YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 9:1-12

ဒေသနာ 9:1-12 Judson Bible (JBMLE)

အ​ထက်​ဆို​ခဲ့​ပြီး​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည် စုံ​စမ်း​ခြင်း​ငှာ ဆင်​ခြင်​ရ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​နှင့် ပ​ညာ​ရှိ​သော​သူ​တို့​သည် သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏​လက်​တော်၌ ရှိ​ကြ၏။ ချစ်​တော်​မူ​သော​လ​က္ခ​ဏာ​ကို ထင်​ရှား​သ​မျှ​သော​အ​မှု​အ​ရာ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​သိ​နိုင်။ ခပ်​သိမ်း​သော​သူ​တို့​သည် ခပ်​သိမ်း​သော အ​မှု​အ​ရာ​တို့​နှင့် ဆက်​ဆံ​ကြ၏။ တ​ရား​သော​သူ​နှင့် မ​တ​ရား​သော​သူ၊ ကောင်း​သော​သူ​နှင့် မ​ကောင်း​သော​သူ၊ စင်​ကြယ်​သော​သူ​နှင့် မ​စင်​ကြယ်​သော​သူ၊ ယဇ်​ပူ​ဇော်​သော​သူ​နှင့် ယဇ်​မ​ပူ​ဇော်​သော​သူ၊ အ​ပြစ်​မ​ရှိ​သော​သူ​နှင့် အ​ပြစ်​ရှိ​သော​သူ၊ ကျိန်​ဆို​သော​သူ​နှင့် ကျိန်​ဆို​ခြင်း​ကို​ကြောက်​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်၏။ နေ​အောက်​မှာ ပြု​သ​မျှ​သော​အ​မှု၌​ပါ​သော ဝမ်း​နည်း​စ​ရာ​ဟူ​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​ရ​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၏​စိတ်​နှ​လုံး​သည် ဒု​စ​ရိုက်​သ​ဘော​နှင့် ပြည့်၏။ အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​တို့​သည် ရူး​သော​စိတ်​ကို​စွဲ​လမ်း၍၊ နောက်​တစ်​ဖန် သေ​သွား​တတ်​ကြ၏။ အ​သက်​ရှင်​သော​လူ​စု​အ​ပေါင်း​နှင့် ဆိုင်​သေး​သော​သူ​သည် မျှော်​လင့်​စ​ရာ​ရှိ၏။ အ​သက်​ရှင်​သော​ခွေး​သည် သေ​သော​ခြင်္သေ့​ထက် သာ၍​ကောင်း​မြတ်၏။ အ​သက်​ရှင်​သော​သူ​သည် မိ​မိ​သေ​ရ​မည်​ကို​သိ၏။ သေ​သော​သူ​မူ​ကား၊ အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ အ​ကျိုး​အ​ပြစ်​ကို​လည်း မ​ခံ​ရ။ သူ့​ကို​လည်း မေ့​လျော့​တတ်​ကြ၏။ သူ၏​ချစ်​ခြင်း၊ မုန်း​ခြင်း၊ ငြူ​စူ​ခြင်း​လည်း​ပျောက်​ပျက်၏။ နေ​အောက်​မှာ​ပြု​သ​မျှ​သော​အ​မှု၌ သူ​တစ်​ပါး​နှင့် ရော​နှော၍ မ​ဆိုင်​ရ။ သွား​လော့။ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​စား​လော့။ ရွှင်​လန်း​သော​စိတ်​နှင့် စ​ပျစ်​ရည်​ကို​သောက်​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​ဝန်​ခံ​တော်​မူ၏။ သင့်​အ​ဝတ်​လည်း၊ အ​စဉ် ဖြူ​စင်​ပါ​လေ​စေ။ သင့်​ခေါင်း​သည်​လည်း နံ့​သာ​ဆီ မ​ခန်း​မ​ခြောက်​စေ​နှင့်။ နေ​အောက်​မှာ ပေး​သ​နား​တော်​မူ​သော အ​န​တ္တ​အ​သက်​ကာ​လ​ပတ်​လုံး၊ သင်​ချစ်​သော​မ​ယား​နှင့် ရွှင်​လန်း​စွာ အ​သက်​ကာ​လ​ကို​လွန်​စေ​လော့။ ဤ​ရွေ့​ကား၊ အ​သက်​ရှင်၍ နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​ရာ၌ သင်​ခံ​ရ​သော အ​ကျိုး​ပေ​တည်း။ ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။ တစ်​ဖန် နေ​အောက်​မှာ​ရှိ​သော အ​မှု​အ​ရာ​တို့​ကို ငါ​ပြန်၍​ကြည့်​ရှု​သော​အ​ခါ၊ လျင်​မြန်​သော​သူ​သည် ပြိုင်၍​ပြေး​သော်​လည်း မ​နိုင်​တတ်။ ခွန်​အား​ကြီး​သော​သူ​သည် စစ်​တိုက်၍ မ​အောင်​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် ဝ​စွာ​မ​စား​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည် စည်း​စိမ်​ကို​မ​ရ​တတ်။ လိ​မ္မာ​သော​သူ​သည် သူ​တစ်​ပါး​ရှေ့၌ မျက်​နှာ​မ​ရ​တတ်။ ခပ်​သိမ်း​သော​သူ​တို့၌ ကာ​လ​အ​ချိန်​စေ့​ခြင်း၊ အ​ဆင်​သင့်​ခြင်း​ရှိ​သည်​အ​တိုင်း ဖြစ်​တတ်​သည်​ကို ငါ​မြင်၏။ လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။

ဒေသနာ 9:1-12 Common Language Bible (BCL)

အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။ ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။ နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။ အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက် ပျက်၏။ နေအောက်မှာ ပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။ သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။ သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။ နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။ တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။ လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။

ဒေသနာ 9:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို နှလုံးသွင်းဆင်ခြင်​၍ ဤ​အရာ​အားလုံး​ကို​ဆန်းစစ်​၏​။ ၎င်း​မှာ ဖြောင့်မတ်​သော​သူ​များ​ဖြစ်စေ​၊ ပညာရှိ​သော​သူ​များ​ဖြစ်စေ​၊ သူ​တို့​၏​လုပ်ဆောင်မှု​များ​ဖြစ်စေ ဘုရားသခင်​၏​လက်​တော်​၌​ရှိ​သည်​ဟူ၍​ဖြစ်​၏​။ ချစ်​သည်​ဖြစ်စေ​၊ မုန်း​သည်​ဖြစ်စေ လူ​သည် ရှေ့​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​သိ​ပေ​။ ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​ဖြစ်စေ​၊ ကောင်း​သော​သူ​နှင့် မကောင်း​သော​သူ​ဖြစ်စေ​၊ စင်ကြယ်​သော​သူ​နှင့် မစင်ကြယ်​သော​သူ​ဖြစ်စေ​၊ ယဇ်ပူဇော်​သော​သူ​နှင့် ယဇ်​မ​ပူဇော်​သော​သူ​ဖြစ်စေ​၊ သူတော်ကောင်း​နှင့် အပြစ်ပြု​သော​သူ​ဖြစ်စေ​၊ ကျိန်ဆို​သော​သူ​နှင့် ကျိန်ဆို​ခြင်း​ကို​ကြောက်​သော​သူ​ဖြစ်စေ အားလုံး​သည် အားလုံး​နည်းတူ တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​၏​။ အားလုံး​သည် တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​သည်​ဟူသော​ဤ​အချက်​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​ထဲမှ မကောင်း​သော​အမှု​ဖြစ်​၏​။ လူသား​တို့​၏​စိတ်နှလုံး​သည်​လည်း မကောင်းမှု​နှင့်​ပြည့်နှက်​လျက်​ရှိ​၍ သူ​တို့​အသက်ရှင်​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ရူးသွပ်​ခြင်း​ရှိ​၏​။ ထို့နောက်တွင် သူ​တို့​သည် သေဆုံး​ကြ​ရ​၏​။ အမှန်စင်စစ် အသက်ရှင်​သော​သူ​အားလုံး​တို့​တွင်​ပါဝင်​လျက်​ရှိ​သော​သူ​၌ မျှော်လင့်​ခြင်း​ရှိ​၏​။ အသက်ရှင်​သော​ခွေး​သည် သေ​သော​ခြင်္သေ့​ထက် ပို၍​ကောင်း​၏​။ အကြောင်းမူကား အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​သေ​ရ​မည်​ကို သိ​ကြ​၏​။ သေ​သော​သူ​တို့​မူကား မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ သူ​တို့​နှင့်ဆိုင်သော​အောက်မေ့စရာ​များ​ပင်လျှင် မေ့လျော့​ခြင်း​ခံရ​သည်​ဖြစ်၍ သူ​တို့​အတွက် ဆုလာဘ်​လည်း နောက်ထပ်​မ​ရှိ​တော့​ပေ​။ သူ​တို့​၏​ချစ်ခြင်းမေတ္တာ​၊ သူ​တို့​၏​မုန်းတီး​ခြင်း​၊ သူ​တို့​၏​မနာလိုဝန်တို​ခြင်း​တို့​သည်​လည်း ပျက်စီး​ပြီ​ဖြစ်​၏​။ နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​၌ သူ​တို့​အတွက် နောက်တစ်ဖန်​မည်သည့်​ဝေစု​မျှ ရှိ​တော့​မည်​မ​ဟုတ်​။ သွား​လော့​။ သင်​၏​အစားအစာ​ကို ဝမ်းမြောက်​စွာ​စား​လော့​။ သင်​၏​စပျစ်ဝိုင်​ကို​လည်း ကြည်ရွှင်​သော​စိတ်နှလုံး​ဖြင့် သောက်​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် သင်​ပြုလုပ်​သော​အမှု​များ​ကို နှစ်သက်​တော်မူ​ပြီ​။ သင်​၏​အဝတ်​များ​သည် အစဉ်အမြဲ​ဖြူ​နေ​ပါစေ​။ သင်​၏​ခေါင်း​ပေါ်မှ​နံ့သာဆီ​ကို​လည်း မ​ခန်းခြောက်​စေ​နှင့်​။ နေ​အောက်​တွင်​ရှိ​သည့် သင်​၏​အချည်းနှီး​သော​နေ့ရက်​အားလုံး​ဖြစ်​သည့် နေ​အောက်​တွင် သင့်​အား​ပေးသနား​တော်မူ​သော သင်​၏​အချည်းနှီး​သော​အသက်တာ​၏​နေ့ရက်​အားလုံး​တို့​၌ သင်​ချစ်​သော​မယား​နှင့်အတူ ရွှင်လန်း​စွာ​အသက်ရှင်​လော့​။ အကြောင်းမူကား ဤ​အရာ​သည် သင်​၏​အသက်တာ​၌​လည်းကောင်း​၊ နေ​အောက်​တွင် သင်​ကြိုးပမ်းအားထုတ်​သော သင်​၏​ကြိုးပမ်းအားထုတ်မှု​၌​လည်းကောင်း သင်​ရရှိ​သော​ဝေစု​ဖြစ်​၏​။ သင်​လုပ်ဆောင်စရာအမှု​ရှိသမျှ​ကို ခွန်အား​စိုက်ထုတ်​၍​လုပ်ဆောင်​လော့​။ အကြောင်းမူကား သင်​သွား​ရ​မည့် မရဏာနိုင်ငံ​တွင် အလုပ်အကိုင်​မ​ရှိ​၊ အကြောင်းအကျိုး​မ​ရှိ​၊ အသိပညာ​မ​ရှိ​၊ ဉာဏ်ပညာ​လည်း​မ​ရှိ​။ တစ်ဖန် နေ​အောက်​တွင် ငါ​ပြန်​၍​တွေ့မြင်​သည်​ကား ပြိုင်ပွဲ​သည် လျင်မြန်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ စစ်ပွဲ​သည် ခွန်အားကြီး​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အစားအစာ​သည် ပညာရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ ဓနဥစ္စာ​သည် အသိဉာဏ်​ရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ မျက်နှာရ​ခြင်း​သည်​လည်း တတ်သိ​နားလည်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အကြောင်းမူကား အချိန်​ကာလ​နှင့်​အကြောင်းတိုက်ဆိုင်မှု​သည် ထို​သူ​အားလုံး​တို့​၌ ရောက်လာ​တတ်​၏​။ အမှန်စင်စစ် လူ​သည် မိမိ​၏​အချိန်​ကာလ​ကို မ​သိ​တတ်​။ ဘေးအန္တရာယ်​ရှိ​သော​ပိုက်ကွန်​၌ ဖမ်းမိ​ခြင်း​ခံရ​သော​ငါး​များ​နှင့် ကျော့ကွင်း​၌​မိ​သော​ငှက်​များ​ကဲ့သို့ လူသား​တို့​သည် သူ​တို့​အပေါ်​သို့ ဆိုးရွား​သော​အချိန်​ကာလ ရုတ်တရက်​ကျရောက်​သောအခါ ထို​အရာ​အားဖြင့် ကျော့မိ​တတ်​၏​။