YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 1:15-20

ကောလောသဲ 1:15-20 Judson Bible (JBMLE)

ထို​သား​တော်​သည် မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​ဖြစ်၏။ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​တွင်​လည်း သား​ဦး​ဖြစ်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​သည် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရူ​ပ​အ​ရာ၊ အ​ရူ​ပ​အ​ရာ၊ ရာ​ဇ​ပ​လ္လင်​ဖြစ်​စေ၊ အ​စိုး​ရ​ခြင်း​တန်​ခိုး​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​စက်​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ဖန်​ဆင်း​လျက်​ဖြစ်​ကြ၏။- သား​တော်​သည်​လည်း ခပ်​သိမ်း​သော​အ​ရာ မ​ဖြစ်​မီ ဖြစ်​တော်​မူ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​အား​ဖြင့်​သာ တည်​ကြ၏။- အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်၏​ဦး​ခေါင်း ဖြစ်​တော်​မူ၏။ အ​ရာ​ရာ၌ ထူး​မြတ်​ခြင်း​ငှာ မူ​လ​အ​ရင်း​ဖြစ်၍၊ သေ​သော​သူ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်၌ ကျိန်း​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။

ကောလောသဲ 1:15-20 Common Language Bible (BCL)

ခ​ရစ်​တော်​သည်​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သား​ဦး​ဖြစ်​သ​ဖြင့်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ထက်​ကြီး​မြတ် တော်​မူ​ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​လော​က​ရှိ​တန် ခိုး​ရှင်​များ​နှင့် အာ​ဏာ​ပိုင်​များ​အ​ပါ​အ​ဝင် ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​မျက်​စိ​ဖြင့် မြင်​နိုင်​သော​အ​ရာ၊ မ​မြင်​နိုင်​သော​အ​ရာ ဟူ​သ​မျှ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကြောင့် တည်း။ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​၏ အ​ဖို့​အ​လို့​ငှါ​ထို​သ​ခင်​အား​ဖြင့်​စ​ကြ ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း​တော်​မူ​၏။- ခ​ရစ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​မ​ပေါ် ပေါက်​မီ​က​ပင်​ရှိ​နေ​တော်​မူ​၏။ ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​စ​နစ်​တ​ကျ​တည် လျက်​ရှိ​၏။- ကိုယ်​တော်​သည်​အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၏။ ကိုယ် တော်​ထံ​မှ​ကိုယ်​ခန္ဓာ​တော်​အ​သက်​ကို​ရ​ရှိ​၏။ ထို​အ​ရှင်​သည်​သား​ဦး​ဖြစ်​၍​သေ​ခြင်း​မှ ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော်​မူ သ​ဖြင့် အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ထွတ်​အ​ထိပ် အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။- ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ သား​တော် သည်​ဘု​ရား​ဇာ​တိ​ကို​အ​ပြည့်​အ​ဝ​ခံ​ယူ တော်​မူ​၏။- သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သား​တော်​အား ဖြင့်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို မိ​မိ​ထံ​ပြန် လာ​စေ​ရန်​ဆုံး​ဖြတ်​တော်​မူ​၏။ သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​အ​သေ​ခံ​စေ​တော် မူ​ခြင်း​အား​ဖြင့်​ရန်​ကို​ငြိမ်း​စေ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း ကင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​အား​မိ​မိ ထံ​ပြန်​လာ​စေ​တော်​မူ​၏။

ကောလောသဲ 1:15-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သား​တော်​သည် မ​မြင်ရ​သော​ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်ဆင်း​တော်မူ​သော​အရာ​အားလုံး​တို့​တွင် သားဦး​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မြင်​ရ​သည့်​အရာ​နှင့်​မ​မြင်ရ​သည့်​အရာ​များ၊ ရာဇပလ္လင်​များ​ဖြစ်စေ၊ စိုးပိုင်ခွင့်​များ​ဖြစ်စေ၊ အုပ်ချုပ်မှု​များ​ဖြစ်စေ၊ အာဏာစက်​များ​ဖြစ်စေ သား​တော်​အားဖြင့် ဖန်ဆင်း​ခြင်း​ခံရ​၏။ ခပ်သိမ်း​သော​အရာ​တို့​သည် သား​တော်​အားဖြင့်​လည်းကောင်း၊ သား​တော်​အတွက်​လည်းကောင်း ဖန်ဆင်း​ခြင်း​ခံရ​၏။ သား​တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ထက် အလျင်​ဦးစွာ​ရှိ​နှင့်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၌​စုပေါင်း​တည်ရှိ​ကြ​၏။ ကိုယ်တော်​သည် အသင်းတော်​တည်းဟူသော ကိုယ်ခန္ဓာ​တော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​၌ အထွတ်အထိပ်​ဖြစ်​မည့်​အကြောင်း အစအဦး​ဖြစ်​တော်မူ​ပြီး သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​သည် ခပ်သိမ်း​သော​ပြည့်စုံ​ခြင်း​ကို သား​တော်​၌ ကိန်းဝပ်​စေရန်​လည်းကောင်း၊ လက်ဝါးကပ်တိုင်​ပေါ်၌​သွန်း​သော သား​တော်​၏​သွေး​တော်​အားဖြင့် ရန်ငြိမ်း​စေ​၍ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​ကို သား​တော်​အားဖြင့် မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​လည်းကောင်း အလိုရှိ​တော်မူ​၏။