ဂလာတိ 6:11-13
ဂလာတိ 6:11-13 Judson Bible (JBMLE)
အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့် သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။- မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှာ အနိုင်အထက် သွေးဆောင်တတ်ကြ၏။- အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေးအဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှာ အလိုရှိကြ၏။
ဂလာတိ 6:11-13 Common Language Bible (BCL)
ယခုအဘယ်မျှကြီးသောစာလုံးများဖြင့် သင်တို့ ထံသို့ငါ့လက်ဖြင့်ရေးသားသည်ကိုကြည့်ကြ လော့။- သင်တို့အားအရေဖျားလှီးမင်္ဂလာခံရန် အနိုင် အထက်တိုက်တွန်းကြသူတို့သည် ပြင်ပအမှတ် လက္ခဏာများအတွက် ဂုဏ်ယူပြစားလိုသူများ ဖြစ်ပေသည်။ သို့ရာတွင်ဤသို့ပြုရခြင်းမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်တရားတော် အတွက် သူတို့ကိုယ်တိုင်ညှဉ်းဆဲနှိပ်စက်ခြင်း ခံကြရမည်စိုးသောကြောင့်ဖြစ်၏။- အရေဖျားလှီးမင်္ဂလာခံယူကြသူတို့ပင်လျှင် ပညတ်တရားကိုမစောင့်ထိန်းကြချေ။ အရေ ဖျားလှီးမင်္ဂလာကိုသင်တို့ခံယူသည့်အတွက် ဂုဏ်ယူဝါကြွားလိုသဖြင့်သင်တို့အားခံယူ စေလိုခြင်းဖြစ်၏။
ဂလာတိ 6:11-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် မည်မျှလောက်ကြီးသောစာလုံးကို ငါ့လက်ဖြင့် သင်တို့ထံ ရေးလိုက်သည်ကို ကြည့်ကြလော့။ ကိုယ်ကာယ၌ အမြင်ကောင်းအောင်ပြုလိုသောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ညှဉ်းဆဲခြင်းမခံလို၍သာ သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းကြခြင်းဖြစ်၏။ အကြောင်းမူကား အရေဖျားလှီးခြင်းကိုခံသောသူတို့သည်လည်း မိမိတို့ကိုယ်တိုင်ပညတ်တရားကိုစောင့်ထိန်းခြင်းမရှိကြပေ။ ထိုသူတို့သည် သင်တို့၏ကိုယ်ကာယ၌ ဝါကြွားနိုင်ရန် သင်တို့အား အရေဖျားလှီးခြင်းကိုခံစေလိုကြ၏။