၂ ရှင်ပေတရု 1:3
၂ ရှင်ပေတရု 1:3 Judson Bible (JBMLE)
ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောဘုရားကို သိသောဉာဏ်အားဖြင့်၊ ငါတို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။
၂ ရှင်ပေတရု 1:3 Common Language Bible (BCL)
ငါတို့သည်ခရစ်တော်ကိုသိကျွမ်းခြင်းအား ဖြင့် ဘုရားဝတ်၌အမှန်ပင်မွေ့လျော်နိုင်စေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်ဖြင့် ငါ တို့လိုအပ်သောအရာရှိသမျှကိုချပေး တော်မူ၏။ ခရစ်တော်သည်မိမိ၏ဘုန်းအသ ရေတော်နှင့်ကောင်းမြတ်ခြင်းကို ငါတို့ခံယူ နိုင်ကြစေရန်ငါတို့အားခေါ်ယူရွေးကောက် တော်မူပေသည်။
၂ ရှင်ပေတရု 1:3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါတို့ကို မိမိ၏ဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းထဲသို့ ခေါ်ယူတော်မူသောအရှင်ကို ငါတို့သိခြင်းအားဖြင့် ကိုယ်တော်၌ရှိသောဘုရားတန်ခိုးတော်သည် အသက်ရှင်ခြင်းနှင့်တကွ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့နှင့်ဆိုင်သော အရာခပ်သိမ်းတို့ကို ငါတို့အားပေးသနားတော်မူပြီ။