YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 1:11-12

၂ ရာဇဝင်ချုပ် 1:11-12 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ထို​သို့​အောက်​မေ့၍ စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို​မ​တောင်း၊ ရန်​သူ​တို့၏ အ​သက်​ကို​လည်း မ​တောင်း၊ တာ​ရှည်​သော​အ​သက်​ကို​လည်း မ​တောင်း၊ ငါ​ခန့်​ထား၍ သင်​အ​စိုး​ရ​သော ငါ၏​လူ​မျိုး​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော ဉာဏ်​ပ​ညာ​ကို​သာ ကိုယ်​အ​ဖို့​တောင်း​သော​ကြောင့်၊ ဉာဏ်​ပ​ညာ​ကို ငါ​ပေး၏။ ထို​မှ​တစ်​ပါး သင့်​ရှေ့​မှာ​ဖြစ်​ဖူး​သော ရှင်​ဘု​ရင်​နှင့် သင့်​နောက်၌ ဖြစ်​လ​တ္တံ့​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​မီ​နိုင်​မည်​အ​ကြောင်း၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

၂ ရာဇဝင်ချုပ် 1:11-12 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​လျောက်​ပတ် သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ စည်း​စိမ်​ဥစ္စာ နှင့်​ဂုဏ်​သ​တင်း​ကျော်​စော​မှု​တို့​ကို​သော် လည်း​ကောင်း၊ ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​ရန် ကို​သော်​လည်း​ကောင်း​မ​တောင်း​ခံ​ဘဲ သင့်​အား ငါ​ပေး​အပ်​ထား​သည့်​ပြည်​သူ​တို့​ကို​အုပ်​စိုး နိုင်​ရန်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​တောင်း ခံ​ပေ​သည်။ သို့​ဖြစ်​၍​သင့်​အား​အ​သိ​ပ​ညာ နှင့်​ဉာဏ်​ပ​ညာ​ကို​ငါ​ပေး​မည်။- ထို့​အ​ပြင်​ရှေး​အ​ခါ​၌​သော်​လည်း​ကောင်း၊ နောင်​အ​ခါ​၌​သော်​လည်း​ကောင်း ဘု​ရင်​တစ် ပါး​မျှ​မ​ရ​ရှိ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ဂုဏ်​သ​တင်း​ကျော်​စော​မှု​ကို​လည်း​ငါ​ပေး ဦး​မည်'' ဟု​မိန့်​တော်​မူ​၏။

၂ ရာဇဝင်ချုပ် 1:11-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ဘုရားသခင်​က ရှောလမုန်​မင်းကြီး​အား “​သင်​သည် ဓနဥစ္စာ​စည်းစိမ်​ချမ်းသာ​နှင့် ဂုဏ်သရေ​ကို​မ​တောင်း​၊ ရန်သူ့​အသက်​ကို​မ​တောင်း​၊ အသက်တာ​ရှည်​ဖို့​မ​တောင်း​ဘဲ သင့်​အား ငါ​အုပ်ချုပ်​စေ​သည့် ငါ့​လူမျိုး​တော်​တို့​ကို​အုပ်ချုပ်​နိုင်​ရန်​အတွက် သင့်​စိတ်နှလုံး​တွင်​ရှိ​သည့်​အတိုင်း ဉာဏ်ပညာ​၊ အသိတရား​တို့​ကို​သာ တောင်းဆို​သောကြောင့် သင့်​အား ဉာဏ်ပညာ​နှင့် အသိတရား​များ​ကို​သာမက သင့်​ရှေ့​၌​ရှိ​ခဲ့​သော​ဘုရင်​၊ သင့်​နောက်တွင်​ရှိ​မည့်​ဘုရင်​တို့​၌ မ​ရ​နိုင်​သော ဓနဥစ္စာ​၊ ကြွယ်ဝချမ်းသာ​ခြင်း​နှင့် ဂုဏ်သရေ​ရှိ​ခြင်း​တို့​ကို​ပါ ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။