YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 7:1-28

ဟေဗြဲ 7:1-28 Judson Bible (JBMLE)

မင်း​ကြီး​များ​ကို လုပ်​ကြံ​ရာ​မှ ပြန်​လာ​သော အာ​ဗြ​ဟံ​ကို ခ​ရီး​ဦး​ကြို​ပြု၍ ကောင်း​ချီး​ပေး​ပြီး​လျှင်၊- အာ​ဗြ​ဟံ​လှူ​သော လက်​ရ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆယ်​ဖို့​တစ်​ဖို့​ခံ​ယူ​သော ထို​ရှာ​လင်​မင်း​ကြီး​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ် မေ​လ​ခိ​ဇေ​ဒက်​သည်၊ နာ​မ​ရင်း​အ​နက်​အား​ဖြင့် တ​ရား​မင်း၊ ထို​မှ​တစ်​ပါး၊ ငြိမ်​သက်​ခြင်း​မင်း​ဟု​ဆို​လို​သော ရှာ​လင်​မင်း ဖြစ်​လျက်၊- အ​ဘ​မ​ရှိ၊ အ​မိ​မ​ရှိ၊ ရှေး​မျိုး​စဉ်​မ​ရှိ၊ အ​သက် အ​ပိုင်း​အ​ခြား​မ​ရှိ​ဘဲ၊ ဘု​ရား​သ​ခင်၏ သား​တော်​နှင့်​တူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ အ​စဉ်​အ​မြဲ​တည်၏။- အ​မျိုး၏ အ​ဘ​အာ​ဗြ​ဟံ​သည်၊ လက်​ရ​ဥ​စ္စာ​များ​ကို ဆယ်​ဖို့​တစ်​ဖို့​လှူ၍ အ​လှူ​ခံ​သော​ထို​မင်း​သည် အ​ဘယ်​မျှ​လောက် ကြီး​မြတ်​သည်​ကို ဆင်​ခြင်​ကြ​လော့။- ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ခံ​သော လေ​ဝိ​သား​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော သူ​တည်း​ဟူ​သော၊ မိ​မိ​တို့ ညီ​အစ်​ကို​များ​လက်​မှ ပ​ညတ်​တ​ရား​အ​တိုင်း ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။- သူ​တို့​အ​မျိုး​မ​ဟုတ်​သော ထို​မင်း​မူ​ကား၊ အာ​ဗြ​ဟံ၏​လက်​မှ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ၏။ က​တိ​တော်​တို့​ကို​ခံ​ရ​သော သူ​ကို​လည်း ကောင်း​ချီး​ပေး​လေ၏။- ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။- ထို​မှ​တစ်​ပါး၊ သေ​တတ်​သော​သူ​တို့​သည် ယ​ခု​အ​ခါ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ့​ရှိ၏။ ထို​အ​ခါ​မူ​ကား အ​သက်​ရှင်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​သော​သူ​သည် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ရ၏။- ထို​မှ​တစ်​ပါး၊ ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​တတ်​သော လေ​ဝိ​သည် အာ​ဗြ​ဟံ​အား​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​ပြီ​ဟု ဆို​စ​ရာ အ​ခွင့်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မေ​လ​ခိ​ဇေ​ဒက်​သည် အာ​ဗြ​ဟံ​ကို​တွေ့​သော​အ​ခါ၊ လေ​ဝိ​သည် မိ​မိ​အ​ဘ၏​ကိုယ်၌ ရှိ​သ​တည်း။ တစ်​နည်း​ကား၊ လေ​ဝိ​မှ​ဆင်း​သက်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​နှင့် စပ်​ဆိုင်​လျက်​လူ​များ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို ခံ​ကြ​သော​ကြောင့်၊ ထို​အ​မျိုး​အား​ဖြင့် စုံ​လင်​ခြင်း​သို့ ရောက်​နိုင်​သည်​မှန်​လျှင်၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ အာ​ရုန်​နည်း​တူ မ​ခေါ်​ဝေါ်​ဘဲ၊ မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ပေါ်​ထွန်း​စ​ရာ​အ​ကြောင်း အ​ဘယ်​သို့​ရှိ​သေး​သ​နည်း။- ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သည် ပြောင်း​လဲ​လျှင်၊ ပ​ညတ်​တ​ရား​သည် မ​ပြောင်း​လဲ​ဘဲ မ​နေ​နိုင်​ရာ။- ထို​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​သည်၊ ယဇ်​ပ​လ္လင်​ဝတ်​ကို တစ်​ယောက်​မျှ​မ​ပြု​ရ​သော​အ​မျိုး​နှင့် စပ်​ဆိုင်​ပေ၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​သည် ယု​ဒ​အ​မျိုး​ထဲ၌ ပေါ်​ထွန်း​သည်​ဟု ထင်​ရှား​လျက်​ရှိ၏။ ထို​အ​မျိုး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် စပ်​ဆိုင်​သည်​ဟု မော​ရှေ​သည် တစ်​ခွန်း​ကို​မျှ​မ​ပြော။ ထို​မှ​တစ်​ပါး၊ မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​သည် ပေါ်​ထွန်း​သည်​မှန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​မျိုး ပြောင်း​လဲ​ပြီ​ဟု သာ၍​ထင်​ရှား၏။- ထို​ယဇ်​ပု​ရော​ဟိတ်​သည် ကိုယ်​ခ​န္ဓာ​နှင့် စပ်​ဆိုင်​သော တ​ရား​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သည် မ​ဟုတ်။ ထာ​ဝ​ရ​အ​သက်၏ တန်​ခိုး​အာ​နု​ဘော်​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သ​တည်း။- အ​ကြောင်း​မူ​ကား၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ၊ ထာ​ဝ​ရ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​သ​တည်း။ ပ​ညတ်​တ​ရား​သည် အ​ဘယ်​သူ​ကို​မျှ စုံ​လင်​ခြင်း​သို့ မ​ပို့​နိုင်​သည်​ဖြစ်၍၊- ရှေး​ပ​ညတ်​တ​ရား​ဟောင်း​သည်၊ အား​မ​ရှိ၊ အ​ကျိုး​ကို မ​ပေး​နိုင်​သော​ကြောင့်၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ၏။ သို့​သော်​လည်း၊ သာ၍​မြတ်​သော မျှော်​လ​င့်​ခြင်း​အ​ခွင့်​သည် နေ​ရာ​ကျ၏။ ထို​မျှော်​လ​င့်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ရ​ကြ၏။- ထို​သူ​တို့​သည် အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​ကြ၏။- ယေ​ရှု​မူ​ကား၊ အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ရ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော် မ​မူ​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည် အ​ကျိန်​တော်​ကို​ခံ၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​သည်​အ​တိုင်း၊- သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်၏။- ထို​သူ​တို့​သည်​လည်း သေ​ရ​သော​ကြောင့် အ​စဉ်​မ​တည်​နိုင်​သည်​ဖြစ်၍ အ​များ​ရှိ​ရ​ကြ၏။- ယေ​ရှု​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​သော​ကြောင့် မ​ပြောင်း​မ​လဲ​သော ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လျက်​ရှိ၏။- ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။ ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။- အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။- ပ​ညတ်​တ​ရား​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား၏။ ပ​ညတ်​တ​ရား​နောက်၌ ကျိန်​ဆို​တော်​မူ​သော ဗျာ​ဒိတ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ စုံ​လင်​ခြင်း​သို့​ရောက်​သော သား​တော်​ကို ခန့်​ထား​သ​တည်း။

ဟေဗြဲ 7:1-28 Common Language Bible (BCL)

ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား​ရှာ​လင်​မင်း​ဖြစ်​၍ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​ဖြစ်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တည်း။ ဘု​ရင်​လေး​ပါး ကို​နှိမ်​နင်း​ရာ​တိုက်​ပွဲ​မှ​အာ​ဗြ​ဟံ​ပြန်​လာ သော​အ​ခါ သူ​သည်​အာ​ဗြ​ဟံ​အား​ခ​ရီး​ဦး ကြို​ပြု​၍​ကောင်း​ချီး​ပေး​သူ​ဖြစ်​ပေ​သည်။- သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့ သည့်​ဥစ္စာ​ပစ္စည်း​များ​၏​ဆယ်​ပုံ​တစ်​ပုံ​ကို​သူ့​အား ပေး​လှူ​၏။ (မေ​လ​ခိ​ဇေ​ဒက်​ဟူ​သော​နာ​မည်​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ``တ​ရား​မင်း'' ဟူ​၍​ဖြစ်​၏။ သူ​သည်​ရှာ​လင်​မြို့​၏​မင်း​လည်း​ဖြစ်​သ​ဖြင့် သူ​၏​နာ​မည်​သည်``ငြိမ်း​ချမ်း​ရေး​ဘု​ရင်'' ဟု လည်း​အ​နက်​အ​ဋ္ဌိပ္ပါယ်​ရ​လေ​သည်။-) သူ​၏​မိ​ဘ​ဘိုး​ဘေး​တို့​အ​ကြောင်း​မှတ်​တမ်း ကို​လည်း​ကောင်း၊ သူ​မွေး​ဖွား​သည့်​အ​ကြောင်း နှင့်​ကွယ်​လွန်​သည့်​အ​ကြောင်း​မှတ်​တမ်း​တို့​ကို လည်း​ကောင်း​မ​တွေ့​ရှိ​ရ​ပေ။ သူ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​နှင့်​တူ​၍ ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ထာ​ဝ​စဉ်​ရ​ရှိ​ထား​သူ​ဖြစ်​သ​တည်း။ ငါ​တို့​လူ​မျိုး​တို့​၏​အ​ဖ​အာ​ဗြ​ဟံ​သည်​စစ် ပွဲ​မှ မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့​သည့်​ဥစ္စာ​ပစ္စည်း​များ ၏​ဆယ်​ပုံ​တစ်​ပုံ​ကို မေ​လ​ခိ​ဇေ​ဒက်​အား​ပေး လှူ​ခဲ့​သည်​ဖြစ်​ရာ​ယင်း​သို့​ပေး​လှူ​ခြင်း​ခံ​ရ သူ​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​မည်​ကို​ဆင် ခြင်​ကြ​လော့။- လေ​ဝိ​အ​နွယ်​ဝင်​အ​နက်​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​ကြ​သော​သူ​တို့​သည် အာ​ဗြ​ဟံ မှ​ဆင်း​သက်​လာ​သူ မိ​မိ​တို့​၏​သား​ချင်း​များ ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​မှ ဆယ်​ဖို့ တစ်​ဖို့​သော​အ​လှူ​ကို ပ​ညတ်​တ​ရား​အ​ရ ကောက်​ယူ​ခွင့်​ရှိ​ကြ​ပေ​သည်။- မေ​လ​ခိ​ဇေ​ဒက်​သည်​လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ် သော်​လည်း အာ​ဗြ​ဟံ​ထံ​မှ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​ခံ​ယူ​လျက် ဘု​ရား​သ​ခင်​၏​က​တိ​တော် များ​ရ​ရှိ​ထား​သူ​အာ​ဗြ​ဟံ​ကို​ကောင်း​ချီး ပေး​ခဲ့​၏။- သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။- ထို​မှ​တစ်​ပါး​လည်း​ယဇ်​ပု​ရော​ဟိတ်​များ အ​နေ​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​ခြင်း သည်​သေ​မျိုး​ဖြစ်​သော​လူ​သား​တို့​က​ခံ​ယူ ကြ​ခြင်း​ဖြစ်​၏။ မေ​လ​ခိ​ဇေ​ဒက်​မူ​ကား​ကျမ်း စာ​တော်​တွင်​ဖော်​ပြ​သည်​နှင့်​အ​ညီ အ​သက် ရှင်​သူ​အ​နေ​ဖြင့်​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို ခံ​ယူ​ခြင်း​ဖြစ်​ပေ​သည်။- ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​သူ​လေ​ဝိ​သည် အာ​ဗြ​ဟံ​မှ​တစ်​ဆင့် မေ​လ​ခိ​ဇေ​ဒက်​အား ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​သည်​ဟု​ပင်​ဆို​နိုင်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် မေ​လ​ခိ ဇေ​ဒက်​နှင့်​တွေ့​ဆုံ​စဉ်​အ​ခါ​က​လေ​ဝိ​သည် မ​မွေး ဖွား​သေး​ဘဲ အာ​ဗြ​ဟံ​၏​ကိုယ်​၌​ရှိ​နေ​သည်​ဟု ဆို​နိုင်​သော​ကြောင့်​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပ​ညတ်​တ​ရား ကို​ပေး​အပ်​ရာ​၌ လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော ဟိတ်​များ​ကို​အ​ခြေ​ခံ​၍​ပေး​အပ်​ခြင်း​ဖြစ်​၏။ အ​ကယ်​၍​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ပြီး​ပြည့်​စုံ​လင်​အောင်​ဆောင်​ရွက်​နိုင် ကြ​ပါ​မူ အာ​ရုန်​၏​အ​ရိုက်​အ​ရာ​အ​စား​မေ လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ပေါ်​ထွန်း လာ​ရန်​မ​လို​ပေ။- အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ်​ပု​ရော​ဟိတ်​မျိုး​ရိုး ကို​ပြောင်း​လဲ​လိုက်​သော​အ​ခါ တ​ရား​ကို​လည်း ပြောင်း​လဲ​ရန်​လို​အပ်​၍​လာ​သော​ကြောင့်​ဖြစ် သည်။- ဤ​အ​ကြောင်း​အ​ရာ​များ​က ဖော်​ပြ​နေ​သည့် ငါ​တို့​၏​သ​ခင်​ဘု​ရား​ကား လေ​ဝိ​အ​နွယ်​ဝင် မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​အ​နွယ် မှ​ဆင်း​သက်​တော်​မူ​သော​သူ​ဖြစ်​ပေ​သည်။ ထို အ​မျိုး​အ​နွယ်​ဝင်​တစ်​ယောက်​မျှ​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​မ​ဆောင်​ရွက်​ခဲ့။- ကိုယ်​တော်​သည်​ယု​ဒ​အ​မျိုး​အ​နွယ်​မှ​ဆင်း​သက် တော်​မူ​သည်​မှာ​သိ​သာ​ထင်​ရှား​၏။ ယဇ်​ပု​ရော ဟိတ်​အ​ရာ​သည် ယု​ဒ​အ​မျိုး​အ​နွယ်​နှင့်​ပတ် သက်​ကြောင်း​ကို​မော​ရှေ​သည်​တစ်​ခွန်း​မျှ​မ​ပြော ပေ။ မေ​လ​ခိ​ဇေ​ဒက်​နှင့်​တူ​သော​ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ပေါ်​ထွန်း​လာ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ် မျိုး​ရိုး​ပြောင်း​လဲ​သည်​ဟု​ပို​မို​ထင်​ရှား​လာ​၏။- ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​ကို လူ​တို့​ချ​မှတ်​ထား​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​များ အ​ရ​ခံ​ယူ​ရ​ရှိ​ထား​သည်​မ​ဟုတ်။ အ​ဘယ် အ​ခါ​၌​မျှ မ​ကုန်​မ​ဆုံး​နိုင်​သည့်​အ​သက်​၏ တန်​ခိုး​အာ​နု​ဘော်​အ​ရ​ခံ​ယူ​ရ​ရှိ​ထား​ခြင်း ဖြစ်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``သင် သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက် ခံ​သူ​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​တည်း။- ယ​ခင်​ပ​ညတ်​ဟောင်း​သည်​အား​နည်း​၍​အ​ကျိုး ကို​မ​ပေး​နိုင်​သော​ကြောင့်​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​၏။- မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အ​ဘယ်​အ​ရာ ကို​မျှ​ပြီး​ပြည့်​စုံ​လင်​အောင်​မ​ပြု​နိုင်။ ယ​ခု အ​ခါ​၌​ငါ​တို့​သည်​ထို​ပညတ်​တ​ရား​ထက် ပို​မို​ကောင်း​မြတ်​သည့်​မျှော်​လင့်​ချက်​ကို​ရ​ရှိ ကြ​ပြီ​ဖြစ်​ရာ ထို​မျှော်​လင့်​ချက်​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။ ထို​မှ​တစ်​ပါး​လည်း​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ချက်​ရှိ​၏။ ကိုယ်​တော်​သည်​လေ​ဝိ​အ​နွယ်​ဝင် တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​တော်​မူ သော​အ​ခါ​၌​ကျိန်​ဆို​တော်​မူ​ချက်​မ​ပါ​ရှိ​ချေ။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား `` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟု ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။- ဤ​သို့​ခန့်​ထား​ပုံ​ကွာ​ခြား​မှု​ကြောင့်​သ​ခင် ယေ​ရှု​သည် ပို​မို​ကောင်း​မြတ်​သည့်​ပ​ဋိ​ညာဉ် တ​ရား​တော်​၏​အာ​မ​ခံ​ဖြစ်​တော်​မူ​၏။ ထို့​ပြင်​အ​ခြား​ကွာ​ခြား​မှု​ရှိ​သေး​၏။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​သေ​ရ​သော​ကြောင့် သူ​တို့ သည်​အ​ရေ​အ​တွက်​များ​ကြ​၏။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​မူ​ကား​နိစ္စ​ထာ​ဝ​ရ အ​သက်​ရှင်​တော်​မူ​သ​ဖြင့် သူ​၏​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​သည်​လည်း​အ​ခြား​လက်​သို့ မ​ကူး​ပြောင်း​နိုင်​တော့​ပေ။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​ကို​အ​မှီ​ပြု​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​အား အ​ခါ​ခပ်​သိမ်း​ကယ်​တင်​တော် မူ​နိုင်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​တွင် အ​သ​နား​ခံ​ရန်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် ရှိ​တော်​မူ​သော​ကြောင့်​တည်း။ သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ငါ​တို့​နှင့်​သင့် လျော်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​၏။ ကိုယ် တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​အ​ပြစ်​ကင်း လွတ်​တော်​မူ​၏။ အ​ပြစ်​ကူး​သူ​တို့​နှင့်​ခွဲ​ခြား လျက်​ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ချီး​မြှောက် ခြင်း​ကို​ခံ​တော်​မူ​၏။- ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။- မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အား​နည်း​၍​မ​စုံ လင်​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း များ​အ​ဖြစ်​ခန့်​ထား​လေ​သည်။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​ပေါ်​ပေါက်​ပြီး​သည့်​နောက်​ပိုင်း ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​စုံ​လင်​တော်​မူ​သော သား​တော်​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ကျိန်​ဆို​တော်​မူ​ချက်​ဖြင့်​ခန့်​ထား​တော်​မူ​၏။

ဟေဗြဲ 7:1-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​မေလခိဇေဒက်​ကား ဆလင်​ဘုရင်​ဖြစ်​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏။ သူ​သည် ဘုရင်​များ​ကို​ချေမှုန်း​ရာ​မှ​ပြန်လာ​သော အာဗြဟံ​ကို ကြိုဆို​လျက် ကောင်းချီး​ပေး​လေ​၏။ အာဗြဟံ​သည်​လည်း လက်ရ​ပစ္စည်း​ရှိသမျှ​၏​ဆယ်ဖို့တစ်ဖို့​ကို သူ့​အား​ခွဲဝေ​ပေးလှူ​၏။ မေလခိဇေဒက်​အမည်​၏​အဓိပ္ပာယ်​မှာ ပထမ​အနေဖြင့် ဖြောင့်မတ်​ခြင်း​၏​ဘုရင်​ဟူ၍​ဖြစ်​ပြီး ထို့နောက် ငြိမ်သက်​ခြင်း​၏​ဘုရင်​တည်းဟူသော ဆလင်​ဘုရင်​ဟူ၍​လည်း​ဖြစ်​၏။ သူ​၌ ဖခင်​မ​ရှိ၊ မိခင်​မ​ရှိ၊ မျိုးရိုးစဉ်ဆက်​မ​ရှိ၊ အသက်တာ​၏​အစ​လည်း​မ​ရှိ၊ အဆုံး​လည်း​မ​ရှိ။ သူ​သည် ဘုရားသခင်​၏​သား​တော်​ကဲ့သို့​ဖြစ်​လျက် ယဇ်ပုရောဟိတ်​အဖြစ် ထာဝစဉ်​တည်​နေ​၏။ မျိုးနွယ်စုဖခင်​ဖြစ်သော​အာဗြဟံ​ပင် လက်ရ​ပစ္စည်း​များ​၏​ဆယ်ဖို့တစ်ဖို့​ကို ပေး​လှူ​ခဲ့​သော​ဤ​သူ​သည် မည်မျှလောက်​ကြီးမြတ်​သည်​ကို ဆင်ခြင်​ကြ​လော့။ လေဝိ​အမျိုးသား​တို့​ထဲမှ ယဇ်ပုရောဟိတ်​ဖြစ်​လာ​သော​သူ​တို့​သည် ပညတ်​တရား​အရ လူ​တို့​ထံမှ ဆယ်ဖို့တစ်ဖို့​ကောက်ခံ​ရ​မည်​ဟူသော​ပညတ်​ချက်​ကို ရရှိ​ထား​ကြ​၏။ ထို​လူ​တို့​မှာ အာဗြဟံ​မှ​ဆင်းသက်​လာ​သည့် မိမိ​တို့​ညီအစ်ကို​များ​ပင်​ဖြစ်​ကြ​၏။ သို့သော် လေဝိ​၏​မျိုးဆက်​စာရင်း​မ​ဝင်​သော​သူ​သည် အာဗြဟံ​ထံမှ ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​ပြီး ကတိ​တော်​ကို​ရရှိ​ထား​သော​သူ​အား ကောင်းချီး​ပေး​ခဲ့​၏။ ကြီးသောသူ​သည် ငယ်သောသူ​အား ကောင်းချီး​ပေး​တတ်​သည်​ကို ငြင်းဆို​ဖွယ်​မ​ရှိ။ ဤ​နေရာ​၌ သေဆုံး​တတ်​သော​လူ​တို့​သည် ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​ကြ​၏။ အခြား​သော​နေရာ​၌​ကား ထို​သူ​သည် အသက်ရှင်​နေ​သည်​ဟု သက်သေခံ​ထား​၏။ ထို့ပြင် ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​သော​လေဝိ​သည်​လည်း အာဗြဟံ​မှ​တစ်ဆင့် ဆယ်ဖို့တစ်ဖို့​ကို​ပေး​လှူ​သည်​ဟု ဆို​နိုင်​၏။ အကြောင်းမူကား မေလခိဇေဒက်​သည် အာဗြဟံ​ကို​ကြိုဆို​သောအခါ လေဝိ​သည် မိမိ​အဖ​၏​ကိုယ်​ထဲ၌​ရှိ​နေ​သေး​၏။ လူ​တို့​သည် လေဝိ​အနွယ်​နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်​အရိုက်အရာ​အပေါ်တွင် အခြေခံ​ပြီး ပညတ်​တရား​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ၎င်း​အားဖြင့် စုံလင်​ခြင်း​သို့​ရောက်​ခဲ့​လျှင် အာရုန်​နှင့်​အလားတူ​မ​ဟုတ်​ဘဲ မေလခိဇေဒက်​နှင့်​အလားတူ​သည့် အခြား​သော​ယဇ်ပုရောဟိတ်​ပေါ်ထွန်း​ရန် အဘယ်ကြောင့်​လိုအပ်​သေး​သနည်း။ ယဇ်ပုရောဟိတ်​အရိုက်အရာ​၌ ပြောင်းလဲ​ခြင်း​ရှိ​လျှင် ပညတ်​တရား​၌​လည်း ပြောင်းလဲ​ခြင်း​ရှိ​ရန်​လိုအပ်​၏။ အကြောင်းမူကား အထက်​ပါ​အကြောင်းအရာ​များ​က ရည်ညွှန်း​ထား​သော​အရှင်​သည် ယဇ်ပလ္လင်​အမှု​ကို​မ​ဆောင်ရွက်​ဖူး​သော​အခြား​မျိုးနွယ်စု​နှင့်​စပ်ဆိုင်​၏။ ငါ​တို့​၏​သခင်​သည် ယုဒ​အနွယ်​မှ​ပေါ်ထွန်း​တော်မူ​ကြောင်း သိသာ​ထင်ရှား​၏။ မောရှေ​သည် ထို​အနွယ်​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​နှင့်​စပ်ဆိုင်​သည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြောဆို​ခဲ့​ပေ။ ထို့ပြင် မေလခိဇေဒက်​နှင့်​တူ​သော အခြား​ယဇ်ပုရောဟိတ်​တစ်​ပါး​ပေါ်ထွန်း​သည်​ဆို​လျှင် ဤ​အကြောင်းအရာ​သည် ပို၍​သိသာ​ထင်ရှား​၏။ ထို​အရှင်​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ညွှန်ကြား​ချက်​ဖြစ်​သည့် ပညတ်​တရား​အားဖြင့်​မ​ဟုတ်​ဘဲ မ​ပျက်စီး​နိုင်​သော​အသက်​နှင့်ဆိုင်သည့်​တန်ခိုး​တော်​အားဖြင့် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်လာ​၏။ အကြောင်းမူကား “သင်​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏”​ဟု သက်သေခံ​ထား​၏။ ယခင်​ပညတ်​ချက်​သည် အားနည်း​၍ အကျိုး​မ​ပေး​နိုင်​သောကြောင့် ပယ်ဖျက်​ခြင်း​ခံရ​၏။ အဘယ်ကြောင့်ဆိုသော် ပညတ်​တရား​သည် မည်သည့်​အရာ​ကို​မျှ မ​စုံလင်​စေ​ခဲ့​ချေ။ သို့သော် ယခု​အခါ သာ၍​မြတ်​သော​မျှော်လင့်​ခြင်း​ရောက်ရှိ​လာ​သဖြင့် ငါ​တို့​သည် ထို​မျှော်လင့်​ခြင်း​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​ကြ​၏။ ထိုမျှမက ဤ​အမှုအရာ​သည် ကတိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ​ဖြစ်လာ​သည်​မ​ဟုတ်။ အကြောင်းမူကား အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် ကတိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ ယဇ်ပုရောဟိတ်​များ​ဖြစ်​လာ​ကြ​၏။ ကိုယ်တော်​မူကား “ ‘သင်​သည် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏’​ဟု ထာဝရ​ဘုရား​တိုင်တည်​၍​မိန့်​တော်မူ​သည်​ဖြစ်​သောကြောင့် စိတ်​တော်​ပြောင်းလဲ​မည်​မ​ဟုတ်”​ဟူ၍ ကတိ​သစ္စာ​ပြု​လျက် ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​အားဖြင့် ယဇ်ပုရောဟိတ်​ဖြစ်လာ​၏။ ဤသို့ဖြင့် ယေရှု​သည် သာ၍​မြတ်​သော​ပဋိညာဉ်​၏​အာမခံ​ဖြစ်​တော်မူ​၏။ အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် သေ​ခြင်း​တရား​ကြောင့် တာဝန်​ကို​ဆက်လက်​၍​မ​ထမ်းဆောင်​နိုင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် ယဇ်ပုရောဟိတ်​ဖြစ်လာ​ကြ​၏။ ကိုယ်တော်​မူကား ကာလ​အစဉ်အဆက်​တည်​တော်မူ​သည်​ဖြစ်၍ မ​ပြောင်းလဲ​သော​ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို ရရှိ​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​သည် မိမိ​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို အပြည့်အဝ​ကယ်တင်​နိုင်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် သူ​တို့​အတွက် အသနားခံ​ပေး​ရန် အစဉ်အမြဲ​အသက်ရှင်​လျက်​ရှိ​တော်မူ​၏။ ထိုသို့​သန့်ရှင်း​၍ အပြစ်​နှင့်​ညစ်ညူး​ခြင်း​တို့​ကင်းစင်​လျက် အပြစ်သား​တို့​နှင့်​ခွဲခြား​ထား​ခြင်း​ခံရ​ကာ ကောင်းကင်​တို့​ထက် မြင့်မား​စွာ​ချီးမြှောက်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​အတွက်​သင့်လျော်​ပေ​၏။ အခြား​သော​ယဇ်ပုရောဟိတ်​မင်း​တို့​သည် ဦးစွာ မိမိ​တို့​အပြစ်​များ​အတွက်၊ ထို့နောက် လူ​တို့​၏​အပြစ်​များ​အတွက် နေ့စဉ် ယဇ်​ပူဇော်​သကဲ့သို့ ကိုယ်တော်​သည် ယဇ်​ပူဇော်​ရန်​မ​လိုအပ်​ပေ။ အကြောင်းမူကား ကိုယ်တော်​သည် မိမိကိုယ်ကို​တစ်ကြိမ်တည်း​နှင့်​အပြီး​ပူဇော်​ခြင်း​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​၏။ ပညတ်​တရား​သည် အားနည်း​သော​လူသား​တို့​ကို ယဇ်ပုရောဟိတ်​မင်း​အရာ​၌​ခန့်ထား​၏။ သို့သော် ပညတ်​တရား​နောက်၌​လာ​သော ကတိ​သစ္စာ​စကား​သည် ကာလ​အစဉ်အဆက်​ပြည့်စုံ​တော်မူ​သော​သား​တော်​ကို ခန့်ထား​၏။