၁ တိမောသေ 3:1-7
၁ တိမောသေ 3:1-7 Judson Bible (JBMLE)
သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟူသော စကားသည် မှန်သောစကားဖြစ်၏။- ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။- စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သောစီးပွားကို တပ်မက်ခြင်းမရှိ၊ စိတ်ဖြည်းညင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည်။- မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။- မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။- မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ် မဖြစ်ရ။- ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဖမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။
၁ တိမောသေ 3:1-7 Common Language Bible (BCL)
အသင်းတော်၏ခေါင်းဆောင်ဖြစ်ရန်မျှော်မှန်း သူသည်မွန်မြတ်သည့်အမှုအရာကိုလို လားတောင့်တသူဖြစ်၏ဟူသောစကား သည်မှန်ပေ၏။- အသင်းတော်ကိုခေါင်းဆောင်သူသည်အပြစ် ဆိုဖွယ်မရှိသူဖြစ်ရမည်။ ထိုသူ၌ဇနီး တစ်ယောက်သာရှိရမည်။ သူသည်သမ္မာသတိ ရှိသူ၊ ဣန္ဒြေစောင့်စည်းသူ၊ လျောက်ပတ်စွာနေထိုင် ကျင့်ကြံသူဖြစ်ရမည်။ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ရမည်။ သင်ကြားတတ်သူဖြစ်ရမည်။- သေသောက်ကြူးသူမဖြစ်စေရ။ သူသည် ကြမ်းတမ်းသူမဟုတ်ဘဲနူးညံ့သိမ်မွေ့သူ၊ ငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ရမည်။ ငွေ ကိုခုံမင်တပ်မက်သူမဖြစ်ရ။- သူသည်မိမိ၏အိမ်ထောင်ကိုကောင်းစွာအုပ် ထိန်းနိုင်လျက် သားသမီးများ၏နာခံလေး စားမှုကိုရရှိသူဖြစ်ရမည်။- မိမိ၏အိမ်ထောင်ကိုမအုပ်မထိန်းနိုင်သူသည် ဘုရားသခင်၏အသင်းတော်ကိုအဘယ်သို့ လျှင်အုပ်ထိန်းနိုင်ပါမည်နည်း။- သူသည်မကြာမီကမှခရစ်ယာန်ဘာသာ သို့ကူးပြောင်းလာသူမဖြစ်စေရ။ သို့မှသာ သူသည်မိမိကိုယ်ကိုအထင်ကြီးလာသဖြင့် မာရ်နတ်နည်းတူအပြစ်ဒဏ်စီရင်ခြင်းခံရ မည်မဟုတ်။- ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန်နှင့်မာရ်နတ် ၏ကျော့ကွင်းထဲသို့မကျရောက်စေရန်သူ သည်အသင်းတော်အပရှိလူတို့၏ရိုသေ လေးစားမှုကိုခံရသူဖြစ်ရမည်။
၁ တိမောသေ 3:1-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
“တစ်စုံတစ်ယောက်သည် ကြီးကြပ်သူဖြစ်ရန် အလွန်တောင့်တလျှင် ထိုသူသည် ကောင်းသောအမှုကိုတောင့်တ၏”ဟူသောစကားသည် မှန်သောစကားဖြစ်၏။ ထို့ကြောင့် ကြီးကြပ်သူသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သင်ကြားပေးနိုင်စွမ်းရှိသောသူဖြစ်ရမည်။ သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊ မိမိအိမ်ထောင်ကို ကောင်းစွာစီမံအုပ်ချုပ်လျက် သားသမီးတို့ကို တည်ကြည်လေးနက်ခြင်းအပြည့်အဝဖြင့် နာခံမှုရှိစေသောသူဖြစ်ရမည်။ မိမိအိမ်ထောင်ကို မည်ကဲ့သို့စီမံအုပ်ချုပ်ရမည်ကိုမသိသောသူသည် ဘုရားသခင်၏အသင်းတော်ကို မည်ကဲ့သို့ပြုစုစောင့်ရှောက်နိုင်မည်နည်း။ သူသည် ယုံကြည်ခါစလူမဖြစ်ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်လျက် မာရ်နတ်နှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းထဲသို့ ကျရောက်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုမျှမက ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျက် မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စေရန် အသင်းတော်ပြင်ပ၌ ဂုဏ်သတင်းကောင်းသောသူလည်းဖြစ်ရမည်။