YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 2:1-10

ဂလာတိ 2:1-10 Judson Bible (JBMLE)

ထို​နောက် တစ်​ဆယ်​လေး​နှစ်​လွန်​ပြီး​မှ၊ ငါ​သည် တိ​တု​ကို​ခေါ်၍ ဗာ​န​ဗ​နှင့်​အ​တူ ယေ​ရု​ရှင်​မြို့​သို့ တစ်​ဖန် သွား​လေ၏။- ဗျာ​ဒိတ်​တော်​အ​တိုင်း​ပင် သွား​သည်​ဖြစ်၍၊ တစ်​ပါး​အ​မျိုး​တို့၌ ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထို​အ​ခါ ငါ​ကြား​ပြော​လေ၏။ ထို​သို့​ဆို​သော် ငါ​ဆောင်​ရွက် ခဲ့​ပြီး​သော​အ​မှု​နှင့် နောက်၌ ဆောင်​ရွက် လ​တ္တံ့​သော​အ​မှု​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သ​ရေ ထင်​ရှား​သော သူ​တို့​အား​သာ တိတ်​ဆိတ်​စွာ​ကြား​ပြော၏။- သို့​သော်​လည်း ငါ​နှင့်​အ​တူ​ပါ​သော ဟေ​လ​သ​အ​မျိုး​တိ​တု​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​ကြ။- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ခံ​စား​သော လွှတ်​ခြင်း​အ​ခွင့်​ကို ချောင်း​ကြည့်၍ ငါ​တို့​ကို ကျွန်​ခံ​စေ​မည် အ​ကြံ​နှင့်၊ ပ​ရိ​ယာယ်​အား​ဖြင့် သူ​တစ်​ပါး​သွင်း၍ ငါ​တို့​အ​ထဲ​သို့​ဝင်​သော ညီ​အစ်​ကို၏​အ​ယောင်​ကို ဆောင်​သော သူ​တို့​အ​ကြောင်း​ကြောင့် ထို​သို့​ပြု​ကြ၏။- မှန်​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် သင်​တို့၌ တည်​နေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ထို​သူ​တို့​စီ​ရင်​ခြင်း​ကို ခ​ဏ​မျှ ဝန်​မ​ခံ​ကြ။- အ​သ​ရေ​ထင်​ရှား​သော​သူ​တို့​သည် အ​ထက်​က အ​ဘယ်​သို့​သော​သူ ဖြစ်​ကြ​သည်​ကို​ငါ​မ​ဆိုင်။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။ ထို​သူ​တို့နှင့် ငါ​သည် ပေါင်း​ဖော်၍ ထူး​ခြား​သော​အ​ရာ​ကို မ​ခံ​ရ​သည်​သာ​မ​က၊- အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​တွင် ပေ​တ​ရု​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ၊ ပေ​တ​ရု၌ ပြု​ပြင်​တော်​မူ​သော​သူ​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ့​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ ငါ၌​လည်း ပြု​ပြင်​တော်​မူ​သည်​ဖြစ်၍၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ပေ​တ​ရု၌ အပ်​တော်​မူ​သည်​နည်း​တူ၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် မ​စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ၌ အပ်​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​မြင်​ကြ၏။- အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။- ငါ​တို့​သည် ဆင်း​ရဲ​သော​သူ​များ​ကို အောက်​မေ့​စေ​ခြင်း​ငှာ သူ​တို့​အ​လို​တစ်​ခု​တည်း ရှိ၏။ ထို​အ​မှု​ကို ငါ​သည် အ​လို​အ​လျောက် ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။

ဂလာတိ 2:1-10 Common Language Bible (BCL)

တစ်​ဆယ့်​လေး​နှစ်​မျှ​ကြာ​သော​အ​ခါ ငါ​နှင့် ဗာ​န​ဗ​တို့​သည် တိ​တု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​၏။- ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။- ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ​သို့​ဝင်​ရောက်​လာ သူ​ယုံ​ကြည်​သူ​အ​ယောင်​ဆောင်​အ​ချို့​တို့​က ငါ​၏​အ​ဖော်​တိ​တု​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ကို​ပေး​စေ​လို​ကြ​၏။ သူ​သည်​ဂ​ရိ အ​မျိုး​သား​ပင်​ဖြစ်​သော်​လည်း ငါ​သည် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​အ​တင်း မ​ခံ​စေ​ပါ။ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ရှိ​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော လွတ်​လပ်​မှု​ကို​လျှို့​ဝှက်​စွာ​စုံ​စမ်း​လို​သ​ဖြင့် ထို​သူ​တို့​သည်​ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ သို့​ဝင်​ရောက်​လာ​ကြ​ခြင်း​ဖြစ်​သည်။ သူ​တို့ က​ငါ​တို့​အား​ကျွန်​ဖြစ်​စေ​လို​ကြ​၏။- သို့​ရာ​တွင်​သ​တင်း​ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား ကို သင်​တို့​အ​တွက်​ထိန်း​သိမ်း​ထား​နိုင်​ရန် ငါ တို့​သည်​သူ​တို့​အား​ခေတ္တ​ခ​ဏ​မျှ​ပင် အ​လျှော့​မ​ပေး​ခဲ့။ ခေါင်း​ဆောင်​များ​ဟု​ထင်​မှတ်​ရ​သူ​တို့​သည် ငါ့​အား​အ​ကြံ​ဉာဏ်​သစ်​မ​ပေး​ကြ။ သူ​တို့ သည်​အ​ကယ်​ပင်​ခေါင်း​ဆောင်​များ​ဟုတ် သည်​မ​ဟုတ်​သည်​မှာ ငါ​၏​အ​တွက်​အ​ရေး မ​ကြီး​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​အ​ပြင်​ပုံ​သဏ္ဌာန်​အား​ဖြင့် လူ တို့​အား​အ​ကဲ​ဖြတ်​တော်​မ​မူ​သော​ကြောင့် ပင်​ဖြစ်​၏။- ထို​သူ​တို့​သည်​ငါ့​အား​အ​ကြံ​ဉာဏ်​သစ် ပေး​မည့်​အ​စား​ဘု​ရား​သ​ခင်​သည် ပေ​တ​ရု အား​သ​တင်း​ကောင်း​ကို​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​သူ​တို့​အား ဟော​ပြော​ကြေ​ညာ ရန်​တာ​ဝန်​ပေး​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လူ​မျိုး​ခြား​တို့​အား​သ​တင်း​ကောင်း​ကို ဟော​ပြော​ကြေ​ညာ​ရန် တာ​ဝန်​ပေး​တော်​မူ ကြောင်း​သိ​မြင်​လာ​ကြ​လေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။- အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။- ငါ​တို့​သည်​ဆင်း​ရဲ​သူ​တို့​ကို​သ​တိ​ရ ကူ​ညီ​မ​စ​ရန်​သူ​တို့​အ​လို​ရှိ​၏။ ထို​သို့ ဆောင်​ရွက်​ရန်​ငါ​လည်း​စိတ်​စေ​တ​နာ ထက်​သန်​၏။

ဂလာတိ 2:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် တစ်ဆယ့်လေး​နှစ်​ကြာ​သောအခါ ငါ​သည် တိတု​ကို​ခေါ်​၍ ဗာနဗ​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​သွား​ခဲ့​၏။ ဤသည်ကား ဗျာဒိတ်​တော်​အရ​သွား​ခြင်း​ဖြစ်​၏။ ထိုအခါ ငါ​သည် လူမျိုးခြား​တို့​ထဲ၌ ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အား​တင်ပြ​ပြီး အထင်ကရ​ဖြစ်​သော​သူ​တို့​ကို​မူကား သီးသန့်​တင်ပြ​ခဲ့​၏။ ထိုသို့​တင်ပြ​ခဲ့​ခြင်းမှာ ငါ​ကြိုးစား​အားထုတ်​နေ​သော​အရာ​ဖြစ်စေ၊ ကြိုးစား​အားထုတ်​ခဲ့​သော​အရာ​ဖြစ်စေ အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​မ​ဖြစ်​စေရန်​ဖြစ်​၏။ သို့ရာတွင် ငါ​နှင့်အတူ​ပါ​လာ​သော​တိတု​သည် ဂရိ​လူမျိုး​ဖြစ်​လျက်​ပင် အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ခြင်း​ကို မ​ခံ​ခဲ့​ရ​ပေ။ ဤသို့​ဆို​ရ​ခြင်းမှာ လျှို့ဝှက်​စွာ​ဝင်လာ​သော ညီအစ်ကို​အတုအယောင်​များ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို​သူ​တို့​သည် ငါ​တို့​ကို ကျွန်ခံ​စေ​လို​၍ ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ရရှိ​သော ငါ​တို့​၏​လွတ်လပ်​ခြင်း​ကို​စုံစမ်း​ရန် ဝင်ရောက်​လာ​ကြ​၏။ သို့သော် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​သည် သင်​တို့​တွင် ဆက်၍​တည်​နေ​မည့်​အကြောင်း ငါ​တို့​သည် သူ​တို့​ကို ခေတ္တ​ခဏ​မျှ​ပင် မ​လိုက်လျော​ခဲ့​ကြ​ပေ။ ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ယခင်က မည်ကဲ့သို့သော​သူ​ဖြစ်​ပါစေ ငါ့​အတွက်​အကြောင်း​မ​ဟုတ်။ ဘုရားသခင်​သည် လူ့​မျက်နှာ​ကို​ထောက်​တော်​မ​မူ။ အမှန်စင်စစ် ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ငါ့​အပေါ် မည်သည့်​အရာ​ကို​မျှ မ​ဖြည့်စွက်​ခဲ့​ကြ​ပေ။ သို့သော် ကောင်းမြတ်​သော​သတင်း​ကို အရေဖျား​လှီး​ထား​သော​သူ​တို့​အတွက် ပေတရု​၌​ယုံကြည်​အပ်နှံ​တော်မူ​သကဲ့သို့ အရေဖျား​မ​လှီး​သော​သူ​တို့​အတွက် ငါ​၌​ယုံကြည်​အပ်နှံ​တော်မူ​ကြောင်း​ကို သူ​တို့​တွေ့မြင်​ကြ​၏။ အကြောင်းမူကား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​တမန်တော်​ဖြစ်​စေရန် ပေတရု​အထဲ၌ စီမံ​လုပ်ဆောင်​တော်မူ​သော​အရှင်​သည် လူမျိုးခြား​တို့​၏​တမန်တော်​ဖြစ်​စေရန် ငါ့​အထဲ၌​လည်း စီမံ​လုပ်ဆောင်​တော်မူ​၏။ ဤသို့ဖြင့် မဏ္ဍိုင်​များ​ဖြစ်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​သော ယာကုပ်၊ ကေဖ​နှင့် ယောဟန်​တို့​သည် ငါ့​အား​ပေး​ထား​သော ကျေးဇူး​တော်​ကို​သိမြင်​၍ မိတ်ဖွဲ့​ခြင်း​လက်ယာ​လက်​ကို ငါ​နှင့်​ဗာနဗ​တို့​အား​ကမ်း​လျက် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့​သွား​ရန်​နှင့် သူ​တို့​မူကား အရေဖျား​လှီး​ထား​သော​သူ​တို့​ထံသို့​သွား​ရန် သဘောတူ​ကြ​၏။ သူ​တို့​၏​တစ်ခုတည်း​သော​မှာကြား​ချက်​မှာ ဆင်းရဲသား​တို့​ကို ငါ​တို့​သတိရ​စေရန်​ဖြစ်​၏။ ထို​အမှု​ကို​ပြု​ရန် ငါ​လည်း​ကြိုးစား​အားထုတ်​လာ​ခဲ့​၏။