YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 12:1-4

ဒံယေလ 12:1-4 Judson Bible (JBMLE)

ထို​ကာ​လ၌ သင့်​အ​မျိုး​သား​ချင်း​တို့၏​အ​မှု​ကို စောင့်​သော အ​ရှင်​ကြီး​မိ​က္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ လူ​မျိုး​တစ်​စုံ​တစ်​မျိုး​မျှ ဖြစ်​သည်​ကာ​လ​မှ​စ၍ ထို​ကာ​လ​တိုင်​အောင်၊ မ​ဖြစ်​စ​ဖူး​သော ဆင်း​ရဲ​ဒု​က္ခ​ကပ်​ကာ​လ​သည် ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ စာ​စောင်၌ စာ​ရင်း​ဝင်​သ​မျှ​သော သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ကယ်​လွှတ်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ မြေ​မှုန့်၌ အိပ်​ပျော်​သော​သူ​များ​တို့​သည် နိုး​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကား၊ ထာ​ဝ​ရ အ​သက်​ရှင်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချို့​တို့​ကား ရှက်​ကြောက်​ခြင်း၊ ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း​နှင့်​လည်း​ကောင်း နိုး​ကြ​လိမ့်​မည်။ ပ​ညာ​ရှိ​သော သူ​တို့​သည်​လည်း၊ ကောင်း​ကင်​မျက်​နှာ​ကြက်၏ အ​ရောင်​အ​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ လူ​အ​များ​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ထဲ​သို့ သွင်း​သော သူ​တို့​သည်​လည်း၊ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း အ​စဉ်​အ​မြဲ ထွန်း​လင်း​ကြ​လိမ့်​မည်။ သင်​ဒံ​ယေ​လ​မူ​ကား၊ အ​မှု​ကုန်​ရ​သည် ကာ​လ​တိုင်​အောင်၊ ဤ​စ​ကား​တော်​တို့​ကို ပိတ်၍ စာ​စောင်​ကို တံ​ဆိပ်​ခတ်​ထား​လော့။ အ​များ​သော သူ​တို့​သည် ထို​စာ​ကို ကြည့်​ရှု​သော​အား​ဖြင့် ပ​ညာ​တိုး​ပွား​လိမ့်​မည်​ဟု ပြော​ဆို၏။

ဒံယေလ 12:1-4 Common Language Bible (BCL)

ပိတ်​ချော​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​သော ကောင်း​ကင်​တ​မန်​က``ထို​ကာ​လ​၌​ကြီး မြတ်​သော​ကောင်း​ကင်​တ​မန်​မိက္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ သူ​သည်​သင်​၏​အ​မျိုး​သား များ​ကို​စောင့်​ထိန်း​သော​သူ​ဖြစ်​၏။ ထို​နောက် လူ​မျိုး​အ​ပေါင်း​တို့​ဖြစ်​ပေါ်​လာ​ချိန်​မှ​အ​စ ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​ဘူး​သော ဆင်း​ရဲ​ဒုက္ခ​များ​ဆိုက်​ရောက်​ရာ​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​၌​ဘု​ရား​သ​ခင်​၏​စာ​စောင်​တော်​တွင်​စာ​ရင်း​ဝင် သူ သင်​၏​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်။- သေ​လွန်​သူ​အ​မြောက်​အ​မြား​တို့​သည်​ပြန် ၍ အ​သက်​ရှင်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့ အ​နက်​အ​ချို့​သော​သူ​တို့​သည်​ထာ​ဝ​ရ အ​သက်​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ အ​ချို့ တို့​မှာ​မူ​ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။- ခေါင်း​ဆောင်​ပ​ညာ​ရှိ​တို့​သည် မိုး​ကောင်း​ကင် ၏​အ​လင်း​ရောင်​ကဲ့​သို့​ကြည်​လင်​တောက်​ပ ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​အား အ​မှန်​တ​ရား​ကို​ကျင့်​သုံး​ရန် သွန်​သင်​ပေး ကြ​သူ​တို့​သည်​လည်း​ကြယ်​တာ​ရာ​များ​ကဲ့ သို့ ထာ​ဝ​စဉ်​ထွန်း​လင်း​တောက်​ပ​ကြ​လိမ့် မည်။'' ဟု​ဆို​၏။ ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ သင်​သည်​ဤ​စာ စောင်​ကို​ပိတ်​၍ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တံ​ဆိပ်​ခတ်​နှိပ်​ထား​လော့။ ဤ​အ​တော​အ​တွင်း ၌​လူ​အ​များ​ပင်​ဖြစ်​ပျက်​နေ​ဆဲ​အ​မှု အ​ရာ​တို့​ကို​သိ​ရှိ​နား​လည်​နိုင်​ရန် အ​ချည်း နှီး​ကြိုး​စား​အား​ထုတ်​ကြ​လိမ့်​မည်'' ဟု ဆို​၏။

ဒံယေလ 12:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​ကာလ​တွင် သင့်​လူမျိုး​ကို စောင့်ရှောက်​ပေး​သော အထွတ်အမြတ်မင်း​မိက္ခေလ ပေါ်လာ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​ဖြစ်​ပေါ်လာ​ချိန်​မှစ၍ ထို​ကာလ​အထိ တစ်ခါမျှ​မ​ဖြစ်​ဖူး​သော​ဆင်းရဲဒုက္ခ​ကာလ​သည် ရောက်လာ​လိမ့်မည်​။ သို့သော် ထို​နေ့ရက်​တွင် စာစောင်​ထဲ၌ စာရင်းဝင်​သော သင့်​လူမျိုး​အားလုံး လွတ်မြောက်​ခွင့်​ရ​လိမ့်မည်​။ ထိုအခါ မြေမှုန့်​ထဲ၌ အိပ်ပျော်​သော​သူ​အမြောက်အမြား​နိုးလာ​၍ အချို့​တို့​သည် ထာဝရ​အသက်ရှင်​ရ​လိမ့်မည်​။ အချို့​တို့​သည် ကဲ့ရဲ့​ခြင်း​၊ ရွံရှာ​ခြင်း ထာဝရ​ခံရ​လိမ့်မည်​။ ပညာသတိ​ရှိ​သော​သူ​တို့​သည် မိုးမျက်နှာကြက်​ကဲ့သို့ ထွန်းလင်းတောက်ပ​ကြ​လိမ့်မည်​။ လူ​များစွာ​ကို​ဖြောင့်မတ်​ရာ​သို့​ပို့ဆောင်​ပေး​သော​သူ​တို့​သည် ကြယ်​များ​ကဲ့သို့ အစဉ်​ထွန်းလင်း​တောက်ပ​နေ​လိမ့်မည်​။ အို ဒံယေလ​၊ သင်​မူကား နောက်ဆုံး​ကာလ​တိုင်အောင် ဤ​စကား​တို့​ကို လျှို့ဝှက်​ထား​လော့​၊ ဤ​စာစောင်​ကို တံဆိပ်ခတ်​ထား​လော့​။ လူ​အများ​တို့​မူကား လှည့်လည်​ရှာဖွေ​၍ အသိပညာ​တိုးပွား​ကြ​လိမ့်မည်​”​ဟု ငါ့​အား ပြောပြ​၏​။