YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 6:1-12

ဒေသနာ 6:1-12 Judson Bible (JBMLE)

လူ​တို့​တွင် အ​တွေ့​များ၍၊ နေ​အောက်၌ ငါ​မြင်​ရ​သော​အ​မှု​ဆိုး​ဟူ​မူ​ကား၊ အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ပြေ​လောက်​အောင် စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို ဘု​ရား​သ​ခင်​ပေး​သော်​လည်း၊ ခံ​စား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ကိုယ်​တိုင် မ​ခံ​စား​ရ။ မ​ဆိုင်​သော​သူ​တစ်​ပါး​ဝင်၍ ခံ​စား​ရ​သော​အ​မှု​သည် အ​န​တ္တ​အ​မှု၊ ဆိုး​သော​အ​မှု ဖြစ်၏။ လူ​သည် နှစ်​ပေါင်း​များ​စွာ အ​သက်​ရှည်၍၊ သား​တစ်​ရာ​ပင်​ရှိ​ငြား​သော်​လည်း၊ အ​လို​ဆ​န္ဒ​မ​ပြည့်​စုံ​ဘဲ၊ သင်္ဂြိုဟ်​ခြင်း​ကို မ​ခံ​ရ​ဘဲ​သေ​သွား​လျှင်၊ ထို​သူ​ထက် ပျက်​သော​ကိုယ်​ဝန်​သည် သာ၍​မြတ်၏။ အ​ကြောင်း​မူ​ကား၊ ပျက်​သော​ကိုယ်​ဝန်​သည် အ​ချည်း​နှီး​ပေါ်​လာ၏။ မှောင်​မိုက်​ထဲ​မှာ ထွက်​သွား၏။ သူ့​အ​မည်​ကား၊ မှောင်​မိုက်​နှင့်​ဖုံး​လွှမ်း​လျက် ရှိ​လိမ့်​မည်။ နေ​ကို​လည်း မ​မြင်​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​ရ။ သို့​သော်​လည်း၊ အ​ရင်​ဆို​သော​သူ​ထက် သာ၍ ချမ်း​သာ​ရ၏။ အ​ကယ်၍ အ​ရင်​ဆို​သော​သူ​သည် အ​နှစ်​နှစ်​ထောင် အ​သက်​ရှင်​သော်​လည်း၊ အ​ကျိုး​ကျေး​ဇူး​မ​ရှိ။ အ​လုံး​စုံ​တို့​သည် တစ်​ခု​တည်း​သော​အ​ရပ်​သို့ သွား​ရ​ကြ​သည် မ​ဟုတ်​လော။ လူ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ ဝမ်း​ဖို့​သာ ကြိုး​စား​အား​ထုတ်​သော်​လည်း၊ စား​ချင်​သော​စိတ် မ​ပြေ​နိုင်။ ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​ထက် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ အ​သက်​ရှင်​သော​သူ​များ​ရှေ့​မှာ ကျင့်​ကြံ​ပြု​မူ​တတ်​သော ဆင်း​ရဲ​သား၏​အ​ကျိုး​ကျေး​ဇူး​ကား အ​ဘယ်​သို့​နည်း။ ကိုယ်​တိုင်​တွေ့​မြင်​ခြင်း​အ​ကျိုး​သည် လော​ဘ​ပြန့်​ပွား​ခြင်း​အ​ကျိုး​ထက် သာ၍​ကြီး၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။ ရှိ​သ​မျှ​သော အ​ခြင်း​အ​ရာ​များ​ကို မှတ်​သား​နှင့်​ပြီ။ လူ၏​အ​ခြင်း​အ​ရာ သက်​သက်​ဖြစ်​သည်​ကို သိ​ရ၏။ လူ​သည် မိ​မိ​ထက် တန်​ခိုး​ကြီး​သော​သူ​နှင့် မ​ပြိုင်​နိုင်​ရာ။ အ​န​တ္တ​တိုး​ပွား​စ​ရာ​အ​ကြောင်း များ​ပြား​သည်​ဖြစ်၍၊ လူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ အ​ရိပ်​ကဲ့​သို့ လွန်​တတ်​သော​အ​န​တ္တ​အ​သက် ကာ​လ​ပတ်​လုံး၊ လူ၌ ကျေး​ဇူး​ပြု​တတ်​သော​အ​ရာ​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။ နေ​အောက်၌ လူ​နောက်​မှာ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​တို့​ကို​လည်း၊ အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။

ဒေသနာ 6:1-12 Common Language Bible (BCL)

လူတို့တွင် အတွေ့များ၍၊ နေအောက်၌ ငါမြင်ရ သော အမှုဆိုးဟူမူကား၊ အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။ လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။ အကြောင်းမူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည်။ နေကိုလည်းမမြင်ရ။ အဘယ်အရာကိုမျှမသိရ။ သို့သော်လည်း၊ အရင်ဆိုသောသူထက်သာ၍ ချမ်းသာ ရ၏။ အကယ်၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။ လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။ ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း။ ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။ ရှိသမျှသော အခြင်းအရာများကို မှတ်သား နှင့်ပြီ။ လူ၏အခြင်းအရာသက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။ အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။ အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး၊ လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ အဘယ်သူပြော နိုင်သနည်း။

ဒေသနာ 6:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နေ​အောက်​တွင်​ငါ​တွေ့မြင်​သော အဖြစ်ဆိုး​တစ်​ခု​ရှိ​၍ ၎င်း​သည် လူ​ကို​ဝန်ပိ​စေ​၏​။ ဘုရားသခင်​သည် လူ​တစ်​ဦး​အား ဓနဥစ္စာ​၊ စည်းစိမ်​ချမ်းသာ​နှင့် ဂုဏ်သရေ​တို့​ကို​ပေး​တော်မူ​သဖြင့် သူ​သည် သူ​၏​စိတ်ဝိညာဉ်​၌​တောင့်တ​သော​အရာ​တစ်စုံတစ်ခု​မျှ ချို့တဲ့​ခြင်း​မ​ရှိ​။ သို့သော် ဘုရားသခင်​သည် သူ့​အား ထို​အရာ​ကို​ခံစား​သုံးဆောင်​ရ​သော​အခွင့်ပေး​တော်​မ​မူ​သောကြောင့် သူတစ်ပါး​သည် ထို​အရာ​ကို​ခံစား​သုံးဆောင်​ရ​၏​။ ဤ​အရာ​သည် အချည်းနှီး​ဖြစ်ပြီး ရောဂါ​ဆိုး​တစ်​ခု​ဖြစ်​၏​။ လူ​သည် သား​တစ်ရာ​မွေးဖွား​၍ နှစ်ပေါင်း​များစွာ​အသက်ရှင်​ရ​လျက် သူ့​အသက်တာ​၏​နေ့ရက်​သည် များပြား​လျှင်လည်း သူ​၏​စိတ်ဝိညာဉ်​သည် ကောင်းကျိုးချမ်းသာ​ကြောင့် အလိုပြည့်စုံ​သည်​ဟူ၍​မ​ရှိ​သကဲ့သို့ သူ့​ကို သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​လည်း​မ​ရှိ​လျှင် အသေမွေး​သော​ကလေး​သည် ထို​သူ​ထက်​ပို၍​ကောင်း​သည်​ဟု ငါ​ဆို​၏​။ အကြောင်းမူကား ထို​ကလေး​သည် အချည်းနှီး​ထဲသို့​ရောက်လာ​၍ အမှောင်​ထဲသို့​ထွက်သွား​၏​။ သူ​၏​အမည်​သည်​လည်း အမှောင်​ထဲ၌​ဖုံးအုပ်​ခြင်း​ခံရ​၏​။ သူ​သည် နေ​ကို​လည်း​မ​မြင်​ရ​၊ မည်သည့်​အရာ​ကို​မျှ​လည်း​မ​သိ​ရ​။ သို့သော် ထို​ကလေး​သည် အထက်​ဖော်ပြ​ပါ​လူ​ထက် ပို၍​အေးချမ်းမှု​ရှိ​၏​။ အကယ်၍ ထို​လူ​သည် အနှစ်​တစ်ထောင်​ကို​နှစ်ဆ​တိုး​၍​အသက်ရှင်​ရ​သော်လည်း ကောင်းကျိုးချမ်းသာ​ကို​မ​တွေ့​ရ​လျှင် မည်သည့်​အကျိုးရှိ​မည်နည်း​။ အားလုံး​သည် တစ်ခုတည်း​သော​အရပ်​သို့​သွား​ကြ​သည်​မ​ဟုတ်​လော​။ လူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​သည် မိမိ​ပါးစပ်​အတွက်​ဖြစ်​၏​။ သို့သော် သူ​၏​အာသာ​သည် မည်သည့်​အခါ​မျှ​မ​ပြေ​နိုင်​။ ပညာရှိ​သော​သူ​သည် မိုက်မဲ​သော​သူ​ထက် မည်သို့​အကျိုးထူး​သနည်း​။ အသက်ရှင်​သော​သူ​များ​ရှေ့​တွင် မည်သို့​ကျင့်ကြံ​ပြုမူ​ရ​မည်​ကို​သိ​သော​ဆင်းရဲသား​သည်​လည်း မည်သို့​အကျိုးထူး​သနည်း​။ မျက်စိ​ဖြင့်​မြင်​ရ​ခြင်း​သည် စိတ်ကူးယဉ်​နေ​ခြင်း​ထက် ပို၍​ကောင်း​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ ယခု​ရှိ​နေ​သော​အရာ​၏​အမည်​ကို မှည့်ခေါ်​ထား​ပြီး​ဖြစ်​၏​။ လူ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်း သိ​ထား​ပြီး​ဖြစ်၍ သူ​သည် မိမိ​ထက်​တန်ခိုးကြီး​သော​သူ​နှင့် ဖက်ပြိုင်​၍​မ​ရ​နိုင်​။ စကား​များစွာ​ပြော​လျှင် အချည်းနှီး​သော​အရာ​လည်း များပြား​လာ​တတ်​သည်​ဖြစ်၍ လူ​အတွက် မည်သည့်​အကျိုး​ရှိ​သနည်း​။ အရိပ်​ကဲ့သို့​ဖြတ်သန်း​သွား​၍ အချည်းနှီး​ဖြစ်​သည့် လူ​၏​အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ့​အသက်တာ​အတွက် မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို မည်သူ​သိ​နိုင်​သနည်း​။ သူ့​နောက်တွင် နေ​အောက်​၌ မည်သည့်​အရာ​ဖြစ်ပျက်​မည်​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​သနည်း​။