YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 8:2-15

ဒေသနာ 8:2-15 Judson Bible (JBMLE)

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပြု​သော​သ​စ္စာ​ကို​ထောက်၍၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို စောင့်​လော့။ သ​မ္မာ​သ​တိ​လစ်၍ အ​ထံ​တော်​မှ မ​ထွက်​နှင့်။ မ​ကောင်း​သော​အ​မှု​ကို မ​ဆွဲ​မ​ကိုင်​နှင့်။ အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​မည်။ ရှင်​ဘု​ရင်​အ​မိန့်​တော်၌ တန်​ခိုး​ပါ၏။ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ ဆို​ရာ​သ​နည်း။ အ​မိန့်​တော်​ကို​စောင့်​သော​သူ​သည် ရာ​ဇ​ဝတ်​နှင့် လွတ်​လိမ့်​မည်။ ပ​ညာ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည်​လည်း၊ ကာ​လ​အ​ချိန်​ကို​လည်း​ကောင်း၊ စီ​ရင်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း သိ​မြင်​တတ်၏။ လူ​ကြံ​စည်​သ​မျှ​အ​ဖို့၊ ကာ​လ​အ​ချိန်​နှင့် စီ​ရင်​ရ​သော​အ​ခွင့်​ရှိ၏။ သို့​သော်​လည်း၊ လူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ၏။ နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို​မ​သိ။ အ​ဘယ်​သို့ ဖြစ်​လ​တ္တံ့​သည်​ကို တစ်​စုံ​တစ်​ယောက်​မျှ မ​ပြော​နိုင်​ရာ။ နာမ်​ဝိ​ညာဉ်​ကို​အ​စိုး​ရ၍ ချုပ်​ထား​နိုင်​သော​လူ တစ်​ယောက်​မျှ​မ​ရှိ။ သေ​ချိန်​ရောက်​သော​အ​ခါ တန်​ခိုး​မ​ရှိ။ ထို​စစ်​မှု​ထဲ​က ထွက်​စ​ရာ​အ​ခွင့် မ​ရှိ။ ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဒု​စ​ရိုက်​သည် ထို​အ​မှု​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။ ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​တွေ့​မြင်​ပြီ။ နေ​အောက်​မှာ ပြု​လေ​သ​မျှ​တို့​ကို ဆင်​ခြင်​ပြီ။ မိ​မိ​အ​ကျိုး​ပျက်​အောင် တစ်​ယောက်​ကို​တစ်​ယောက် အုပ်​စိုး​သော​အ​ချိန်​လည်း​ရှိ၏။ ထို​မှ​တစ်​ပါး၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န​တော်​သို့ သွား​လာ​သော အ​ဓ​မ္မ​လူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံ​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု​ဖူး​သော​မြို့၌ သူ​တို့​ကို အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။ အ​ဓ​မ္မ​အ​မှု​ကို အ​လျင်​အ​မြန်​စစ်​ကြော၍၊ ဒဏ်​မ​ပေး​သော​ကြောင့်၊ လူ​သား​တို့​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ၊ ခိုင်​မာ​စွာ သ​ဘော​ထား​ကြ၏။ အ​ဓ​မ္မ​လူ​သည် အ​ကြိမ်​တစ်​ရာ​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို​ပြု၍၊ အ​သက်​တာ​ရှည်​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု ငါ​အ​မှန်​သိ၏။ အ​ဓ​မ္မ​လူ​ကား၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ မ​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို မ​ခံ​ရ။ အ​ရိပ်​နှင့်​တူ​သော မိ​မိ​အ​သက်​သည်​လည်း မ​ရှည်​ရ။ မြေ​ကြီး​ပေါ်​မှာ ဖြစ်​တတ်​သော အ​န​တ္တ​အ​မှု​တစ်​ပါး​ဟူ​မူ​ကား၊ အ​ဓ​မ္မ​လူ​ပြု​သော​အ​မှု​ကြောင့် ခံ​ထိုက်​သည်​အ​တိုင်း၊ ဖြောင့်​မတ်​သော​သူ​အ​ချို့​တို့​သည် အ​ပြစ်​ကို​ခံ​ရ​ကြ၏။ ထို​နည်း​တူ၊ ဖြောင့်​မတ်​သော​သူ​ပြု​သော​အ​မှု​ကြောင့် ခံ​ထိုက်​သည်​အ​တိုင်း၊ အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အ​ကျိုး​ကို ခံ​ရ​ကြ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟု ငါ့​သ​ဘော​ရှိ၏။ ထို​အ​ခါ ပျော်​မွေ့​ခြင်း​အ​မှု​ကို ငါ​ချီး​မွမ်း၏။ အ​ကြောင်း​မူ​ကား၊ လူ​သည်​နေ​အောက်​မှာ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ။ နေ​အောက်​မှာ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော​အ​သက်​ကာ​လ၌၊ ကြိုး​စား​အား​ထုတ်၍​ရ​သော အ​ကျိုး​တို့​တွင်၊ ထို​အ​ကျိုး​ကို​သာ အ​မြဲ​ခံ​ရ၏။

ဒေသနာ 8:2-15 Common Language Bible (BCL)

ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။ သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။ ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။ အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကို၎င်း၊ စီရင်ရသောအခွင့်ကို၎င်း သိမြင် တတ်၏။ လူကြံစည်သမျှအဘို့၊ ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲ ခြင်းကို ခံရ၏။ နောက်ဖြစ်လတံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက်မျှမပြောနိုင်ရာ။ နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။ ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ၏။ ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။ အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။ အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မ ကြောက် မရွံ့သောအကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်လည်းမရှည်ရ။ မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ၏။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ၏။ ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။

ဒေသနာ 8:2-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​ဆို​သည်​ကား “​ဘုရားသခင်​၏​ရှေ့​တော်​၌​ကျိန်ဆို​ထား​သည်​ဖြစ်၍ ရှင်ဘုရင်​၏​အမိန့်​ကို​နာခံ​လော့​။ သူ​၏​ရှေ့မှောက်​မှ အလျင်စလို​မ​ထွက်သွား​နှင့်​။ မကောင်း​သော​အမှု​ဘက်​၌ မ​ရပ်တည်​နှင့်​။ အကြောင်းမူကား သူ​သည် အရာ​အားလုံး​ကို​အလိုရှိ​သည့်​အတိုင်း စီရင်​တတ်​၏​။​” ရှင်ဘုရင်​၏​အမိန့်​၌ အခွင့်အာဏာ​ရှိ​၏​။ “​သင်​ဘာ​လုပ်​နေ​သနည်း​”​ဟု သူ့​ကို​မည်သူ​ပြော​နိုင်​သနည်း​။ သူ​၏​အမိန့်​ကို​စောင့်ထိန်း​သော​သူ​သည် မကောင်း​သော​အမှုအရာ​နှင့်​တွေ့ကြုံ​ရ​လိမ့်မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​၏​စိတ်နှလုံး​သည် အချိန်​နှင့်​စီရင်ထုံး​တို့​ကို သိ​တတ်​၏​။ လူ့​အပေါ်​၌ များစွာ​သော​ဒုက္ခ​ကျရောက်​တတ်​သော်လည်း ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​၊ သူ့​စီရင်ထုံး​ရှိ​၏​။ အကြောင်းမူကား နောင်​ဖြစ်​မည့်​အရာ​ကို မည်သူမျှ​မ​သိ​သည်​ဖြစ်၍ မည်သည့်​အရာ​ဖြစ်လာ​မည်​ကို မည်သူ​ပြော​နိုင်​သနည်း​။ လေ​ကို​တားဆီး​ရန် မည်သူ​မျှ​လေ​ကို​မ​ထိန်းချုပ်​နိုင်​သကဲ့သို့ သေ​ရ​မည့်​နေ့ရက်​အပေါ် အခွင့်အာဏာ​ရှိ​သော​သူ​မ​ရှိ​။ (စစ်ဖြစ်ချိန်​၌) စစ်ပွဲ​မှ​မည်သူ​မျှ​ထွက်ခွာ​ခွင့်​မ​ရှိ​သကဲ့သို့ ဆိုးယုတ်မှု​သည် ဆိုးယုတ်​သော​သူ​ကို လွတ်မြောက်​ခွင့်​ပေး​လိမ့်မည်​မ​ဟုတ်​။ ငါ​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှုအရာ​ကို ဆင်ခြင်​နှလုံးသွင်း​သောအခါ ဤ​အရာ​အားလုံး​ကို တွေ့မြင်​၏​။ လူ​သည် အခြားသောသူ​ကို​စိုးမိုး​၍ သူ​ကိုယ်တိုင် ဒုက္ခ​ရောက်​ရ​သော​အချိန်​ရှိ​၏​။ တစ်ဖန် သန့်ရှင်း​သော​နေရာ​၌ ဝင်ထွက်​သွားလာ​ခဲ့​သည့် ဆိုးယုတ်​သော​သူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံရ​သည်​ကို​ငါ​တွေ့မြင်​၏​။ သူ​တို့​သည် ထိုသို့​ပြု​ခဲ့​ရာ​မြို့​တွင် မေ့လျော့​ခြင်း​ခံရ​ကြ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ မကောင်း​သော​အမှု​အတွက် စီရင်ချက်​အလျင်အမြန်​မ​ချမှတ်​သောကြောင့် လူသား​တို့​၏​စိတ်နှလုံး​သည် မကောင်းမှု​ပြု​လို​သော​သဘော​နှင့် ပြည့်ဝ​လျက်​ရှိ​၏​။ အပြစ်ပြု​သော​သူ​သည် မကောင်းမှု​ကို​အကြိမ်​တစ်ရာ​ပြု​လျက်ပင် အသက်ရှည်​သော်လည်း ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ကြ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​ကြောင်း ငါ​အမှန်​သိ​၏​။ ဆိုးယုတ်​သော​သူ​မူကား ဘုရားသခင်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ခြင်း​မ​ရှိ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​လိမ့်မည်​မ​ဟုတ်​။ သူ​၏​နေ့ရက်​ကာလ​များ​သည်​လည်း အရိပ်​ကဲ့သို့​ဖြစ်၍ ရှည်​လိမ့်မည်​မ​ဟုတ်​။ ကမ္ဘာမြေကြီး​ပေါ်တွင်​ဖြစ်​တတ်​သည့် အချည်းနှီး​သော​အမှု​တစ်​ခု​ရှိ​၏​။ ၎င်း​မှာ ဆိုးယုတ်​သော​သူ​တို့​ခံထိုက်​သော​ဆိုးကျိုး​ကို ခံရ​သည့်​ဖြောင့်မတ်​သော​သူ​များ​ရှိ​သကဲ့သို့ ဖြောင့်မတ်​သော​သူ​တို့​ခံထိုက်​သော​ကောင်းကျိုး​ကို ခံရ​သည့်​ဆိုးယုတ်​သော​သူ​များ​လည်း​ရှိ​ကြ​သည်​ဟူ၍​ဖြစ်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​သည်​ဟု ငါ​ဆို​၏​။ သို့ဖြစ်၍ ပျော်ရွှင်မှု​ကို​ငါ​ထောမနာပြု​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင် စား​လျက်​၊ သောက်​လျက်​၊ ဝမ်းမြောက်​လျက်​နေ​ခြင်း​ထက် လူ့​အတွက်​ကောင်း​သည့်​အရာ​မ​ရှိ​။ ဤသည်ကား နေ​အောက်​တွင် လူ​ကို​ဘုရားသခင်​ပေး​တော်မူ​သော အသက်တာ​၏​နေ့ရက်​ကာလ​များ​၌ လူ​၏​ကြိုးပမ်းအားထုတ်မှု​ထဲတွင် သူ​နှင့်အတူ​လိုက်ပါ​လာ​သော​အရာ​ဖြစ်​၏​။