YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:1-8

တမန်တော် 4:1-8 Judson Bible (JBMLE)

ထို​သို့ တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဟော​ပြော​စဉ်​တွင်၊ ဗိ​မာန်​တော်​မှူး​မှ​စ​သော ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဇ​ဒ္ဒု​ကဲ​များ​တို့​သည် လာ​ကြ​သ​ဖြင့်၊- တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​ခြင်း​မှ ထ​မြောက်​ခြင်း​တ​ရား​ကို ဟော​သော​ကြောင့်၊ ထို​မင်း​များ​တို့​သည် စိတ်​ပူ​ပန်​ခြင်း​ရှိ​သည်​နှင့်၊- တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ပြီး​မှ၊ ည​အ​ချိန်​ဖြစ်​သော​ကြောင့် နက်​ဖြန်​နေ့​တိုင်​အောင် နှောင်​အိမ်၌ ချုပ်​ထား​ကြ၏။- တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။ နက်​ဖြန်​နေ့​ရောက်​သော် မင်း​အ​ရာ​ရှိ၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​အ​န္နတ်၊ က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇ​န္ဒြု​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်​မင်း​မျိုး ရှိ​မျှ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​ကြ​ပြီး​လျှင်၊- တ​မန်​တော်​တို့​ကို အ​လယ်၌​ထား၍၊ သင်​တို့​သည် အ​ဘယ်​သို့​သော​တန်​ခိုး၊ အ​ဘယ်​သူ၏​နာ​မ​အား​ဖြင့် ဤ​အ​မှု​ကို​ပြု​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ လူ​များ​ကို အ​စိုး​ရ​သော​မင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့၊

တမန်တော် 4:1-8 Common Language Bible (BCL)

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လူ​တို့​အား ဟော​ပြော​လျက်​နေ​ကြ​စဉ်​ယဇ်​ပု​ရော​ဟိတ် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ဇဒ္ဒုကဲ များ​သည်​ရောက်​လာ​ကြ​၏။- တ​မန်​တော်​တို့​သည် သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ရှင်​ပြန်​ထ​မြောက်​သည့်​အ​ကြောင်း​ကို​ဟော​ပြော လျက်​နေ​သ​ဖြင့် ဇဒ္ဒု​ကဲ​တို့​စိတ်​ဆိုး​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သေ​ခြင်း မှ​ရှင်​ပြန်​ထ​မြောက်​မှု​သည် သူ​သေ​တို့​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟူ​သော​အ​ယူ​ဝါ​ဒ မှန်​ကန်​ကြောင်း​ကို သက်​သေ​ထူ​လျက်​ရှိ​သော ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​သူ​တို့​သည်​တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ကြ​ပြီး​နောက် ည​ချမ်း​အ​ချိန်​ရှိ ပြီ​ဖြစ်​၍ နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ချုပ်​နှောင်​ထား​ကြ​၏။- သို့​ရာ​တွင်​တ​ရား​နာ​သော​သူ​အ​မြောက် အ​မြား​ပင် ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည် လာ​ကြ​၏။ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​တိုး​ပွား​လာ​သ​တည်း။ နောက်​တစ်​နေ့​၌​ယု​ဒ​ခေါင်း​ဆောင်​များ၊ အ​ကြီး အ​ကဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​ပြီး​လျှင်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​အန္နတ်​နှင့်​တ​ကွ​သူ​၏ အိမ်​ထောင်​စု​သား​များ​ဖြစ်​သည့်​က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇန္ဒြေု​အ​စ​ရှိ​သော​သူ အ​ပေါင်း​တို့​နှင့်​တွေ့​ဆုံ​တိုင်​ပင်​ကြ​၏။- ထို​သူ​တို့​သည်​မိ​မိ​တို့​ရှေ့​တွင်​တ​မန်​တော် နှစ်​ပါး​ကို​ရပ်​စေ​၍``သင်​တို့​သည်​မည်​သည့် တန်​ခိုး၊ မည်​သည့်​နာ​မ​အား​ဖြင့်​ဤ​အ​မှု ကို​ပြု​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ဖြင့်​ပြည့်​ဝ​လျက်``လူ​တို့​၏​ခေါင်း​ဆောင် တို့​နှင့်​အ​ကြီး​အ​ကဲ​တို့၊

တမန်တော် 4:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပေတရု​နှင့်​ယောဟန်​တို့​သည် လူ​တို့​အား​ဟောပြော​လျက်​နေ​ကြ​စဉ် ယဇ်ပုရောဟိတ်​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့် ဇဒ္ဒုကဲ​တို့​သည် သူ​တို့​ထံသို့​ရောက်လာ​ကြ​၏။ တမန်တော်​တို့​သည် ယေရှု​ကို​အကြောင်းပြု​လျက် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို လူ​တို့​အား သွန်သင်​ဟောပြော​နေ​ကြ​သောကြောင့် ထို​သူ​တို့​သည် စိတ်အနှောင့်အယှက်​ဖြစ်​လျက် တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ မိုးချုပ်​ပြီ​ဖြစ်​သဖြင့် နောက်တစ်နေ့​တိုင်အောင် အချုပ်​ထောင်​ထဲ၌​ထည့်​ထား​ကြ​၏။ သို့သော် နှုတ်ကပတ်​တရား​ကို ကြားနာ​သူ​များစွာ​တို့​သည် ယုံကြည်​ကြ​ရာ ယောက်ျား​အရေအတွက် ငါး​ထောင်​ခန့်မျှ​ဖြစ်လာ​လေ​၏။ နောက်တစ်နေ့​၌ သူ​တို့​၏​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ဂျေရုဆလင်​မြို့​၌​စုဝေး​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြား​မှစ၍ ယဇ်ပုရောဟိတ်​မင်း​မျိုး​ရှိသမျှ​တို့​လည်း​ပါဝင်​ကြ​၏။ သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို အားလုံး​ရှေ့၌​ရပ်​စေ​ပြီးလျှင် “သင်​တို့​သည် မည်သည့်​အာဏာ၊ မည်သည့်​နာမ​ဖြင့် ဤ​အမှု​ကို ပြု​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။ ထိုအခါ ပေတရု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “လူ​တို့​၏​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​တို့၊