တမန်တော် 20:1-16
တမန်တော် 20:1-16 Judson Bible (JBMLE)
ထိုရုန်းရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့ သွားလေ၏။- ထိုအရပ်များကိုလျှောက်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။- သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံကို ကြံသောကြောင့်၊ မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။- ပေါလုနှင့်အတူ အာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သားတုခိတ်နှင့် တရောဖိမ်တည်း။- ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။- အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့်လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ရောက်၍ ခုနစ်ရက် နေကြ၏။ ခုနစ်ရက်တွင် ပထမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှာ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။- စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။- ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည် ချီကြွကြ၏။- ပေါလုသည်လည်း အောက်သို့ဆင်း၍ သူ၏အပေါ်သို့ ကိုယ်ကိုလှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ်သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ဟုဆို၍ တက်ပြန်လေ၏။- မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုးလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှ ထွက်သွား၏။- အသက်ရှင်လျက်ရှိသော ထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်း ရှိကြ၏။ ငါတို့သည် ပေါလုအရင် သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကိုခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။- အဿုမြို့၌ သူသည် ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။- ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာ လျှောက်သွား၍ နောက်တစ်နေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌ နေကြ၏။ နောက်တစ်နေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။- ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှာ ကြိုးစားသည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာမနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
တမန်တော် 20:1-16 Common Language Bible (BCL)
ဆူပူလှုပ်ရှားမှုရပ်စဲသွားသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍အား ပေးစကားပြောကြား၏။ ထိုနောက်သူတို့ ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည် သို့ထွက်ခွာသွားလေသည်။- သူသည်ထိုဒေသများကိုလှည့်လည်ကာ တပည့်တော်တို့အား အားပေးစကားများ ပြောကြားပြီးနောက်အခါယပြည်သို့ သွား၏။- သူသည်ထိုပြည်တွင်သုံးလမျှနေ၏။ ထို နောက်ရှုရိပြည်သို့သင်္ဘောလွှင့်မည်အပြု တွင်သူ၏အသက်ကိုရန်ရှာရန် ယုဒအမျိုး သားတို့လျှို့ဝှက်ကြံစည်နေကြကြောင်းကို ကြားသိရ၏။ သို့ဖြစ်၍သူသည်မာကေ ဒေါနိပြည်ကိုဖြတ်၍ပြန်ရန်စိတ်ပိုင်းဖြတ် လိုက်လေသည်။- ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။- ထိုသူတို့သည်ကြိုတင်သွားနှင့်ကြပြီး နောက်ကျွန်ုပ်တို့အား တရောမြို့တွင်စောင့် နေကြ၏။- ကျွန်ုပ်တို့မူကားတဆေးမဲ့မုန့်ပွဲလွန်သော အခါ ဖိလိပ္ပုမြို့မှသင်္ဘောလွှင့်၍လာရာငါး ရက်ကြာသော် သူတို့ရှိရာတရောမြို့သို့ ရောက်၍ထိုမြို့တွင်ခုနစ်ရက်မျှနေကြ၏။ ကျွန်ုပ်တို့သည်စနေနေ့ညနေ၌မိတ်သဟာ ယစားပွဲဝင်ရန်အတွက်စုဝေးကြ၏။ ပေါလု သည်နောက်တစ်နေ့တွင်ထိုမြို့မှထွက်ခွာသွား ရန်အကြံရှိသဖြင့် သန်းခေါင်အချိန်တိုင် အောင်လူတို့အားဟောပြောလျက်နေ၏။- ကျွန်ုပ်တို့စုဝေးရာအထက်ခန်းတွင်ထွန်းညှိ ထားသောမီးခွက်အမြောက်အမြားရှိ၏။- ဥတုခုဆိုသူလူငယ်လူရွယ်တစ်ယောက်သည် ပြူတင်းပေါက်ဘောင်ပေါ်တွင်ထိုင်လျက်နေ၏။ ပေါလုဆက်၍ဟောပြောနေစဉ်သူသည်ငိုက် မြည်းလာပြီးလျှင် နောက်ဆုံး၌အိပ်ပျော်သွား ကာအိမ်၏တတိယအထပ်မှမြေသို့လိမ့် ကျလေသည်။ လူတို့သည်သူ့ကိုပွေ့ချီလိုက် ရာသေနေသည်ကိုတွေ့ကြ၏။- သို့ရာတွင်ပေါလုသည်အောက်သို့ဆင်းလာ ကာ ထိုသူ၏အပေါ်၌မှောက်လှဲဖက်ယမ်း ပြီးနောက်လူတို့အား ``မစိုးရိမ်ကြနှင့်၊ သူ သည်အသက်ရှင်လျက်ပင်ရှိသေးသည်'' ဟု ဆို၏။- ပေါလုသည်အိမ်ပေါ်သို့ပြန်တက်ပြီးလျှင် တပည့်တော်တို့နှင့်အတူမိတ်သဟာယ စားပွဲဝင်၏။ အစားအစာသုံးဆောင်ပြီး သော်သူသည်အရုဏ်တက်သည်တိုင်အောင် ထို သူတို့နှင့်ကြာမြင့်စွာစကားပြောလျက် နေလေသည်။ ထိုနောက်ထိုမြို့မှထွက်ခွာ သွား၏။- တပည့်တော်တို့သည်အသက်ရှင်လျက်ရှိသည့် လူငယ်ကို သူ၏အိမ်သို့ခေါ်ဆောင်သွားပြီး မှများစွာစိတ်သက်သာရာရကြ၏။ ကျွန်ုပ်တို့သည်သင်္ဘောသို့အလျင်သွား၍အဿု မြို့သို့လွှင့်ကြ၏။ အဿုမြို့သို့ရောက်မှပေါလု အားသင်္ဘောစီးစေရန်ဖြစ်၏။ ပေါလုသည်ထို မြို့သို့ကုန်းကြောင်းဖြင့်သွားရန်စီစဉ်ထား ခြင်းဖြစ်ပေသည်။- ကျွန်ုပ်တို့သည်သူ့ကိုအဿုမြို့တွင်တွေ့ဆုံ၍ သူ့အား သင်္ဘောပေါ်သို့ခေါ်တင်ပြီးလျှင်မိတု လင်မြို့သို့လွှင့်ကြ၏။- နောက်တစ်နေ့၌ခိအုကျွန်းအနီးသို့ရောက် ကြ၏။ နောက်တစ်ရက်ကြာသော်သာမုကျွန်း သို့ရောက်၍ နောက်တစ်ရက်အကြာတွင်မိလက် မြို့သို့ရောက်ကြ၏။- ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
တမန်တော် 20:1-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုရုန်းရင်းဆန်ခတ်မှု ရပ်တန့်သွားပြီးနောက် ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ တိုက်တွန်းနှိုးဆော်ကာ သူတို့အား နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ထွက်ခွာသွားလေ၏။ ထိုဒေသများကိုဖြတ်သွားရင်း များစွာသောတရားစကားတို့ဖြင့် တပည့်တော်တို့ကို တိုက်တွန်းနှိုးဆော်ပြီးလျှင် ဂရိပြည်သို့ရောက်လာ၏။ ထိုပြည်၌ သုံးလနေပြီးနောက် ဆီးရီးယားပြည်သို့ ရွက်လွှင့်မည်ပြုစဉ်တွင် ဂျူးလူမျိုးတို့သည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် မာကေဒေါနိပြည်ကိုဖြတ်၍ ပြန်သွားရန် ဆုံးဖြတ်လေ၏။ ပေါလုနှင့်အတူလိုက်ပါသောသူတို့မှာ ဗေရိမြို့သား ပုရု၏သားသောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။ သူတို့သည် ဦးစွာသွားနှင့်ပြီး တရောမြို့တွင် ငါတို့ကိုစောင့်နေကြ၏။ တဆေးမဲ့မုန့်ပွဲတော်နေ့များလွန်သောအခါ ငါတို့သည် ဖိလိပ္ပိမြို့မှ ရွက်လွှင့်၍ ငါးရက်အတွင်း တရောမြို့၌ရှိသောထိုသူတို့ထံသို့ ရောက်ပြီးလျှင် ထိုမြို့တွင် ခုနစ်ရက်နေကြ၏။ ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။ ငါတို့စုဝေးရာအထက်ခန်းတွင် မီးခွက်အမြောက်အမြားထွန်းထား၏။ ဥတုခုအမည်ရှိသော လူငယ်တစ်ဦးသည် ပြတင်းပေါက်အပေါ်၌ထိုင်၍ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဆွေးနွေးပြောဆိုသောအခါ သူသည် အိပ်မောကျ၍ တတိယထပ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။ သူ့ကိုပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။ ထိုအခါ ပေါလုသည် ဆင်းလာ၍ သူ့အပေါ် မိမိကိုယ်ကိုလှဲ၍ ဖက်ထားပြီးလျှင် “ရုတ်ရုတ်သဲသဲမဖြစ်ကြနှင့်။ အကြောင်းမူကား သူ့အသက်သည် သူ၌ရှိ၏”ဟု ဆိုလေ၏။ ထို့နောက် အပေါ်သို့ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားသုံးကာ မိုးလင်းသည်အထိ ကြာမြင့်စွာပြောဆိုပြီးမှ ထွက်ခွာသွားလေ၏။ သူတို့သည် အသက်ရှင်လျက်ရှိသောလူငယ်ကို ခေါ်ဆောင်သွားကာ အလွန်စိတ်သက်သာရာရကြ၏။ ငါတို့သည် ပေါလုကို အဿုမြို့၌သင်္ဘောပေါ်ခေါ်တင်ရန် စီစဉ်လျက် သင်္ဘောဆီသို့ ဦးစွာသွားပြီးလျှင် ထိုမြို့သို့ ရွက်လွှင့်ကြ၏။ ဤသို့စီစဉ်ခြင်းမှာ ပေါလုသည် ကုန်းကြောင်းသွားရန်စီစဉ်ထား၍ ထိုသို့မှာကြားခဲ့သောကြောင့်ဖြစ်၏။ သူသည် အဿုမြို့တွင် ငါတို့နှင့်ဆုံသောအခါ ငါတို့သည် သူ့ကို သင်္ဘောပေါ်ခေါ်တင်၍ မိတုလင်မြို့သို့ သွားကြ၏။ ထိုမြို့မှ တစ်ဖန်ရွက်လွှင့်ကြပြီး နောက်တစ်နေ့တွင် ခိအုကျွန်း၏တစ်ဖက်သို့ ရောက်ကြ၏။ ထိုမှ တစ်နေ့ကြာသော် သာမုကျွန်းသို့ဝင်၍ နောက်တစ်နေ့တွင် မိလက်မြို့သို့ရောက်ကြ၏။ ဤသို့ခရီးပြုခြင်းမှာ ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်မြို့၌မဆိုက်ဘဲရွက်လွှင့်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ သူသည် ဖြစ်နိုင်လျှင် ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့သို့ရောက်လိုသည်ဖြစ်၍ ခရီးကိုလျင်မြန်စွာပြုနေ၏။