YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 1:8-14

ဧဖက် 1:7-14 Judson Bible (JBMLE)

ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။- ဘု​ရား​သ​ခင်​သည် နှ​လုံး​သွင်း​တော်​မူ​သော စေ​တ​နာ​တော်​နှင့် လျော်​သော အ​လို​တော်၏ နက်​နဲ​သော​အ​ရာ​ကို ငါ​တို့​အား ပြ​တော်​မူ၏။- ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား၊ ကာ​လ​အ​ချိန်​စေ့​စုံ​ခြင်း၏ သာ​သ​နာ​တွင် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာ စေ​တော်​မူ​လိမ့်​သ​တည်း။- မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​ကို မျှော်​လင့်​နှင့်​သော ငါ​တို့​အား​ဖြင့် ဘုန်း​တော်​ကို ချီး​မွမ်း​စေ​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။- သင်​တို့​သည်​လည်း ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော သ​မ္မာ​တ​ရား​ကို​ကြား​နာ၍ ထို​ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး​မှ၊ က​တိ​တော်​နှင့်​ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။- ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

ဧဖက် 1:7-14 Common Language Bible (BCL)

ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊- မိ​မိ​ရည်​ရွယ်​ချက်​အ​တိုင်း​ပြု​တော်​မူ​၏။ ခ​ရစ်​တော်​အား​ဖြင့်​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ​တို့​အား​သိ​စေ​တော်​မူ​ပြီ။- ဤ​အ​ကြံ​အ​စည်​တော်​ကား​အ​ချိန်​တန်​သော အ​ခါ​ခ​ရစ်​တော်​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​စေ လျက် မိုး​မြေ​၌​ရှိ​သ​မျှ​သော​အ​ဖန်​ဆင်း​ခံ​တို့ ကို​စု​ပေါင်း​စေ​ရန်​ပင်​ဖြစ်​သ​တည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။- သို့​ဖြစ်​၍​ခ​ရစ်​တော်​ကို​ဦး​စွာ​ပ​ထ​မ​မျှော် လင့်​ခဲ့​ကြ​သူ​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​ကုန်​စို့။ သင်​တို့​လည်း​ကယ်​တင်​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​တည်း​ဟူ​သော​သမ္မာ​တ​ရား​ကို​ကြား ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် များ​ဖြစ်​လာ​ကြ​၏။ သင်​တို့​သည်​ခ​ရစ်​တော် ကို​ယုံ​ကြည်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ က​တိ​ထား​တော်​မူ​သည့်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ချ​ပေး​ခြင်း​အား​ဖြင့် သင်​တို့​အား မိ​မိ​ပိုင်​တော်​မူ​ကြောင်း​တံ​ဆိပ်​ခတ်​နှိပ်​တော် မူ​၏။- ဝိ​ညာဉ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း ငါ​တို့ ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက်​ဖြစ် တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ ပိုင်​တော်​မူ​သော​သူ​တို့​အား လုံး​ဝ​လွတ်​မြောက် စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​ယုံ​ကြည် စိတ်​ချ​နိုင်​ပေ​သည်။ ငါ​တို့​သည်​ကိုယ်​တော် ၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ထော​မ​နာ​ပြု​ကြ​ကုန်​စို့။

ဧဖက် 1:8-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် ထို​ကျေးဇူး​တော်​ကို ငါ​တို့​၌​ကြွယ်ဝ​ပြည့်စုံ​စေ​တော်မူ​၍ ခပ်သိမ်း​သော​ဉာဏ်ပညာ​နှင့်​အသိပညာ​အားဖြင့် ခရစ်တော်​၌​ကြံရွယ်​ထား​သည့် အလို​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​စေတနာ​တော်​အတိုင်း ငါ​တို့​အား​သိ​စေ​တော်မူ​၏။ ထို​နက်နဲ​သော​အရာ​ဟူမူကား အချိန်အခါ​များ​ပြည့်စုံ​သောအခါ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ အရာ​ခပ်သိမ်း​တို့​ကို ခရစ်တော်​၌​ပေါင်းစည်း​စေရန် စီမံ​ခန့်ခွဲ​တော်မူ​ခြင်း​ဖြစ်​၏။ ငါ​တို့​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အလို​တော်​နှင့်ညီသော​ဆုံးဖြတ်​ချက်​အတိုင်း လုပ်ဆောင်​စေ​တော်မူ​သော​အရှင်​၏​အကြံအစည်​တော်​နှင့်အညီ ကြိုတင်​သတ်မှတ်​ထား​ခြင်း​ခံရ​၍ ထို​ခရစ်တော်​အားဖြင့် အမွေ​တော်​ကို​ရရှိ​ကြ​၏။ ဤသည်ကား ခရစ်တော်​၌ ဦးစွာ​မျှော်လင့်​ထား​သော​ငါ​တို့​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။ သင်​တို့​သည်​လည်း သင်​တို့​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​တည်းဟူသော သမ္မာတရား​၏​နှုတ်ကပတ်တော်​ကို ထို​သခင်​၌​ကြား​ရ​၍ ကိုယ်တော်​ကို​ယုံကြည်​သဖြင့် ကတိ​ထား​တော်မူ​သော သန့်ရှင်း​သော​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။ ထို​ဝိညာဉ်​တော်​သည် ပိုင်ဆိုင်​တော်မူ​သော​သူ​တို့​ရွေးနုတ်​ခြင်း​ခံရ​သည်​အထိ ငါ​တို့​၏​အမွေ​အတွက် စရန်​ဖြစ်​တော်မူ​၏။ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​အတွက်​လည်း​ဖြစ်​၏။