမ်း​လိမ့်​မည်။ ထို​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ရွှေ​နွား​ရုပ်​အ​တွက်​ငို​ကြွေး​ကြ လိမ့်​မည်။ ထို​ရွှေ​ရုပ်​တု​၏​ဘုန်း​တန်​ခိုး​ကွယ် ပျောက်​၍​တိုင်း​တစ်​ပါး​သို့​ယူ​ဆောင်​သွား ခြင်း​ခံ​ရ​သော​အ​ခါ သူ​တို့​သည်​မြည် တမ်း​ကြ​လိမ့်​မည်။- ထို​ရုပ်​တု​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကြီး အား​ဆက်​သ​ရန်​ထို​ပြည်​သို့​ယူ​ဆောင်​သွား ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ဤ​ရုပ်​တု​ကို​ယုံ​ကြည်​ကိုး​စား​မိ​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။- သူ​တို့​၏​ဘု​ရင်​သည် ရေ​ထဲ​တွင်​မျော​ပါ​သွား သော​သစ်​စ​ကဲ့​သို့​ဖမ်း​ဆီး​သွား​ခြင်း​ခံ​ရ မည်။- အာ​ဝင်​မြို့​တောင်​ကုန်း​ပေါ်​ရှိ ဣ​သ​ရေ​လ ပြည်​သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​များ​သည် ပြို​ပျက်​ရ​လိမ့်​မည်။ သူ​တို့​၏​ယဇ်​ပလ္လင်​များ ပေါ်​တွင်​ဆူး​ပင်​များ၊ ပေါင်း​ပင်​များ​ပေါက် လိမ့်​မည်။ ထို​အ​ခါ​လူ​တို့​က​တောင်​များ ကို``ငါ​တို့​အား​ဖုံး​ကွယ်​ထား​ကြ​ပါ'' ဟူ​၍ လည်​ကောင်း၊ တောင်​ကုန်း​များ​ကို``ငါ​တို့​အား ဖုံး​အုပ်​ထား​ကြ​ပါ'' ဟူ​၍​လည်​ကောင်း ဟစ်​အော်​တောင်း​ပန်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ဂိ​ဗာ​မြို့​တွင်​ကူး​လွန်​လျက်​ရှိ​သော ဒု​စ​ရိုက်​ကို​ဆက်​လက်​ကူး​လွန်​လျက်​ရှိ​ကြ ၏။ သို့​ဖြစ်​၍​ဂိ​ဗာ​မြို့​တွင်​စစ်​ဘေး​သည်​သူ တို့​ကို​မီ​လာ​လိမ့်​မည်။- အ​ပြစ်​ကူး​လွန်​သော​ဤ​သူ​တို့​ကို တိုက်​ခိုက် ၍​ဆုံး​မ​မည်။ အ​ခြား​နိုင်​ငံ​များ​သည်​စု​ပေါင်း ၍​သူ​တို့​ကို​တိုက်​ခိုက်​သ​ဖြင့် သူ​တို့​သည်​မိ​မိ တို့​၏​များ​ပြား​သော​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ကြ​ရ​တော့​မည်။ ``ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​သား​ရ​ပြီး​၍ စ​ပါး​နယ်​ရန်​အ​သင့်​ရှိ​နေ သော​နွား​မ​တမ်း​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​သည် သူ​၏​လှ​ပ​သော​လည်​ကုပ်​တွင် ထမ်း​ပိုး​တင်​၍ အ​လုပ်​ကြမ်း​ကို​လုပ်​စေ​မည်။ ငါ​သည်​ယု​ဒ အ​မျိုး​သား​တို့​ကို​ထွန်​ယက်​စေ​၍​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ထယ်​ထိုး​စေ​မည်။- ငါ​က`သင်​တို့​အ​တွက်​မြေ​ရိုင်း​ကို​ထွန်​ယက် ၍​တ​ရား​မျှ​တ​မှု​မျိုး​စေ့​ကို​ကြဲ​လော့၊ ငါ့ အား​သစ္စာ​စောင့်​ခြင်း​၏​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​လော့၊ သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ပြန်​လာ​ချိန်​ရောက်​ပြီ။ ငါ​သည်​လည်း ကြွ​လာ​၍​သင်​တို့​အား​ကောင်း​ကြီး​ပေး တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။- သို့​ရာ​တွင်​သင်​တို့​သည်​ဒု​စ​ရိုက်​မျိုး​စေ့​ကို စိုက်​ပျိုး​၍​ဒု​စ​ရိုက်​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ကြ​၏။ သင်​တို့​သည်​မု​သား​၏​ဒု​စ​ရိုက် အ​သီး​အ​နှံ​ကို​စား​ကြ​ပြီ။ ``သင်​တို့​သည်​သင်​တို့​၏​စစ်​ရ​ထား​များ​နှင့် စစ်​သည်​အင်​အား​ကြီး​မား​ခြင်း​ကို​အား​ကိုး ကြ​ခြင်း​ကြောင့်၊

ဟောရှေ 10:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​နှင့် တူ​၏​။ ကိုယ့်​အဖို့​သာ သီး​၏​။ အသီး​များစွာ​သီး​လေလေ ယဇ်ပလ္လင်​များစွာ တည်​လေလေ​၊ တိုင်းပြည်​သာယာဝပြော​လေလေ အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​လည်း ပို၍​ကောင်း​အောင်​စိုက်ထူ​ကြ​လေလေ ဖြစ်​၏​။ သူ​တို့​သည် စိတ်နှလုံး​မိုက်မဲ​ကြ​၏​။ ယခုမှာ အပြစ်ဒဏ်​ခံရ​တော့​မည်​။ ကိုယ်တော်​သည် သူ​တို့​၏​ယဇ်ပလ္လင်​တို့​ကို ဖြိုချ​ပြီး အထွတ်အမြတ်​ကျောက်တိုင်​တို့​ကို ဖျက်ဆီး​တော်မူ​မည်​။ သူ​တို့​က “​ငါ​တို့​သည် ထာဝရဘုရား​ကို မ​ကြောက်ရွံ့​ကြ​သောကြောင့် ငါ​တို့​၌ ရှင်ဘုရင်​မ​ရှိ​တော့​ပြီ​။ ရှင်ဘုရင်​ရှိ​လျှင်​လည်း ငါ​တို့​အဖို့ မည်သို့​ပြု​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​လိမ့်မည်​။ သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ရှမာရိ​မြို့သား​တို့​သည် ဗေသဝင်​နွားမတမ်း​ရုပ်တု​ကြောင့် ကြောက်ရွံ့​နေ​ကြ​၏​။ ထို​ရုပ်တု​၏​ဘုန်းအသရေ​ကွယ်ပျောက်​သွား​ပြီ​ဖြစ်၍ ရှမာရိ​မြို့သား​များ​သည် ငိုကြွေး​၍ ထို​ရုပ်တု​၌​မွေ့လျော်​သော​ယဇ်ပုရောဟိတ်​များ​သည် မြည်တမ်း​ကြ​လိမ့်မည်​။ ထို​ရုပ်တု​သည် အဆီးရီးယား​ပြည်​ရှိ ယာရက်​မင်းကြီး​ထံသို့ လက်ဆောင်​အဖြစ် ယူဆောင်​သွား​ခြင်း ခံရ​လိမ့်မည်​။ ဧဖရိမ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​။ အစ္စရေး​သည် မိမိ​အကြံအစည်​ကြောင့် အရှက်ခွဲ​ခံရ​လိမ့်မည်​။ ရှမာရိ​သည် ပျက်စီး​၍ သူ​၏​ဘုရင်​သည်​လည်း ရေပြင်​ပေါ် မျောပါ​သွား​သော​သစ်ခက်​ကဲ့သို့ ဖြစ်​ရ​လိမ့်မည်​။ အစ္စရေး​အပြစ်​ပြု​ရာ​ဖြစ်​သည့် အာဝင်​မြို့​ရှိ​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဆူးပင်​နှင့် ဆူးလေပင်​များ​က ဖုံးလွှမ်း​နေ​လိမ့်မည်​။ ထိုအခါ သူ​တို့​က တောင်​များ​အား “​ငါ​တို့​ကို ဖုံးအုပ်​ကြ​ပါ​” တောင်ကုန်း​များ​အား “​ငါ​တို့​အပေါ် ပြိုကျ​ကြ​ပါ​”​ဟု ဆို​ကြ​လိမ့်မည်​။ “အို အစ္စရေး​၊ သင်​သည် ဂိဗာ​မြို့​တွင်​နေစဉ်​ကာလ အပြစ်ပြု​ကြ​၏​။ အပြစ်ပြု​သူ​တို့​သည် ထို​အရပ်​၌ ဆက်​နေ​ကြ​၏​။ ဂိဗာ​မြို့​တွင် စစ်​ဖြစ်​စဉ်က သူ​တို့​ကို မ​နှိမ်နင်း​နိုင်​ခဲ့​ပေ​။ ငါ​စိတ်တိုင်းကျ သူ​တို့​ကို ဆုံးမ​မည်​။ သူ​တို့​ကျူးလွန်​ခဲ့​သော​အပြစ်​နှစ်​မျိုး​ထဲ၌ နစ်မွန်း​နေ​စဉ် လူမျိုးခြား​တို့​သည် စုရုံး​၍ သူ​တို့​ကို​ဆန့်ကျင်​တိုက်ခိုက်​ကြ​လိမ့်မည်​။ ဧဖရိမ်​အမျိုး​သည် တလင်းနယ်​ရာ​တွင် ကျင့်သား​ရ​သော​နွားမတမ်း​ဖြစ်​၏​။ တလင်းနယ်​ရ​သည်​ကို​လည်း​နှစ်သက်​သဖြင့် ငါ​သည် ချောမွတ်​သော​သူ့​လည်ပင်း​ပေါ်တွင် ထမ်းပိုးတင်​မည်​။ ငါ​သည် ဧဖရိမ်​အမျိုး​ကို ထမ်းပိုးထမ်း​စေ​မည်​။ ယုဒ​အမျိုး​ကို လယ်ထွန်​စေ​မည်​။ ယာကုပ်​အမျိုး​ကို ထယ်ထိုး​စေ​မည်​။” ထာဝရဘုရား​ကို ရှာ​ဖို့ အချိန်တန်​ပြီ​။ ထာဝရဘုရား​သည် ကြွလာ​၍ သင်​တို့​အပေါ် ဖြောင့်မတ်​ခြင်း​မိုး​ကို မ​ရွာ​စေ​မီ​တိုင်အောင် သင်​တို့​သည် ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​၍ မေတ္တာကရုဏာ​အသီး​ကို ရိတ်သိမ်း​ကြ​လော့​။ ပလပ်မြေ​ကို ထွန်ယက်​ကြ​လော့​။ သင်​တို့​သည် ဆိုးယုတ်မှု​ကို စိုက်ပျိုး​သောကြောင့် မတရားမှု​ကို​ရိတ်သိမ်း​ရ​၏​။ မုသား​အသီး​ကို စား​ရ​၏​။ အကြောင်းမှာ ကိုယ့်​နည်းလမ်း​၊ ကိုယ့်​စစ်သူရဲ​အလုံးအရင်း​ကို​သာ ယုံကြည်အားကိုး​ကြ​၏​။