YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 21:1-14

၂ ဓမ္မရာဇဝင် 21:1-14 Judson Bible (JBMLE)

ထို​နောက် ဒါ​ဝိဒ်​လက်​ထက်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဂိ​ဗောင်​လူ​တို့​ကို သတ်​သော​ရှော​လု​နှင့် လူ​အ​သက်​ကို​သတ်​တတ်​သော ရှော​လု​အ​မျိုး​ကြောင့် ဤ​အ​မှု​ရောက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။ ဂိ​ဗောင်​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင်​မ​ဟုတ်၊ ကျန်​ကြွင်း​သော အာ​မော​ရိ​အ​မျိုး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် သူ​တို့​အား သ​စ္စာ​က​တိ​ထား​ကြ​သော်​လည်း၊ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ကျိုး​ကို စောင့်​ရှောက်၍ သူ​တို့​ကို​သတ်​မည်​ဟု အား​ထုတ်​သ​တည်း။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​ဗောင်​လူ​တို့​ကို ခေါ်၍၊ သင်​တို့​အ​ဖို့ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မွေ​တော်​ကို ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သို့ အ​ပြစ်​ဖြေ​ရ​မည်​နည်း​ဟု မေး​လျှင်၊ ဂိ​ဗောင်​လူ​တို့​က၊ ကျွန်​တော်​တို့​သည် ရှော​လု​နှင့် သူ၏​အ​မျိုး၌ ရွှေ​ငွေ​ကို​မ​တောင်း​ပါ။ ကျွန်​တော်​တို့​အ​တွက် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​ကို​မျှ ကိုယ်​တော်​သည် မ​သတ်​ရ​ဟု ပြန်​လျှောက်​ကြ​သော်၊ သင်​တို့ တောင်း​သည်​အ​တိုင်း ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။ သူ​တို့​က​လည်း၊ ကျွန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​နိုင်​ငံ​အ​တွင်း၌ အ​လျှင်း​မ​နေ​ရ​မည်​အ​ကြောင်း သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ကြိုး​စား​သော​သူ၏- သား​ခု​နစ်​ယောက်​တို့​ကို ကျွန်​တော်​တို့​လက်​သို့​အပ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော ရှော​လု​နေ​ရာ​ဂိ​ဗာ​မြို့၌ ထို​သူ​တို့​ကို ကျွန်​တော်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဆွဲ​ထား​ပါ​မည်​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။ သို့​သော်​လည်း ဒါ​ဝိဒ်​နှင့်​ရှော​လု၏​သား​ယော​န​သန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ယောက်​နှင့်​တစ်​ယောက် သ​စ္စာ​က​တိ​ထား​သော​ကြောင့်၊ ရှင်​ဘု​ရင်​သည် ရှော​လု၏​သား​ယော​န​သန်​မြင်​သော မေ​ဖိ​ဗော​ရှက်​ကို နှ​မြော​တော်​မူ၏။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​သည် အဲ​အာ​သ​မီး​ရိ​ဇ​ပ​ဖွား​မြင်​သော ရှော​လု၏​သား အာ​မော​နိ​နှင့် မေ​ဖိ​ဗော​ရှက်​နှစ်​ယောက်​မှ​စ၍၊ ရှော​လု၏​သ​မီး​မေ​ရပ်​တွင် မေ​ဟော​လ​သိ​အ​မျိုး ဗာ​ဇိ​လဲ၏​သား​အ​ဒြေ​လ​မြင်​သော သား​ငါး​ယောက်​တို့​ကို​ယူ၍၊ ဂိ​ဗောင်​လူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆွဲ​ထား၍၊ ထို​သူ​ခု​နစ်​ယောက်​တို့​သည် မု​ယော​စ​ပါး​ရိတ်​စ​ကာ​လ၊ တစ်​နေ့​ချင်း​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ၍ တစ်​ပြိုင်​နက်​သေ​ကြ၏။ အဲ​အာ​သ​မီး​ရိ​ဇ​ပ​သည် စ​ပါး​ရိတ်​စ​ကာ​လ​မှ​စ၍ မိုး​မ​ရွာ​မီ​တိုင်​အောင် လျှော်​တေ​ကို​ယူ၍ ကျောက်​ပေါ်​မှာ အိပ်​စ​ရာ​ဖို့​ခင်း​လျက်၊ နေ့​အ​ချိန်​တွင် အ​လောင်း​ကောင်​အ​ပေါ်၌ ငှက်​မ​နား၊ ည​အ​ချိန်​တွင် သား​ရဲ​မ​ကိုက်​စေ​ခြင်း​ငှာ စောင့်​ရှောက်​လျက်​နေ၏။ ရှော​လု၏​ကိုယ်​လုပ်​တော် အဲ​အာ​သ​မီး ရိ​ဇ​ပ​ပြု​သော​အ​မှု​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဂိ​လ​ဗော​တောင်၌ ရှော​လု​ကို​သတ်၍၊ အ​လောင်း​တော်​ကို​ဆွဲ​ထား​ရာ ဗက်​ရှမ်​လမ်း​မှ ခိုး​သွား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မြို့​သား​တို့​ရှိ​ရာ​သို့ ရှင်​ဘု​ရင်​သွား၍၊ ရှော​လု​အ​ရိုး​နှင့် သား​တော်​ယော​န​သန်​အ​ရိုး​တို့​ကို​ယူ၍၊ ထို​အ​ရပ်​မှ​ဆောင်​သွား​သ​ဖြင့်၊ ဆွဲ​ထား​သော သူ​တို့၏​အ​ရိုး​များ​ကို​လည်း စု​သိမ်း​ပြီး​လျှင်၊ ဗင်္ယာ​မိန်​ပြည်၊ ဇေ​လ​ရွာ၊ ရှော​လု​အ​ဘ​ကိ​ရှ၏​သင်္ချိုင်း၌​သင်္ဂြိုဟ်၍၊ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ပြု​ကြ​ပြီး​သည်​နောက်၊ နိုင်​ငံ​တော်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ၏။

၂ ဓမ္မရာဇဝင် 21:1-14 Common Language Bible (BCL)

ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။- (ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​များ​မ​ဟုတ်။ သူ​တို့​သည်​အာ မော​ရိ​အ​မျိုး​သား​လူ​နည်း​စု​ဖြစ်​၍ သူ​တို့ အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ကာ ကွယ်​စောင့်​ရှောက်​မည်​ဟု​က​တိ​ထား​ခဲ့​၏။ သို့ ရာ​တွင်​ရှော​လု​သည်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သူ​တို့​အ​တွက် စိတ်​ထက်​သန်​မှု​ကြောင့် ဂိ​ဗောင်​မြို့​မှ​လူ​တို့​အား​သုတ်​သင်​ရန် ကြိုး​စား​ခဲ့​သ​တည်း။-) ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ ကို​ခေါ်​၍``ငါ​သည်​သင်​တို့​အ​ဖို့​အ​ဘယ် အ​မှု​ကို​ပြု​ရ​ပါ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​အား​ကောင်း ချီး​ပေး​ကြ​စေ​ရန် ငါ​သည်​သင်​တို့​ခံ​ခဲ့​ရ သည့်​မ​တ​ရား​မှု​အ​တွက်​တစ်​ခု​ခု​ပြု လုပ်​ပေး​လို​ပါ​သည်'' ဟု​မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​က``ရှော​လု​တို့​မိ​သား​စု​နှင့်​အ​ကျွန်ုပ် တို့​အ​ချင်း​ပွား​မှု​ကို​ရွှေ​ငွေ​နှင့်​ပေး​လျော်​၍ မ​ရ​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​ဣ​သ ရေ​လ​အ​မျိုး​သား​ကို​မျှ​လည်း​မ​သတ်​လို ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ``ထို​သို့​ဖြစ်​ပါ​မူ​သင်​တို့​အ​တွက်​အ​ဘယ်​သို့ ပြု​စေ​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က``ရှော​လု​သည်​ဣသ​ရေ​လ​နိုင်​ငံ အ​တွင်း​၌ အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ အ​လျှင်း​မ​ကျန်​ရစ်​ရ​အောင်​သုတ်​သင်​ပစ် ရန်​ကြံ​ရွယ်​ခဲ့​ပါ​၏။- သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊- အဲ​အာ​၏​သ​မီး​ရိ​ဇ​ပ​နှင့်​ရှော​လု​ရ​ရှိ​သည့် သား​တော်​အာ​မော​နိ​နှင့်​မေ​ဖိ​ဗော​ရှက်​နှစ် ယောက်၊ မေ​ဟော​လ​မြို့​နေ​ဗာ​ဇိ​လဲ​၏​သား အ​ဒြေ​လ​နှင့်​ရှော​လု​၏​သ​မီး​မိ​ရပ်​ရ​ရှိ သည့်​သား​ငါး​ယောက်​တို့​ကို ဂိ​ဗောင်​မြို့​မှ လူ​တို့​အား​ပေး​အပ်​တော်​မူ​၏။- ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ထို​သူ​တို့​အား တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် ၌​စက်​တိုင်​တင်​လိုက်​ကြ​၏။ ထို​သူ​ခု​နစ် ယောက်​စ​လုံး​တို့​သည်​နွေ​ဦး​ပေါက်​မု​ယော စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​၌​တစ်​ပြိုင်​နက် သေ​ကြ​လေ​သည်။ ထို​အ​ခါ​အဲ​အာ​၏​သ​မီး၊ ရှော​လု​၏​မောင်း​မ တော်​ရိ​ဇ​ပ​သည် လျှော်​တေ​ဝတ်​ကို​အ​လောင်း များ​ထား​ရာ​ကျောက်​ပေါ်​မှာ​မိုး​ပြီး​လျှင် စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​မှ​စ​၍ မိုး​ဦး​ကျ ချိန်​တိုင်​အောင်​အ​လောင်း​များ​ကို​နေ့​အ​ချိန် ၌​လေ​သတ္တ​ဝါ၊ ညဥ့်​အ​ချိန်​၌​မြေ​သတ္တ​ဝါ တို့​မ​ချဉ်း​ကပ်​စေ​ရန်​စောင့်​ရှောက်​လျက်​နေ လေ​၏။ ရိ​ဇ​ပ​၏​အ​ပြု​အ​မူ​ကို​သိ​ရှိ​တော်​မူ​သော အ​ခါ၊- ဒါ​ဝိဒ်​သည်​ဂိ​လဒ်​ပြည်​သို့​သွား​၍​ယာ​ဗက်​မြို့ သား​တို့​ထံ​မှ ရှော​လု​နှင့်​ယော​န​သန်​၏​အ​ရိုး တို့​ကို​ဆောင်​ယူ​တော်​မူ​၏။ (ယာ​ဗက်​မြို့​သား တို့​သည်​ထို​အ​ရိုး​တို့​ကို​ဗက်​ရှန်​မြို့​ရင်​ပြင်​မှ လျှို့​ဝှက်​စွာ​ဆောင်​ယူ​ခဲ့​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ဂိ​လ​ဗော​တောင်​ပေါ်​တွင် ရှော​လု ကို​သတ်​ပြီး​နောက်​သူ​၏​အ​လောင်း​နှင့်​ယော န​သန်​၏​အ​လောင်း​ကို​ဗက်​ရှန်​မြို့​ရင်​ပြင် တွင်​ဆွဲ​ထား​ကြ​သည်။-) ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​၏ အ​ရိုး​ကို​ယူ​ပြီး​နောက် စက်​တိုင်​အ​တင်​ခံ ရ​သော​ခု​နစ်​ယောက်​တို့​၏​အ​ရိုး​တို့​ကို လည်း​စု​သိမ်း​တော်​မူ​၏။- ထို​နောက်​သူ​တို့​သည်​ထို​အ​ရိုး​များ​ကို​ရှော​လု နှင့်​ယော​န​သန်​၏​အ​ရိုး​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် နယ်၊ ဇေ​လ​မြို့​ရှိ​ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ ၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​တို့​သည်​မင်း ကြီး​မိန့်​မှာ​တော်​မူ​လိုက်​သ​မျှ​တို့​ကို​ဆောင် ရွက်​ကြ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ပြည် တော်​အ​တွက် ထို​သူ​တို့​တောင်း​လျှောက်​သည့် ဆု​တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​တော် မူ​၏။

၂ ဓမ္မရာဇဝင် 21:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဒါဝိဒ်​မင်းကြီး​လက်ထက်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး သုံး​နှစ်​ဆက်တိုက်​ဖြစ်​၏​။ ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​က ထာဝရဘုရား​ထံ​မေးလျှောက်​လျှင် ထာဝရဘုရား​က “​ရှောလု​သည် ဂိဗောင်​မြို့သား​တို့​ကို သတ်​၍ အမျိုးအနွယ်​ထဲတွင် သွေးစွန်း​စေ​သော​အပြစ်​ကြောင့် ဤသို့​ဖြစ်​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ရှင်ဘုရင်​သည် ဂိဗောင်​မြို့သား​တို့​ကို ဆင့်ခေါ်​ပြီးလျှင် သူ​တို့​နှင့်​စကားပြော​၏​။ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​အနွယ်ဝင်​မ​ဟုတ်​။ အာမောရိ​လူမျိုး​အကြွင်းအကျန်​များ ဖြစ်​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​နှင့်​ကတိသစ္စာပြု​ခဲ့​သော်လည်း ရှောလု​မင်းကြီး​သည် အစ္စရေး​အမျိုး​နှင့် ယုဒ​အမျိုး​တို့​အဖို့​စိတ်အားကြီး​၍ သူ​တို့​ကို သုတ်သင်​ရန် ကြိုးစား​ခဲ့​၏​။ ဒါဝိဒ်​မင်းကြီး​က ဂိဗောင်​မြို့သား​တို့​အား “​ယခု သင်​တို့​အဖို့ ငါ မည်သို့​ပြု​ပေး​ရ​မည်နည်း​။ ထာဝရဘုရား​၏​အမွေ​တော်​ကို သင်​တို့​ကောင်းချီးပေး​ကြ​ဖို့ ငါ မည်သို့​အပြစ်ဖြေ​ရ​မည်နည်း​”​ဟု မေး​လျှင် ဂိဗောင်​မြို့သား​တို့​က “​အကျွန်ုပ်​တို့​သည် ရှောလု​နှင့်​သူ့​အမျိုးအနွယ်​တို့​ထံမှ ရွှေ​ငွေ​ကို မ​တောင်း​ပါ​။ အစ္စရေး​လူမျိုး​တစ်ယာက်​ကို​မှ​လည်း မ​သတ်​လို​ပါ​”​ဟု ပြန်လျှောက်​ကြ​လျှင် ဒါဝိဒ်​မင်းကြီး​က “​သင်​တို့ အလိုရှိ​သမျှ​ကို ငါ​ပြု​ပေး​ပါ​မည်​”​ဟု မိန့်ဆို​၏​။ သူ​တို့​က ရှင်ဘုရင်​အား “​အကျွန်ုပ်​တို့​လူမျိုး​ကို အစ္စရေး​နယ်မြေ​တစ်ခွင်လုံး​မှ​ပပျောက်​သွား​အောင် ဝါးမျို​သုတ်သင်​ပစ်​ရန် ကြံစည်​သူ​မှာ ဤ​သူ​ပင်​ဖြစ်​ပါ​၏​။ ထို့ကြောင့် သူ့​သား​ခုနစ်​ယောက်​ကို အကျွန်ုပ်​တို့​လက်​သို့ အပ်​တော်မူ​ပါ​။ ထာဝရဘုရား ရွေးကောက်​ခံရ​သူ​ရှောလု​၏​ဇာတိ​မြို့​ဖြစ်​သော ဂိဗာ​မြို့​၌ သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​တွင် ကြိုးဒဏ်​ပေး​ပါ​မည်​”​ဟု လျှောက်တင်​ကြ​လျှင် ရှင်ဘုရင်​က “​ငါ​အပ်ပေး​မည်​”​ဟု မိန့်ဆို​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​နှင့် ရှောလု​မင်းကြီး​၏​သား​ယောနသန်​တို့​ကြား​၌ ထာဝရဘုရား​ကို​တိုင်တည်​၍ ပြု​ထား​သော​ကတိသစ္စာ​ကြောင့် ရှင်ဘုရင်​သည် ရှောလု​၏​မြေး​၊ ယောနသန်​၏​သား မေဖိဗောရှက်​ကို ချမ်းသာ​ပေး​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် ရှောလု​မင်းကြီး​အဖို့ အာယ​၏​သမီး​ရိဇပ​က မွေးဖွား​ပေး​သော​သား​နှစ်​ယောက်​ဖြစ်​သည့် အာမောနိ​နှင့်​မေဖိဗောရှက်​၊ မေဟောလသိ​မြို့သား ဗာဇိလဲ​၏​သား​အဒြေလ​အဖို့ ရှောလု​မင်းကြီး​၏​သမီး​မိခါလ​က​မွေးဖွား​ပေး​သော​သား​ငါး​ယောက်​တို့​ကို ခေါ်ယူ​ပြီး ဂိဗောင်​မြို့သား​တို့​လက်​သို့ အပ်လိုက်​သဖြင့် ဂိဗောင်​မြို့သား​တို့​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော် တောင်​ပေါ်တွင်​ကြိုးဒဏ်​ပေး​၏​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန် မုယောစပါး​စတင်​ရိတ်သိမ်း​သော ပထမ​ရက်​တွင် အသတ်​ခံရ​၍ ခုနစ်​ဦး​စလုံး ပြိုင်တူ​သေ​ကြ​လေ​၏​။ အလောင်း​တို့​ကို နေ့​အချိန်​တွင် မိုးကောင်းကင်​ငှက်​တို့ မ​ထိပါး​အောင်​၊ ညအချိန်​တွင် တောတိရစ္ဆာန်​တို့ လာ​မ​ဆွဲ​အောင် အာယ​၏​သမီး​ရိဇပ​က လျှော်တေအဝတ်​ကို​ယူ​၍ ကျောက်ဖျာ​တစ်​ခု​ပေါ်တွင်​ခင်းထိုင်​ပြီး သီးနှံ​ရိတ်သိမ်း​ချိန်​မှ​စ​၍ အလောင်း​ပေါ်သို့ ကောင်းကင်​မှ​မိုး​ရွာချ​သည့်​အချိန်​ထိ စောင့်ရှောက်​ပေး​ခဲ့​၏​။ ရှောလု​မင်းကြီး​၏​မောင်းမ အာယ​၏​သမီး ရိဇပ​ပြု​သော​အမှု​ကို ဒါဝိဒ်​မင်းကြီး​အား ကြားလျှောက်​ကြ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ယာဗက်ဂိလဒ်​မြို့သား​တို့​ထံမှ ရှောလု​မင်းကြီး​နှင့်​သား​တော်​ယောနသန်​တို့​၏​အရိုး​ကို သွား​ယူလာ​ခဲ့​၏​။ ရှောလု​မင်းကြီး​ကို​ဂိလဗော​တောင်​ပေါ်တွင် ဖိလိတ္တိ​လူမျိုး​တို့​သတ်​သော​နေ့​၌ ဗက်ရှန်​မြို့ လမ်းဆုံလမ်းခွ​တွင် သူ​တို့​အား ချိတ်ဆွဲ​ထား​သည်​ကို ယာဗက်ဂိလဒ်​မြို့သား​တို့ ခိုးယူ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။ ဒါဝိဒ်​မင်းကြီး​သည် ယာဗက်ဂိလဒ်​မြို့​မှ ရှောလု​မင်းကြီး​နှင့် သား​တော်​ယောနသန်​တို့​၏​အရိုး​များ​ကို ယူလာ​၏​။ ကြိုးဒဏ်​ခံရ​သော​သူ​တို့​၏​အရိုး​များ​ကို​လည်း စုသိမ်း​စေ​၏​။ ရှောလု​မင်းကြီး​နှင့် သား​တော်​ယောနသန်​တို့​၏​အရိုး​ကို ဗင်္ယာမိန်​ပြည်​၊ ဇေလ​မြို့​ရှိ ရှောလု​မင်းကြီး​၏​ဖခင် ကိရှ​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​လိုက်​ကြ​၏​။ ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း အလုံးစုံ​ပြု​ပြီး​သောအခါ​မှ ဘုရားသခင်​သည် ပြည်​တော်​အတွက် ဆုတောင်းသံ​ကို နားညောင်း​တော်မူ​လေ​၏​။