ဟေဗြဲ 12:18-24
ဟေဗြဲ 12:18-24 Judson Bible (JBMLE)
ထိုမှတစ်ပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့လည်းကောင်း၊ လောင်သောမီးသို့လည်းကောင်း၊ မည်းသောတိမ်တိုက်၊ မှောင်မိုက်၊ မိုးသက်မုန်တိုင်းသို့ လည်းကောင်း၊- တံပိုးမှုတ်ခြင်း အသံသို့လည်းကောင်း၊ နှုတ်ကပတ်တော် အသံသို့လည်းကောင်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်း တောင်းပန်ကြ၏။- အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင်၊ ကျောက်ခဲနှင့် ပစ်၍ သေစေဟု ပညတ်တော်မူသံကို လူတို့သည် နားမခံနိုင်ကြ။- ထိုသို့ ထင်ရှားသောအရာသည် အလွန် ကြောက်မက်ဖွယ်ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်းရှိသည်ဟု ဆို၏။- သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့လည်းကောင်း၊- ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသော ဘုရားသခင် အထံတော်သို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သော သူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့လည်းကောင်း၊- ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့လည်းကောင်း၊ အာဗေလ၏အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖျန်းဆွတ်ခြင်း၏ အသွေးထံသို့လည်းကောင်း ရောက်ကြ၏။
ဟေဗြဲ 12:18-24 Common Language Bible (BCL)
ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။- အဘယ်ကြောင့်ဆိုသော်သူတို့သည်``တိရစ္ဆာန် ပင်ဖြစ်စေကာမူထိုတောင်ကိုထိမိလျှင် ခဲနှင့်ပေါက်၍သတ်ရမည်'' ဟူသောအမိန့် တော်ကိုမခံယူဝံ့သောကြောင့်ဖြစ်၏။- ထိုမြင်ကွင်းတစ်ခုလုံးသည်အလွန်ထိတ် လန့်ဖွယ်ကောင်းသဖြင့်မောရှေက``ငါသည် ကြောက်လန့်တုန်လှုပ်လျက်နေ၏'' ဟုဆို၏။ သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။- သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။- သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
ဟေဗြဲ 12:18-24 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊ တံပိုးမှုတ်သံနှင့် နှုတ်ကပတ်တော်အသံတို့ရှိရာတောင်သို့ ချဉ်းကပ်ကြသည်မဟုတ်။ ထိုအသံတော်ကိုကြားရသောသူတို့သည် မိမိတို့အား ထပ်မံ၍မိန့်တော်မမူရန် တောင်းပန်ကြ၏။ အကြောင်းမူကား “တိရစ္ဆာန်ပင် ထိုတောင်ကိုထိမိလျှင် ခဲနှင့်ပေါက်သတ်ရမည်”ဟူသောအမိန့်တော်ကို သူတို့မခံနိုင်ခဲ့ကြချေ။ ထိုမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် မောရှေက “ငါသည် အလွန်ကြောက်ရွံ့လျက် တုန်လှုပ်နေ၏”ဟု ဆိုလေ၏။ သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသောဘုရားသခင်၏မြို့တော်တည်းဟူသော အထက်ကောင်းကင်အရပ်ရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့စုဝေးရာအခမ်းအနားသို့လည်းကောင်း၊ ကောင်းကင်ဘုံစာရင်းဝင်သော သားဦးတို့၏အသင်းတော်သို့လည်းကောင်း၊ လူအပေါင်းတို့ကိုတရားစီရင်တော်မူသော ဘုရားသခင်ထံသို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သည့် ဖြောင့်မတ်သောသူတို့၏ဝိညာဉ်များထံသို့လည်းကောင်း၊ ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏သွေးထက် သာ၍မြတ်သောအရာကိုမြွက်ဆိုသည့် ပက်ဖျန်းသောသွေးတော်ထံသို့လည်းကောင်း ချဉ်းကပ်ကြ၏။