YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 11:1-18

တမန်တော် 11:1-18 Judson Bible (JBMLE)

တစ်​ပါး​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​သည်​ဟု ယု​ဒ​ပြည်၌​ရှိ​သော တ​မန်​တော်​တို့​နှင့် ညီ​အစ်​ကို​များ​တို့​သည် ကြား​သိ​ကြ၏။- ပေ​တ​ရု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ တက်​လာ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့​က၊- သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့် ပေါင်း​ဖော်၍ စား​သောက်​ပါ​သည်​တ​ကား​ဟု ဆန့်​ကျင်​ဘက်​ပြု၍​ဆို​ကြ၏။- ပေ​တ​ရု​သည်​လည်း၊ ထို​အ​ကြောင်း​အ​ရာ​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင် ဖော်​ပြ​သည်​ကား၊- ငါ​သည်​ယု​ပ္ပေ​မြို့၌ ဆု​တောင်း​စဉ် ဘ​ဝင်​ဖြစ်၍၊ ကောင်း​ကင်​မှ လေး​ထောင့်​ဖြင့် ချ​လွှတ်​သော​ခြုံ​ထည်​ကဲ့​သို့​သော တန်​ဆာ​သည် ဆင်း​သက်၍၊ ငါ့​ထံ​သို့ ရောက်​လာ​သည်​ကို ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်၏။- ထို​တန်​ဆာ​ကို စေ့​စေ့​ကြည့်​ရှု​ဆင်​ခြင်​လျှင်၊ သား​ရဲ​မှ​စ၍ မြေ၌ ကျင်​လည်​သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​ကို​မြင်၏။- ထို​အ​ခါ၊ ပေ​တ​ရု၊ ထ၍ သတ်​စား​လော့​ဟု ငါ့​အား​ပြော​သော စ​ကား​သံ​ကို​လည်း ငါ​ကြား၏။- ငါ​က​လည်း မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​သည် အ​ကျွန်ုပ်​ခံ​တွင်း​ထဲ​သို့ တစ်​ရံ​တစ်​ခါ​မျှ​မ​ဝင်​ဖူး​ပါ ဟု​ပြော​ဆို၏။- နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော် မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု ကောင်း​ကင်​ထဲ​က လာ​ပြန်၏။- ထို​သို့ သုံး​ကြိမ်​မြောက်​အောင် ဖြစ်​ပြီး​လျှင်၊ ထို​အ​ရာ​ရှိ​သ​မျှ​တို့​ကို ကောင်း​ကင်​ထဲ​သို့​ဆွဲ​ယူ​ပြန်​လေ၏။- ထို​ခ​ဏ​ချင်း​တွင် ကဲ​သ​ရိ​မြို့​မှ ငါ့​ထံ​သို့​စေ​လွှတ်​သော လူ​သုံး​ယောက်​တို့​သည် ငါ​ရှိ​သော​အိမ်​အ​နား​မှာ ရပ်​နေ​ကြ၏။- ငါ​သည်​တွေး​တော​ခြင်း​မ​ရှိ​ဘဲ ထို​သူ​တို့​နှင့်​အ​တူ သွား​ရ​မည်​အ​ကြောင်း ဝိ​ညာဉ်​တော်​သည် မိန့်​တော်​မူ၏။ ဤ​ညီ​အစ်​ကို ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့် အ​တူ​သွား၍ ထို​သူ၏​အိမ်​သို့ ဝင်​ကြ၏။- ကောင်း​ကင်​တ​မန်​သည် သူ၏​အိမ်၌ ထင်​ရှား​စွာ​ရပ်​လျက်၊ သင်​သည် ယု​ပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။- ထို​ပေ​တ​ရု​သည် သင်​မှ​စ၍ သင်၏​အိမ်၌ ရှိ​သ​မျှ​သော သူ​တို့​ကို ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​စ​ကား​ကို သင့်​အား​ဟော​ပြော​လိမ့်​မည်​ဟု မြွက်​ဆို​ခဲ့​သော အ​ကြောင်း​အ​ရာ​ကို ထို​သူ​သည် ငါ​တို့​အား​ပြန်​ကြား​လေ၏။- ငါ​သည်​ဟော​ပြော​စ​ပြု​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ရှေ့​ဦး​စွာ ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့ အ​ပေါ်​သို့​လည်း သက်​ရောက်​တော်​မူ၏။- ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို ထို​အ​ခါ ငါ​အောက်​မေ့၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​ငါ​တို့​အား ဘု​ရား​သ​ခင်​သည် ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့​အား​လည်း ပေး​တော်​မူ​သည်​ဖြစ်​သော​ကြောင့်၊ ငါ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်​ကို ဆီး​တား​နိုင်​သ​နည်း​ဟု ပေ​တ​ရု​ဆို၏။- ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ထို​သူ​တို့​သည် ကြား​ရ​လျှင် မ​ငြင်း​ဘဲ​နေ၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​ခြင်း​အ​လို​ငှာ၊ နောင်​တ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း ပေး​တော်​မူ​ပြီ​ဟု ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။

တမန်တော် 11:1-18 Common Language Bible (BCL)

လူ​မျိုး​ခြား​များ​သည်​လည်း​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ခံ​ယူ​ကြ​ကြောင်း ယု​ဒ​ပြည်​ရှိ​တ​မန်​တော်​များ​နှင့်​ညီ​အစ်​ကို များ​ကြား​သိ​ကြ​၏။- ယေ​ရု​ရှ​လင်​မြို့​သို့​ပေ​တ​ရု​ရောက်​လာ​သော အ​ခါ လူ​မျိုး​ခြား​တို့​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ပေး​ခြင်း​ကို​လို​လား သူ​တို့​သည် ပေ​တ​ရု​နှင့်​ဆွေး​နွေး​ငြင်း​ခုံ​ကြ​၏။- သူ​တို့​က ``သင်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို မ​ခံ​မ​ယူ​သူ​လူ​မျိုး​ခြား​များ​ထံ​လည် ပတ်​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။- သို့​ဖြစ်​၍​ပေ​တ​ရု​သည်​သူ​တို့​အား ဖြစ်​ပျက် ခဲ့​သ​မျှ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​အ​စ မှ​အ​ဆုံး​တိုင်​အောင်​ရှင်း​လင်း​ပြော​ပြ​၏။ ပေ​တ​ရု​က ``ငါ​သည်​ယုပ္ပေ​မြို့​တွင်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​စဉ် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​၏။ ရွက်​ထည်​ကြီး​နှင့်​တူ​သော​အ​ရာ တစ်​ခု​ကို​ထောင့်​လေး​ထောင့်​မှ​ကိုင်​၍ မိုး ကောင်း​ကင်​မှ​ချ​ပေး​သည်​ကို​မြင်​ရ​၏။- ထို​အ​ရာ​သည်​ငါ့​အ​နီး​သို့​ရောက်​ရှိ​လာ​၏။ သေ​ချာ​စွာ​ကြည့်​ရှု​လိုက်​သော​အ​ခါ​ခြေ​လေး ချောင်း​သတ္တ​ဝါ​များ၊ သား​ရဲ​များ၊ တွား​တတ် သော​သတ္တ​ဝါ​များ​နှင့်​ကောင်း​ကင်​ငှက်​များ ကို​မြင်​ရ​၏။- ထို​နောက် `ပေ​တ​ရု​ထ​လော့၊ သတ်​စား​လော့' ဟု ဆို​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။- သို့​ရာ​တွင်​ငါ​က `သ​ခင်​ဘု​ရား၊ အ​ဘယ်​နည်း နှင့်​မျှ​မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း သော​အ​ရာ၊ သို့​မ​ဟုတ်​မ​သန့်​စင်​သော​အ​ရာ ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ' ဟု ပြန်​၍​လျှောက်​၏။- ထို​နောက်​ကောင်း​ကင်​အ​သံ​တော်​က`ဘု​ရား​သ​ခင် သန့်​စင်​သည်​ဟု​ဆို​သည့်​အ​ရာ​ကို သင်​သည်​ညစ် ညမ်း​သည်​ဟု​မ​ဆို​ရ' ဟူ​၍​မိန့်​တော်​မူ​၏။- ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ထို​အ​ရာ​ခပ်​သိမ်း​တို့​ကို​မိုး​ကောင်း​ကင်​သို့ ပြန်​လည်​ရုပ်​သိမ်း​သွား​လေ​၏။- ထို​နောက်​ငါ​ရှိ​ရာ​အိမ်​သို့​လူ​သုံး​ယောက် ရုတ်​တ​ရက်​ရောက်​ရှိ​လာ​၏။ သူ​တို့​သည် ကဲ​သ​ရိ​မြို့​မှ​ငါ့​ထံ​သို့​စေ​လွှတ်​လိုက် သူ​များ​ဖြစ်​၏။- ဝိ​ညာဉ်​တော်​က​ထို​သူ​တို့​နှင့်​အ​တူ​မ​ဆိုင်း မ​တွ​လိုက်​သွား​ရန် ငါ့​အား​အ​မိန့်​ရှိ​တော်​မူ​၏။ ယုပ္ပေ​မြို့​မှ​ညီ​အစ်​ကို​ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​ခဲ့​ကြ​၏။ ငါ​တို့​အား​လုံး ပင်​ကော်​နေ​လိ​၏​အိမ်​သို့​ဝင်​ကြ​၏။- ကော်​နေ​လိ​က​မိ​မိ​၏​အိမ်​တွင်​ကောင်း​ကင် တ​မန်​တစ်​ပါး​ရပ်​လျက်`ယုပ္ပေ​မြို့​သို့​လူ​လွှတ် ၍​ရှိ​မုန်​ပေ​တ​ရု​ဟု​ခေါ်​သော​သူ​ကို​ပင့် ဖိတ်​လော့။- ထို​သူ​သည်​သင်​နှင့်​အိမ်​သူ​အိမ်​သား​များ​အား ကယ်​တင်​ခြင်း​ရ​ရာ​ရ​ကြောင်း​တရား​စ​ကား များ​ကို​ဟော​ပြော​လိမ့်​မည်' ဟူ​၍​မြွက်​ဆို ကြောင်း​ကို​ငါ​တို့​အား​ပြော​ကြ​၏။- ထို​နောက်​ငါ​သည်​စ​၍​စ​ကား​ပြော​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​အ​ထက်​က​ငါ တို့​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သည်​နည်း​တူ ထို​သူ​တို့​အ​ပေါ်​သို့​လည်း​သက်​ရောက်​တော် မူ​၏။- ထို​အ​ခါ `ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သို့​ရာ​တွင်​သင်​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ရ​ကြ​လိမ့် မည်' ဟူ​သော​သ​ခင်​ဘု​ရား​၏​စ​ကား​တော် ကို​ငါ​သည်​ပြန်​၍​သ​တိ​ရ​၏။- ဘု​ရား​သ​ခင်​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ဆု​ကျေး​ဇူး ကို ထို​လူ​မျိုး​ခြား​တို့​အား​လည်း​ပေး​တော်​မူ ကြောင်း​ထင်​ရှား​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ဆီး​တား နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။ ထို​စ​ကား​ကို​ကြား​သော​အ​ခါ ထို​သူ​တို့​သည် ပြစ်​တင်​ဝေ​ဖန်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ``ဘု​ရား သ​ခင်​သည်​လူ​မျိုး​ခြား​တို့​အား​လည်း နောင်​တ​ရ ၍​အ​သက်​ရှင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​သည်​တ​ကား'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။

တမန်တော် 11:1-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လူမျိုးခြား​တို့​သည်​လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​ကြောင်း တမန်တော်​တို့​နှင့် ယုဒ​ပြည်​တစ်လျှောက်​တွင်​ရှိ​သော​ညီအစ်ကို​တို့​သည် ကြားသိ​ကြ​၏။ သို့ဖြစ်၍ ပေတရု​သည် ဂျေရုဆလင်​မြို့​သို့ တက်​ရောက်​လာ​သောအခါ အရေဖျား​လှီး​ထား​သော​သူ​တို့​က “သင်​သည် အရေဖျား​မ​လှီး​သော​သူ​တို့​အိမ်​သို့​ဝင်​၍ သူ​တို့​နှင့်အတူ​စား​သောက်​ပါ​သည်​တကား”​ဟု သူ့​ကို​ပြစ်တင်​ပြောဆို​ကြ​၏။ ထိုအခါ ပေတရု​သည် ထို​အကြောင်းအရာ​ကို သူ​တို့​အား အစဉ်လိုက်​ရှင်းပြ​ကာ “ငါ​သည် ယုပ္ပေ​မြို့​၌ ဆုတောင်း​လျက်​နေ​စဉ် အာရုံ​မှုန်ဝါး​တွေဝေ​၍ ရူပါရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး ကောင်းကင်​မှ​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု​သည် နိမ့်ဆင်း​လာ​၍ ငါ့​ထံသို့​ရောက်လာ​၏။ ငါ​သည် ထို​အရာ​ထဲသို့ စူးစိုက်​၍​စေ့စေ့​ကြည့်​လိုက်​ရာ မြေကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တဝါ​များ၊ သားရဲ​တိရစ္ဆာန်​များ၊ တွားသွား​သတ္တဝါ​များ​နှင့် မိုး​ကောင်းကင်​ငှက်​များ​ကို မြင်​ရ​၏။ ထို့နောက်‘ပေတရု၊ ထ​၍​သတ်​စား​လော့’​ဟု ငါ့​အား​ပြော​သော​အသံ​ကို​လည်း ငါ​ကြား​ရ​၏။ သို့သော် ငါ​က ‘မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား မစင်ကြယ်​သော​အရာ​၊ သို့မဟုတ် ညစ်ညူး​သော​အရာ​သည် အကျွန်ုပ်​ခံတွင်း​ထဲသို့ မ​ဝင်​ဖူး​ပါ’​ဟု လျှောက်​၏။ ထိုအခါ ဒုတိယ​အကြိမ်​ကောင်းကင်​မှ အသံ​ထွက်ပေါ်​လာ​၍‘ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်’​ဟု ဆို​လေ​၏။ ဤသို့ သုံး​ကြိမ်​တိုင်တိုင်​ဖြစ်​ပြီးနောက် ထို​အရာ​အားလုံး​သည် ကောင်းကင်​သို့ ပြန်လည်​ရုပ်သိမ်း​ခြင်း​ခံရ​၏။ ထို​ခဏချင်း​တွင် ဆီဇာရီးယား​မြို့​မှ ငါ့​ထံသို့​စေလွှတ်​လိုက်​သည့် လူ​သုံး​ဦး​တို့​သည် ငါ​ရှိ​နေ​သော​အိမ်​သို့ ရောက်လာ​ကြ​၏။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ‘သံသယ​မ​ရှိ​ဘဲ သူ​တို့​နှင့်အတူ​လိုက်သွား​လော့’​ဟု ငါ့​အား မိန့်​တော်မူ​၏။ ဤ​ညီအစ်ကို​ခြောက်​ဦး​တို့​သည်​လည်း ငါ​နှင့်အတူ​လိုက်သွား​၍ ငါ​တို့​သည် ထို​သူ​၏​အိမ်​သို့​ဝင်​ကြ​၏။ ထို​သူ​က ကောင်းကင်တမန်​သည် သူ့​အိမ်​ထဲ၌​ရပ်​လျက် ‘ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​ကို ခေါ်ဖိတ်​လော့။ သူ​သည် သင်​နှင့် သင်​၏​မိသားစု​အားလုံး ကယ်တင်​ခြင်း​ရရှိ​စေ​မည့်​တရား​စကား​ကို သင့်​အား ဟောပြော​လိမ့်မည်’​ဟု မြွက်ဆို​သည်​ကို သူ​မြင်​ရ​ကြောင်း ငါ​တို့​အား ပြောပြ​ခဲ့​၏။ ထို့နောက် ငါ​စတင်​ဟောပြော​လေ​ရာ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အစအဦး​က ငါ​တို့​အပေါ်သို့​သက်ရောက်​သကဲ့သို့ ထို​သူ​တို့​အပေါ်သို့​လည်း သက်ရောက်​တော်မူ​၏။ ထိုအခါ‘ယောဟန်​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​မူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ခံရ​ကြ​လိမ့်မည်’​ဟု သခင်​ဘုရား​မိန့်​တော်မူ​သော​စကား​ကို ငါ​သတိရ​၏။ ဤသို့ဖြင့် ဘုရားသခင်​သည် သခင်​ယေရှု​ခရစ်တော်​ကို​ယုံကြည်​သော​ငါ​တို့​အား ပေး​တော်မူ​သကဲ့သို့ ထို​သူ​တို့​ကို​လည်း တူညီ​သော​ကောင်းချီး​လက်ဆောင်​ကို ပေး​တော်မူ​လျှင် ငါ​သည် မည်သို့​သော​သူ​ဖြစ်​၍ ဘုရားသခင်​ကို တားဆီး​နိုင်​မည်နည်း”​ဟု ဆို​လေ​၏။ သူ​တို့​သည် ထို​စကား​ကို​ကြား​သောအခါ တိတ်ဆိတ်​သွား​ကြ​၏။ ထို့နောက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “သို့ဖြစ်လျှင် ဘုရားသခင်​သည် အသက်ရှင်​ခြင်း​သို့​ရောက်​စေ​သည့်​နောင်တ​တရား​ကို လူမျိုးခြား​တို့​အား​လည်း ပေး​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။