YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 6:1-4

တမန်တော် 6:1-4 Judson Bible (JBMLE)

ထို​ကာ​လ၌ တ​ပည့်​တော်​တို့​သည် များ​ပြား​သည်​ရှိ​သော်၊ နေ့​ရက် အ​စဉ်​အ​တိုင်း လုပ်​ကျွေး​သော​အ​ခါ၊ ဟေ​လေ​နစ်​အ​မျိုး မု​ဆိုး​မ​တို့​ကို မ​လုပ်​မ​ကျွေး​ဟု ထို​အ​မျိုး​သား​တို့​သည် မြည်​တမ်း၍ ဟေ​ဗြဲ​လူ​တို့​ကို အ​ပြစ်​တင်​ကြ၏။- ထို​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို​ထား၍ စား​ပွဲ၌​လုပ်​ကျွေး​မှု​ကို မ​ဆောင်​သင့်။- ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက်၊ အ​သ​ရေ​ရှိ​သော လူ​ခု​နစ်​ယောက်​တို့​ကို သင်​တို့​တွင် ရှာ​ကြ​လော့။ ဤ​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ငါ​တို့​သည် ခန့်​ထား​ကြ​မည်။- ငါ​တို့​မူ​ကား၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ခြင်း​အ​မှု​တို့​ကို အ​မြဲ​ပြု၍ နေ​မည်​ဟု​ဆို​ကြ၏။

တမန်တော် 6:1-4 Common Language Bible (BCL)

ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​တ​ပည့်​တော် အ​ရေ​အ​တွက်​မှာ တိုး​တက်​များ​ပြား​လာ​၏။ ထို​အ​ခါ​ဂ​ရိ​စ​ကား​ကို​သုံး​စွဲ​သူ​ယု​ဒ အ​မျိုး​သား​များ​နှင့် ဒေ​သ​ခံ​ယု​ဒ​အ​မျိုး သား​တို့​အ​ငြင်း​ပွား​ကြ​၏။ ဂ​ရိ​စ​ကား သုံး​စွဲ​သူ​ယု​ဒ​အ​မျိုး​သား​တို့​က မိ​မိ​တို့ မု​ဆိုး​မ​များ​နေ့​စဉ်​အ​သုံး​စ​ရိတ်​မ​ရ ရှိ​ကြောင်း​ပြစ်​တင်​ပြော​ဆို​ကြ​၏။- တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​ကို​ခေါ်​ပြီး​လျှင်``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ဟော​ပြော​မှု​ကို​လျစ်​လူ​ပြု​ပြီး​လျှင် ငွေ ရေး​ကြေး​ရေး​ကို​စီ​မံ​ဆောင်​ရွက်​ရန်​မ​သင့်။- ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​မှ​သင်​တို့​နှစ်​သက် သူ လူ​ခု​နစ်​ယောက်​ကို​ရွေး​ချယ်​ကြ​လော့။ ဤ တာ​ဝန်​ကို​ထမ်း​ဆောင်​စေ​ရန်​ထို​သူ​တို့​အား ငါ​တို့​ခန့်​ထား​မည်။ သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ဉာဏ်​ပ​ညာ​နှင့် လည်း​ကောင်း​ပြည့်​ဝ​လျက်​အ​သ​ရေ​ရှိ​သူ များ​ဖြစ်​ရ​မည်။- ငါ​တို့​အ​ဖို့​မှာ​မူ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း နှင့် တ​ရား​တော်​ကို​ဟော​ပြော​ခြင်း​အား​ဖြင့် သာ​လျှင် အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​မည်'' ဟု ဆို​၏။

တမန်တော် 6:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့ရက်​များ​၌ တပည့်​တော်​များ​တိုးပွား​လာ​ရာ ဂရိ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​က မိမိ​တို့​ထဲမှ​မုဆိုးမ​များ​သည် နေ့စဉ်​ထောက်ပံ့​ခြင်း​အမှု​တွင် လျစ်လျူရှု​ခံရ​သည်​ဟု ဟေဗြဲ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​အပေါ် အပြစ်တင်​ပြောဆို​ကြ​၏။ ထိုအခါ တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​သည် တပည့်​တော်​အစုအဝေး​ကို​ခေါ်​ပြီးလျှင် “ငါ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ပစ်​ထား​၍ ကျွေးမွေး​ခြင်း​အမှု​ကို​မ​ဆောင်ရွက်​သင့်​ပေ။ ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ထဲမှ ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ဉာဏ်ပညာ​နှင့်​လည်းကောင်း ပြည့်စုံ​၍ ဂုဏ်​သတင်း​ကောင်း​သော​လူ​ခုနစ်​ဦး​ကို ရှာ​ကြ​လော့။ ငါ​တို့​သည် ထို​သူ​တို့​ကို ဤ​တာဝန်​အတွက်​ခန့်ထား​မည်။ ငါ​တို့​မူကား ဆုတောင်း​ခြင်း​နှင့် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​မည်”​ဟု ဆို​ကြ​၏။