YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 6:14-16

ဂလာတိ 6:14-16 Judson Bible (JBMLE)

ငါ​ဖြစ်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ၌​မျှ ဝါ​ကြွား​ခြင်း​မ​ရှိ ပါ​စေ​နှင့်။ ထို​လက်​ဝါး​ကပ်​တိုင်​တော်​မှာ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ရှိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ သ​တ္တ​ဝါ​သစ်​ဖြစ်​ခြင်း​သာ အ​ကျိုး​ရှိ၏။- ဤ​နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း ကျင့်​သော​သူ​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါ်၌​လည်း​ကောင်း၊ ငြိမ်​သက်​ခြင်း​နှင့် သ​နား​တော်​မူ​ခြင်း သက်​ရောက်​ပါ​စေ​သော။

ဂလာတိ 6:14-16 Common Language Bible (BCL)

ငါ​မူ​ကား​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ခြား အ​ဘယ်​အ​ရာ​အ​တွက်​မျှ​ဂုဏ်​ယူ​ဝါ​ကြွား လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တော်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​သည် ငါ​နှင့်​လည်း​ကောင်း၊ ငါ သည်​လည်း​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​နှင့်​လည်း​ကောင်း အ​ဆက် ပြတ်​လျက်​ရှိ​၏။- လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ခံ​သည်​မ​ခံ​သည်​မှာ အ​ရေး​မ​ကြီး​ပေ။ သတ္တဝါ သစ်​ဖြစ်​ခြင်း​သာ​လျှင်​အ​ရေး​ကြီး​၏။- ဤ​သ​ဘော​တ​ရား​ကို​လိုက်​နာ​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​ပေါင်း​တို့​အ​ပေါ်​သို့​လည်း​ကောင်း ငြိမ် သက်​ခြင်း​နှင့်​က​ရု​ဏာ​တော်​သက်​ရောက်​ပါ စေ​သော။

ဂလာတိ 6:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​အတွက်​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​လက်ဝါးကပ်တိုင်​၌ ဝါကြွား​ခြင်း​မှတစ်ပါး အခြား​ဝါကြွား​စရာ​မ​ရှိ။ ငါ့​အနေဖြင့် လောက​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​၍ လောက​အနေဖြင့်​လည်း ငါ​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​လေ​ပြီ။ အကြောင်းမူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ ပဓာန​မ​ဟုတ်။ အသစ်​ဖန်ဆင်း​ခံရ​ခြင်း​သာ ပဓာန​ဖြစ်​၏။ ဤ​နည်းဥပဒေသ​အတိုင်း လိုက်လျှောက်​သူ​ရှိသမျှ​တို့​အပေါ်​၌​လည်းကောင်း၊ ဘုရားသခင်​၏​အစ္စရေး​အမျိုး​တို့​အပေါ်​၌​လည်းကောင်း ငြိမ်သက်​ခြင်း​နှင့်​ကရုဏာ​တော် သက်ရောက်​ပါစေသော။