YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 6:18-20

ဧဖက် 6:18-20 Judson Bible (JBMLE)

ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။- ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​လျက်၊ သံ​တ​မန်​အ​မှု​ကို ပြု​ရ​သည်​ဖြစ်၍၊ ထို​တ​ရား၏ နက်​နဲ​သော​အ​ရာ​ကို ဖော်​ပြ​ခြင်း​ငှာ ငါ​သည်​နှုတ်​ကို ရဲ​ရင့်​စွာ ဖွင့်​လှစ်​ခြင်း​အ​ခွင့် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​တ​ရား​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ၊ ရဲ​ရင့်​စွာ​ဟော ပြော​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။

ဧဖက် 6:18-20 Common Language Bible (BCL)

သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။- ငါ​ဟော​ပြော​ချိန်​၌​ဘုရား​သခင်​သည်​ငါ့​အား နှုတ်​သတ္တိ​ကို​ပေး​သ​နား​တော်​မူ​ရန်​လည်း​ကောင်း၊ သ​တင်း​ကောင်း​၏​နက်​နဲ​သော​အ​ရာ​ကို​ရဲ​ရင့် စွာ​ဖွင့်​ပြ​နိုင်​ရန်​လည်း​ကောင်း ငါ့​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။- ငါ​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ဖြစ်​သော်​လည်း​ထို သ​တင်း​ကောင်း​အ​တွက်​သံ​တ​မန်​ဖြစ်​ပါ​၏။ ထို သ​တင်း​ကောင်း​ကို​ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​သည်​ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန်​ဆု​တောင်း ကြ​လော့။

ဧဖက် 6:18-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။ ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် သံကြိုး​ဖြင့်​ချည်နှောင်​ထား​ခြင်း​ခံရ​သော သံတမန်​ဖြစ်​၏။ ဤ​သို့​ချည်နှောင်​ထား​ခြင်း​ခံရ​သော်လည်း ငါ​သည် ဟောပြော​သင့်​သည့်​အတိုင်း ရဲရင့်​စွာ​ဟောပြော​နိုင်​ရန် ဆုတောင်း​ပေး​ကြ​လော့။