YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 4:14-15

ဟေဗြဲ 4:14-15 Judson Bible (JBMLE)

ယ​ခု​မူ​ကား၊ ကောင်း​ကင်​ဘုံ​ထဲ​သို့ ကြွ​ဝင်​တော်​မူ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ကြီး​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု​သည် ငါ​တို့၌ ယဇ်​ပု​ရော​ဟိတ်​မင်း ဖြစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဝန်​ခံ​ခဲ့​ပြီး​သော​အ​ရာ၌ တည်​ကြည်​ကြ​ကုန်​အံ့၊- ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။

ဟေဗြဲ 4:14-15 Common Language Bible (BCL)

သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​ဘာ​သာ​တ​ရား ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား​ကြ​ကုန်​အံ့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၌​ဘု​ရား​သ​ခင်​၏​သား တော်​သ​ခင်​ယေ​ရှု​တည်း​ဟူ​သော ကြီး​မြတ်​သည့် ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​၏။ ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ရှေ့ တော်​မှောက်​သို့​ကြွ​ဝင်​တော်​မူ​သည်။- ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ငါ​တို့​၏ အား​နည်း​ချက်​များ​အ​တွက်​မ​ကြင်​နာ​နိုင်​သူ မ​ဟုတ်။ ငါ​တို့​နည်း​တူ​စုံ​စမ်း​သွေး​ဆောင်​ခြင်း အ​မျိုး​မျိုး​ကို​ခံ​ခဲ့​ရ​သူ​ဖြစ်​တော်​မူ​၏။ သို့ ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​တော်​မူ​၏။

ဟေဗြဲ 4:14-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ကောင်းကင်​တို့​ကို​ဖြတ်​၍​ကြွ​တော်မူ​သည့် ကြီးမြတ်​သော ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ဘုရားသခင်​၏​သား​တော်​ယေရှု​သည် ငါ​တို့​၌​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ယုံကြည်​ဝန်ခံ​သော​အရာ​ကို စွဲကိုင်​ထား​ကြ​ကုန်​စို့။ အကြောင်းမူကား ငါ​တို့​၏​ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​၏​အားနည်း​ခြင်း​များ​ကို မ​ထောက်ထား​မ​ညှာတာ​နိုင်​သူ​မ​ဟုတ်။ ကိုယ်တော်​သည် ငါ​တို့​နည်းတူ စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကို​ခံ​ခဲ့​ဖူး​သူ​ဖြစ်​တော်မူ​၏။ သို့သော် အပြစ်​နှင့်​ကင်းလွတ်​တော်မူ​၏။