YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:13-22

တမန်တော် 4:13-22 Judson Bible (JBMLE)

ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊- အ​နာ​ကင်း​လွတ်​သော​သူ​သည် ထို​သူ​တို့​နှင့်​အ​တူ ရှိ​နေ​သည်​ကို မြင်၍​လည်း​ကောင်း၊ ငြင်း​ခုံ​ဆို​ဖွယ်​ရာ မ​ရှိ​မ​တွေ့​ကြ။- တ​မန်​တော်​တို့​ကို လွှတ်​တော်​မှ ထွက်​သွား​စေ​ပြီး​လျှင်၊ ဤ​သူ​တို့​ကို အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။- သူ​တို့​သည် ထင်​ရှား​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​ပြီး​သည်​ကို၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သိ​မြင်​ကြ၏။ ငါ​တို့​သည်​လည်း ငြင်း​ခုံ​ခြင်း​ငှာ မ​တတ်​နိုင်​ပြီ။- သို့​သော်​လည်း လူ​များ​အ​ထဲ၌ သာ၍ မ​နှံ့​မ​ပြား​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ထို​နာ​မ​ကို အ​မှီ​ပြု​လျက် အ​ဘယ်​သူ​ကို​မျှ မ​ဟော​မ​ပြော​နှင့်​ဟူ၍ သူ​တို့​ကို ကျပ်​တည်း​စွာ ခြိမ်း​ခြောက်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊- တ​မန်​တော်​တို့​ကို​ခေါ်၍၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် ဟော​ပြော​သွန်​သင်​ခြင်း​ကို အ​လျှင်း​မ​ပြု​နှင့်​ဟု အ​မိန့်​ရှိ​ကြ၏။ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို​နား​ထောင်​သည်​ထက် သင်​တို့၏​စ​ကား​ကို သာ၍​နား​ထောင်​သော်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကောင်း​မည်​မ​ကောင်း​မည်​ကို ဆင်​ခြင်၍ စီ​ရင်​ကြ​လော့။- ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။- ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​နာ​ကင်း​ခြင်း နိ​မိတ်​လ​က္ခ​ဏာ​ကို ခံ​ရ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​သည်​ဖြစ်၍ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​ထောက်​လျက် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။

တမန်တော် 4:13-22 Common Language Bible (BCL)

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ပ​ညာ​မ​တတ် သူ၊ လူ​သာ​မန်​များ​သာ​ဖြစ်​လျက်​နှင့်​မည်​မျှ ရဲ​ရင့်​ကြ​သည်​ကို တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် တို့​တွေ့​မြင်​ကြ​သော​အ​ခါ​များ​စွာ​အံ့​သြ ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် သ​ခင်​ယေ​ရှု​၏ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ခဲ့​သည်​ကို​လည်း သ​တိ​ပြု​မိ​ကြ​၏။- သို့​ရာ​တွင်​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​သူ သည် တ​မန်​တော်​တို့​နှင့်​ရပ်​လျက်​နေ​သည်​ကို မြင်​သ​ဖြင့် သူ​တို့​သည်​မည်​သို့​မျှ​ငြင်း​ဆို ရန်​မ​တတ်​နိုင်​ကြ။- သို့​ဖြစ်​၍​တ​မန်​တော်​တို့​ကို​တ​ရား​လွှတ် တော်​ထဲ​မှ​ခေတ္တ​ထွက်​ခွာ​သွား​စေ​ပြီး​လျှင် ဤ​သို့​တိုင်​ပင်​ကြ​၏။- ``ဤ​သူ​တို့​အား​အ​သို့​ပြု​အံ့​နည်း။ သူ​တို့​အား ဖြင့်​ထူး​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် ပေါ်​ခဲ့​သည်​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကောင်း​စွာ​သိ​ကြ​၏။ ငါ​တို့​ငြင်း ဆို​၍​လည်း​မ​ရ​နိုင်။- သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။'' ထို​နောက်​တ​မန်​တော်​တို့​ကို​ပြန်​လည်​ခေါ်​ယူ ကာ သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​ဟော​ပြော​သွန်​သင်​ခြင်း​လုံး​ဝ မ​ပြု​ရန်​အ​မိန့်​ပေး​ကြ​၏။- သို့​ရာ​တွင်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား ထောင်​ရ​မည်​လော။ သို့​မ​ဟုတ်​သင်​တို့​၏​စ​ကား ကို​နား​ထောင်​ရ​မည်​လော။ ဘု​ရား​သ​ခင်​၏ ရှေ့​တော်​တွင်​အ​ဘယ်​သူ​၏​စ​ကား​ကို​နား ထောင်​သင့်​ကြောင်း သင်​တို့​ကိုယ်​တိုင်​ပင်​အ​ဆုံး အ​ဖြတ်​ပေး​ကြ​လော့။- ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။- ထို​အ​ခါ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် သူ​တို့​ကို​ထပ်​မံ​ကျပ်​တည်း​စွာ​သ​တိ​ပေး​ပြီး နောက်​ထွက်​ခွာ​သွား​စေ​ကြ​၏။ လူ​အ​ပေါင်း တို့​သည်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ချီး​ကူး​လျက်​နေ​ကြ​သ​ဖြင့် တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​တို့​သည်​တ​မန်​တော်​တို့​ကို မည်​သို့​မျှ​အ​ပြစ်​ဒဏ်​မ​စီ​ရင်​နိုင်​ကြ။- အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။

တမန်တော် 4:13-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​၏​ရဲရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပညာ​မ​တတ်​သော သာမန်​လူ​များ​ဖြစ်​ကြောင်း​သတိထား​မိ​သဖြင့် အံ့သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေရှု​နှင့်အတူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်မိ​ကြ​၏။ ထို့ပြင် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်အတူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သဖြင့် မည်သို့​မျှ​ငြင်းခုံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။ ထိုအခါ သူ​တို့​သည် တမန်တော်​တို့​ကို တရား​လွှတ်တော်​ရုံး​အပြင်​သို့​ထွက်​ရန်​အမိန့်​ပေး​ပြီးလျှင် အချင်းချင်း​ဆွေးနွေး​လျက် “ဤ​သူ​တို့​ကို မည်သို့​ပြု​ကြ​မည်နည်း။ အကြောင်းမူကား သူ​တို့​အားဖြင့် သိသာ​ထင်ရှား​သော​နိမိတ်​လက္ခဏာ​ဖြစ်ပျက်​ခဲ့​သည်​ကို ဂျေရုဆလင်​မြို့​၌​နေထိုင်​သူ​အားလုံး​သိရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​ငြင်းဆို​၍​မ​ရ​နိုင်။ သို့သော် ဤ​အကြောင်း​သည် လူ​တို့​ထံ ပို၍​ပျံ့နှံ့​မ​သွား​စေရန် ဤ​နာမ​ကို​အမှီပြု​လျက် နောက်တစ်ဖန် မည်သူ့​ကို​မျှ​မ​ဟောပြော​ရ​မည့်​အကြောင်း သူ​တို့​ကို​ခြိမ်းခြောက်​ကြ​စို့”​ဟု ဆို​ကြ​၏။ ထို့နောက် တမန်တော်​တို့​ကို​ခေါ်​၍ ယေရှု​၏​နာမ​ကို​အမှီပြု​လျက် ဟောပြော​ခြင်း​ကို​ဖြစ်စေ၊ သွန်သင်​ခြင်း​ကို​ဖြစ်စေ လုံးဝ​မ​ပြု​ရန် အမိန့်​ပေး​ကြ​၏။ သို့သော် ပေတရု​နှင့်​ယောဟန်​တို့​က “ဘုရားသခင်​၏​စကား​တော်​ထက် သင်​တို့​၏​စကား​ကို ပို၍​နားထောင်​ခြင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ မှန်​၊ မမှန် သင်​တို့​ဆုံးဖြတ်​ကြ​လော့။ အကျွန်ုပ်​တို့​သည် မိမိ​တို့​ကြား​ရ၊ မြင်​ရ​သော​အရာ​တို့​ကို မ​ဟောပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်ပြော​ကြ​၏။ လူ​အားလုံး​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အမှုအရာ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​နေ​ကြ​သည်​ဖြစ်၍ ထို​လူ​တို့​ကြောင့် တမန်တော်​တို့​အား အပြစ်ဒဏ်​ပေး​နိုင်​မည့်​နည်းလမ်း​ကို ရှာ​မ​တွေ့​သဖြင့် သူ​တို့​သည် တမန်တော်​တို့​ကို ထပ်မံ​ခြိမ်းခြောက်​ပြီးလျှင် ပြန်လွှတ်​လိုက်​ကြ​၏​။ ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် အသက်​လေးဆယ်​ကျော်​ရှိ​၏။