YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 5:1-6

ဒံယေလ 5:1-6 Judson Bible (JBMLE)

တစ်​ရံ​ရော​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး​သည် မှူး​မတ်​တစ်​ထောင်​ကို ခေါ်​ပြီး​လျှင် ကြီး​စွာ​သော​ပွဲ​ကို လုပ်၍၊ မှူး​မတ်​တစ်​ထောင်​နှင့်​တ​ကွ စ​ပျစ်​ရည်​ကို သောက်​တော်​မူ၏။ စ​ပျစ်​ရည်​ကို မြည်း​စမ်း​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ထဲ​က ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား၊ ငွေ​ဖ​လား​တို့​နှင့် ကိုယ်​တော်​တိုင်​မှ​စ၍ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် သောက်​ရ​မည်​အ​ကြောင်း၊ ထို​ဖ​လား​တို့​ကို​ယူ​ခဲ့​ရ​မည်​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​တိုက်​ထဲ​က သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား​တို့​ကို​ယူ​ခဲ့၍၊ မင်း​ကြီး၊ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် သောက်​ကြ၏။ စ​ပျစ်​ရည်​ကို​သောက်၍၊ ရွှေ​ဘု​ရား၊ ငွေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း​ကြ၏။ ထို​အ​ချိန်​နာ​ရီ​တွင် လူ၏​လက်​ဖျား​သည် ပေါ်​လာ၍ မီး​ခုံ​အ​ထက်၊ နန်း​တော်​အုတ်​ထ​ရံ အင်္ဂ​တေ၌ အ​က္ခ​ရာ​တင်၍ ရေး​ထား၏။ ထို​သို့​ရေး​သော​လက်​ဖျား​ကို ရှင်​ဘု​ရင် မြင်​တော်​မူ​လျှင်၊ မျက်​နှာ​တော်​ညှိုး​ငယ်၍ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊ ခါး​ဆစ်​ပြုတ်​မ​တတ်​ဖြစ်၍ ဒူး​ခြင်း​ထိ​ခိုက်​သည်​ရှိ​သော်၊

ဒံယေလ 5:1-6 Common Language Bible (BCL)

တစ်​ည​သ​၌​ဗေ​လ​ရှာ​ဇာ​မင်း​သည်​ည​စာ စား​ပွဲ​ကြီး​သို့​မှူး​မတ်​တစ်​ထောင်​ကို​ဖိတ် ကြား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​စ​ပျစ်​ရည် သောက်​တော်​မူ​သည်။- ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။- ချက်​ချင်း​ပင်​ရွှေ​ဖ​လား​များ​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ထို​ဖ​လား​တို့​ဖြင့် သောက်​လျက်၊- ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​နှင့် ပြု​လုပ်​သော​ဘု​ရား​တို့​ကို​ထော​မ​နာ​ပြု ကြ​၏။ ထို​အ​ခါ​လူ​၏​လက်​တစ်​ဖက်​သည်​ရုတ် တ​ရက်​ပေါ်​လာ​ပြီး​လျှင် မီး​အ​လင်း​ရောင် အ​များ​ဆုံး​ရ​ရှိ​သည့်​နန်း​တော်​နံ​ရံ​တွင် စာ​တန်း​တစ်​ခု​ကို​ရေး​သား​လေ​၏။ ယင်း သို့​ရေး​သား​နေ​သည်​ကို​မင်း​ကြီး​မြင် တော်​မူ​လျှင်၊- မျက်​နှာ​ညှိုး​ငယ်​၍​သွား​တော်​မူ​၏။ သူ​သည် အ​လွန်​ကြောက်​လန့်​ကာ​မျက်​နှာ​ဖြူ​ဖတ်​ဖြူ ရော်​ဖြစ်​လျက်​ဒူး​များ​ပင်​ခိုက်​ခိုက်​တုန်​၍ လာ​၏။

ဒံယေလ 5:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဗေလရှာဇာ​မင်းကြီး​သည် မှူးမတ်​တစ်ထောင်​အတွက် စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၍ သူ​တို့​နှင့်အတူ စပျစ်ဝိုင်​ကို သောက်​လျက်​နေ​၏​။ ထိုသို့ စပျစ်ဝိုင်​သောက်​ရင်း ဗေလရှာဇာ​မင်းကြီး​သည် ဂျေရုဆလင်​ဗိမာန်တော်​မှ မိမိ​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး သိမ်းယူ​လာ​ခဲ့​သော​ရွှေ​ဖလား​၊ ငွေ​ဖလား​တို့​ကို ယူ​ခဲ့​ရန် အမိန့်ပေး​၏​။ ရှင်ဘုရင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​နှင့် ကိုယ်လုပ်တော်​များ​သည် ထို​ဖလား​များ​ဖြင့် စပျစ်ဝိုင်​ကို သောက်​ကြ​၏​။ ဤသို့ဖြင့် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်းဟူသော​ဗိမာန်တော်​မှ သိမ်းယူ​ခဲ့​သည့် ရွှေ​ဖလား​တို့​ကို ယူ​ခဲ့​ပြီး ရှင်ဘုရင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​နှင့် ကိုယ်လုပ်တော်​များ​သည် ထို​ဖလား​များ​ဖြင့် စပျစ်ဝိုင်​ကို သောက်​ကြ​၏​။ ထိုသို့ စပျစ်ဝိုင်​ကို​သောက်​ရင်း ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ ထိုခဏချင်း​တွင် လူ့​လက်ချောင်း​များ​ပေါ်လာ​၍ ဆီမီးခုံ​ရှေ့ နန်းတော်​၏​အင်္ဂတေ​နံရံ​ပေါ်တွင် စာရေး​နေ​၏​။ ထိုသို့​စာရေး​နေ​သော​လက်​ကို ရှင်ဘုရင် မြင်​လေ​၏​။ ထိုအခါ ရှင်ဘုရင်​သည် မျက်စိ​မျက်နှာပျက်​၍ တွေးတော​ထိတ်လန့်​လေ​၏​။ ခါးဆစ်​များ ပြုတ်​လုမတတ်​ဖြစ်​၍ ဒူး​များ​လည်း တုန်ရီ​နေ​၏​။