YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 10:1-16

၁ ဓမ္မရာဇဝင် 10:1-16 Judson Bible (JBMLE)

ဆီ​ဘူး​ကို​ယူ၍ ရှော​လု၏​ခေါင်း​ပေါ်​မှာ​လောင်း​လေ၏။ တစ်​ဖန်​သူ့​ကို​နမ်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မွေ​တော်​လူ​မျိုး၏ မင်း​အ​ရာ၌​ခန့်​ထား၍ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး​တော်​မူ၏။ ယ​နေ့ ငါ​နှင့်​ကွာ၍ သွား​သော​အ​ခါ၊ ဗင်္ယာ​မိန်​ခ​ရိုင်​စွန်း၊ ဇေ​လ​ဇ​ရွာ၊ ရာ​ခေ​လ​သင်္ချိုင်း​အ​နား​မှာ လူ​နှစ်​ယောက်​ကို တွေ့​လိမ့်​မည်။ သူ​တို့​က၊ သင်​သွား၍ ရှာ​သော​မြည်း​တို့​ကို တွေ့​ပြီ။ သင်၏​အ​ဘ​သည် မြည်း​တို့​ကို အ​မှု​မ​ထား၊ ငါ့​သား​အ​ဖို့ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု​ဆို​လျက် စိုး​ရိမ်​ကြောင်း​ကို ပြော​ကြ​လိမ့်​မည်။ ထို​အ​ရပ်​မှ​လွန်၍ တာ​ဗော်​လွင်​ပြင်​သို့ ရောက်​လျှင်၊ ဆိတ်​သ​ငယ်​သုံး​ကောင်​ကို ဆောင်​သော​သူ​တစ်​ယောက်၊ မုန့်​သုံး​လုံး​ကို ဆောင်​သော​သူ တစ်​ယောက်၊ စ​ပျစ်​ရည်​ဘူး​ကို​ဆောင်​သော​သူ တစ်​ယောက်​တည်း​ဟူ​သော ဗေ​သ​လ​မြို့ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ သွား​သော​သူ သုံး​ယောက်​တို့​နှင့် သင်​သည်​တွေ့​ကြုံ​လိမ့်​မည်။ ထို​သူ​တို့​သည် နှုတ်​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး၍၊ သင်​သည် သူ​တို့​လက်​မှ​ခံ​ယူ​ရ​လိမ့်​မည်။ ထို​နောက်​မှ ဖိ​လိ​တ္တိ​တပ်​ရှိ​ရာ ဘု​ရား​သ​ခင်၏​တောင်​သို့​ရောက်၍ မြို့​သို့​ချဉ်း​ကပ်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​သည် တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စောင်း​ပါ​လျက် ပ​ရော​ဖက်​ပြု​လျက်၊ မြင့်​သော​အ​ရပ်​မှ ဆင်း​လာ​ကြ​သည်​ကို တွေ့​လိမ့်​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင့်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သင်​သည် သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု၍ ခြား​နား​သော​သူ ဖြစ်​လိမ့်​မည်။ ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​သည် သင်၌​ဖြစ်​သော​အ​ခါ၊ အ​ဆင်​သင့်​သည်​အ​တိုင်း ပြု​လော့။ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏။ သင်​သည်​လည်း ငါ့​ရှေ့​မှာ ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​လည်း မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း​ငှာ သင်​ရှိ​ရာ​သို့​လာ​မည်။ ငါ​လာ၍ သင်​ပြု​ရ​သော အ​မှု​ကို​မ​ပြ​မီ​တိုင်​အောင် သင်​သည်​ငံ့​နေ​ရ​မည်​ဟု ဆို၏။ ရှော​လု​သည် ရှ​မွေ​လ​ထံ​မှ​ထွက်​သွား​မည်​ဟု လှည့်​သော​အ​ခါ၊ ခြား​နား​သော စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ​အ​လုံး​စုံ​တို့​သည် ထို​နေ့​ချင်း​တွင်​ဖြစ်​လေ၏။ တောင်​တော်​သို့ ရောက်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​တို့​သည် ဆီး၍ ကြို​ကြ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု​လေ၏။ ရှော​လု​သည် ပ​ရော​ဖက်​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု​သည်​ကို အ​ထက်​က သိ​ကျွမ်း​သော​သူ​တို့​သည် မြင်​သော​အ​ခါ၊ ကိ​ရှ၏​သား၌ အ​ဘယ်​သို့​ဖြစ်​သ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​တို့၌ ပါ​သ​လော​ဟု တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​ကြ၏။ ထို​အ​ရပ်​သား တစ်​ယောက်​က၊ သူ​တို့​အ​ဘ​ကား အ​ဘယ်​သူ​နည်း​ဟု​ဆို၍၊ ရှော​လု​သည်​လည်း ပ​ရော​ဖက်​တို့၌ ပါ​သ​လော​ဟူ​သော​စ​ကား​သည် ပုံ​စ​ကား​ဖြစ်​လေ၏။ ရှော​လု​သည်​ပ​ရော​ဖက်​ပြု​ပြီး​မှ မြင့်​သော​အ​ရပ်​သို့ သွား၏။ ရှော​လု၏​ဘ​ထွေး​က၊ သင်​တို့​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သ​နည်း​ဟု ရှော​လု​နှင့်​ငယ်​သား​ကို မေး​လျှင်၊ ရှော​လု​က၊ မြည်း​တို့​ကို​ရှာ​ရ​အောင် သွား၏။ မ​တွေ့​သော​အ​ခါ ရှ​မွေ​လ​ထံ​သို့ ရောက်​သည်​ဟု ပြန်​ပြော၏။ ဘ​ထွေး​က​လည်း၊ ရှ​မွေ​လ​သည် အ​ဘယ်​သို့​ပြော​သ​နည်း။ ငါ့​အား ပြန်​ပြော​ပါ​ဟု တောင်း​ပန်​သော်၊ မြည်း​တို့​ကို​တွေ့​ပြီ​ဟု ရှ​မွေ​လ​သည် အ​တပ်​ပြော​ကြောင်း​ကို​သာ ရှော​လု​သည် ဘ​ထွေး​အား​ပြန်​ပြော၍၊ ရှ​မွေ​လ​ပြော​သော နိုင်​ငံ​အ​မှု​အ​ရေး​ကို ဘ​ထွေး​အား​မ​ကြား​မ​ပြော​ဘဲ​နေ၏။

၁ ဓမ္မရာဇဝင် 10:1-16 Common Language Bible (BCL)

ထို​နောက်​ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ဘူး​ကို​ယူ ၍ ရှော​လု​၏​ဦး​ခေါင်း​ပေါ်​သို့​သွန်း​လောင်း​ပြီး လျှင် သူ့​အား​နမ်း​ရှုပ်​လျက်``ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​တော်​မူ​၏။ သင်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​လျက် ရန်​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရ​သူ​အ​ဖြစ်​ဖြင့် ဘိ​သိက်​ပေး​တော် မူ​ကြောင်း​သက်​သေ​ကား​ဤ​သို့​တည်း။- ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။- သင်​သည်​ထို​အ​ရပ်​မှ​နေ​၍​တာ​ဗော်​လွင်​ပြင် ရှိ မြတ်​သည့်​ဝက်​သစ်​ချ​ပင်​သို့​ရောက်​သည်​တိုင် အောင်​သွား​ရ​မည်။ ထို​နေ​ရာ​တွင်​လူ​သုံး​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ကြ သူ​များ​ဖြစ်​၏။ သူ​တို့​အ​နက်​တစ်​ယောက် သည်​ဆိတ်​သုံး​ကောင်​ကို​ဆွဲ​လျက်​တစ်​ယောက် က​မုန့်​သုံး​လုံး​ကို​ကိုင်​လျက်၊ အ​ခြား​တစ် ယောက်​က​စ​ပျစ်​ရည်​အ​ပြည့်​ပါ​သော​သား ရေ​ဘူး​ကို​ဆောင်​လျက်​လာ​လိမ့်​မည်။- သူ​တို့​သည်​သင့်​အား​နှုတ်​ခွန်း​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး​လိမ့်​မည်။ ထို​မုန့်​တို့​ကို သင်​သည်​လက်​ခံ​ရ​မည်။- ထို​နောက်​သင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏ တပ်​စ​ခန်း​ချ​ရာ ဂိ​ဗာ​မြို့​ရှိ​ဘု​ရား​သ​ခင် ၏​တောင်​တော်​သို့​သွား​ရောက်​ရ​မည်။ ဂိ​ဗာ​မြို့ အ​ဝင်​ဝ​၌​သင်​သည်​စောင်း​ကြီး၊ စောင်း​ငယ်၊ ပတ်​သာ၊ ပြွေ​တို့​ကို​တီး​မှုတ်​လျက်​တောင်​ပေါ် ရှိ​ယဇ်​ပလ္လင်​မှ​လာ​ကြ​သော​ပ​ရော​ဖက်​တစ်​စု ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​က​ခုန်​ဟစ်​အော် ၍​နေ​ကြ​လိမ့်​မည်။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သင်​၏​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သင်​သည် ထို​သူ​တို့​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​အော်​ဟစ် ကာ​ခြား​နား​သော​သူ​ဖြစ်​၍​သွား​လိမ့်​မည်။- ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင့်​အား​ဘု​ရား​သ​ခင်​လမ်း​ပြ​တော်​မူ​သည့် အ​တိုင်း​ပြု​လော့။- သင်​သည်​ငါ​၏​အ​လျင်​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​ထို​မြို့​တွင်​သင်​နှင့်​တွေ့ ဆုံ​၍​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​များ​ကို​ပူဇော်​မည်။ သင်​အ​ဘယ်​သို့​ပြု ရ​မည်​ကို ငါ​လာ​၍​မ​ဖော်​ပြ​မ​ချင်း​ထို မြို့​တွင်​ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​နေ​လော့'' ဟု​ဆို​၏။ ရှော​လု​သည်​ရှ​မွေ​လ​ထံ​မှ​ထွက်​ခွာ​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​အား စိတ်​သ​ဘော​သစ်​ကို​ပေး​တော်​မူ​၏။ ရှ​မွေ​လ ဖော်​ပြ​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည် လည်း​ထို​နေ့​၌​ဖြစ်​ပျက်​လာ​လေ​သည်။- ရှော​လု​နှင့်​သူ​၏​အ​စေ​ခံ​သည်​ဂိ​ဗာ​မြို့ သို့​ရောက်​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​တစ် စု​သည်​သူ​တို့​အား​ဆီး​ကြို​ကြ​၏။ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​အ​ပေါ် သို့​သက်​ရောက်​သ​ဖြင့်​သူ​သည်​ပ​ရော​ဖက် များ​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​ဟစ်​အော် လေ​သည်။- သူ့​အား​ယ​ခင်​က​သိ​ရှိ​ခဲ့​ကြ​သော​လူ တို့​သည် ရှော​လု​ဤ​သို့​က​ခုန်​ဟစ်​အော်​နေ သည်​ကို​မြင်​လျှင်``ကိ​ရှ​၏​သား​ကား​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟု အ​ချင်း​ချင်း​ပြော​ဆို​မေး​မြန်း​ကြ​၏။- ထို​အ​ရပ်​သား​တစ်​ဦး​က``အ​ခြား​ပ​ရော ဖက်​တို့​၏​ဖ​ခင်​များ​ကား​မည်​သူ​တို့​နည်း'' ဟု​ဆို​၏။ ဤ​သို့​လျှင်``ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟူ​သော ဆို​ရိုး​စ​ကား​စ​တင်​ပေါ်​ပေါက်​လာ သ​တည်း။- က​ခုန်​ဟစ်​အော်​ပြီး​သော​အ​ခါ​ရှော​လု သည်​တောင်​ကုန်း​ပေါ်​ရှိ​ယဇ်​ပလ္လင်​သို့​ထွက် ခွာ​သွား​၏။ ရှော​လု​၏​ဦး​လေး​သည်​ရှော​လု​နှင့်​အ​စေ​ခံ ကို​မြင်​လျှင် ``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​ပြန် လာ​ကြ​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``မြည်း​များ​ကို​ရှာ​ဖွေ​ရာ​မှ​ဖြစ် ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​မြည်း​များ​ကို​ရှာ မ​တွေ့​သ​ဖြင့် ရှ​မွေ​လ​ထံ​ကို​သွား​ရောက်​ခဲ့ ကြ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။ ``သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​ပြော လိုက်​ပါ​သ​နည်း'' ဟု​ဦး​လေး​က​မေး ပြန်​သော်၊ ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။

၁ ဓမ္မရာဇဝင် 10:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရှမွေလ​သည် ဆီ​ဘူး​ကို​ယူ​၍ ရှောလု​၏​ခေါင်း​ပေါ်​သွန်းလောင်း​ပြီးလျှင် သူ့​ကို​နမ်း​လျက် “​အကယ်စင်စစ် ထာဝရဘုရား​သည် မိမိ​၏​အမွေ​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် သင့်​အား ဘိသိက်ပေး​တော်မူ​ပြီ​။ ယနေ့ ငါ့​ထံ​မှ သင်​ပြန်သွား​လျှင် ဗင်္ယာမိန်​နယ်စပ်​၊ ဇေလဇ​အရပ်​ရှိ ရာခေလ​သင်္ချိုင်း​အနား​တွင် လူ​နှစ်​ယောက်​ကို တွေ့​လိမ့်မည်​။ သူ​တို့​က သင့်​အား ‘​သင်​သွား​ရှာ​သော​မြည်း​တို့​ကို ပြန်တွေ့​ပြီ​။ ယခု သင့်​ဖခင်​သည် မြည်း​တို့​အတွက် မစိုးရိမ်​တော့​ဘဲ ငါ့​သား​အဖို့ မည်သို့​ပြု​ရ​မည်နည်း​ဟု ဆို​ပြီး သင်​တို့​အတွက် စိုးရိမ်​လျက်​ရှိ​၏​’​ဟု သင့်​ကို ပြော​လိမ့်မည်​။ ထို​မှ ဆက်သွား​လျှင် တာဗော်​တောင် ဝက်သစ်ချတော​သို့ ရောက်​မည်​။ ထို​နေရာ​တွင် ဘုရားသခင်​ထံ ယဇ်ပူဇော်​ရန် ဗေသလ​မြို့​သို့​သွား​သော လူ​သုံး​ယောက်​နှင့် သင်​ဆုံတွေ့​လိမ့်မည်​။ တစ်​ယောက်​သည် ဆိတ်သငယ်​သုံး​ကောင်​ကို ယူဆောင်​လာ​၍ နောက်​တစ်​ယောက်​သည် မုန့်​သုံး​လုံး​ကို​လည်းကောင်း​၊ နောက်​တစ်​ယောက်​သည် စပျစ်ဝိုင်​ဘူး​ကို​လည်းကောင်း ယူဆောင်​လာ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို သာကြောင်းမာကြောင်း​မေးမြန်း​နှုတ်ဆက်​ကြ​လိမ့်မည်​။ သင့်​ကို မုန့်​နှစ်​လုံး​ပေး​၍ သင်​သည် သူ​တို့​ထံမှ ခံယူ​ရ​လိမ့်မည်​။ ထို့နောက်မှ ဖိလိတ္တိ​ခံတပ်​ရှိ​ရာ ဘုရားသခင်​၏​တောင်​တော်​သို့ ရောက်​လိမ့်မည်​။ မြို့​နား​သို့​ရောက်​လျှင် ပရောဖက်​တစ်စု​သည် သူ​တို့​ရှေ့​တွင် စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စောင်းကောက် တီးမှုတ်​သူ​တို့​ပါ​လျက်​၊ သူ​တို့​သည် ပရောဖက်ပြု​လျက် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ​ဆင်းလာ​သည်​ကို သင်​တွေ့​ရ​လိမ့်မည်​။ ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သို့ တစ်မုဟုတ်ချင်း​ဆင်းသက်​၍ သူ​တို့​နှင့်အတူ ပရောဖက်ပြု​ပြီး လူ​သစ်​တစ်​ယောက်​အဖြစ်​ပြောင်းသွား​လိမ့်မည်​။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​သည်​ဖြစ်၍ သင်​၌ ဤ​နိမိတ်လက္ခဏာ​များ​ဖြစ်လာ​သောအခါ သင်​ပြု​သင့်​သည့်​အရာ​များ​ကို ပြု​လော့​။ ဂိလဂါလ​မြို့​သို့ သင်​ကြို​ဆင်းသွား​နှင့်​လော့​။ နောက်မှ မီးရှို့ရာယဇ်​များ​၊ မိတ်သဟာယယဇ်​များ​ကို​ပူဇော်​ရန် ငါ​လာ​ခဲ့​မည်​။ ငါ​မ​ရောက်​မီ ခုနစ်​ရက်​စောင့်​နေ​လော့​။ ငါ​ရောက်​လျှင် သင်​ပြု​ရ​မည့်​အရာ​ကို ပြောပြ​မည်​”​ဟု ဆို​လေ​၏​။ ရှောလု​သည် ရှမွေလ​ကို ကျောခိုင်း​၍ ထွက်သွား​စဉ်တွင် ဘုရားသခင်​သည် သူ့​ကို စိတ်နှလုံး​သစ် ပြောင်းလဲ​ပေး​လိုက်​သဖြင့် ထို​နေ့​တွင်​ပင် နိမိတ်လက္ခဏာ​များ အလုံးစုံ​ဖြစ်လာ​၏​။ တောင်​ပေါ်သို့​သူ​တို့​ရောက်​သောအခါ ပရောဖက်​တစ်စု​သည် သူ့​ကို​ကြိုဆို​ကြ​၏​။ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​သို့ တမဟုတ်ချင်း​ဆင်းသက်​၍ သူ​သည် သူ​တို့​နှင့်အတူ​ပရောဖက်ပြု​လေ​၏​။ ပရောဖက်​တို့​နှင့်အတူ ရှောလု​ပရောဖက်ပြု​သည်​ကို သူ​နှင့်​သိကျွမ်း​ခဲ့​သော​သူ​တို့​တွေ့​သောအခါ ထို​သူ​တို့​က “​ကိရှ​၏​သား​ကား မည်သို့​ဖြစ်သွား​ပါ​သနည်း​။ ရှောလု​သည်​လည်း ပရောဖက်​တို့​အပါအဝင် ဖြစ်​သလော​”​ဟု အချင်းချင်း​မေးမြန်း​ကြ​၏​။ ထို​အရပ်သား​တစ်​ယောက်​က “​သူ​တို့​၏​ဖခင်​ကား မည်သူ​များ​နည်း​”​ဟု ဆို​၏​။ ထိုအကြောင်းကြောင့် “​ရှောလု​သည်​လည်း ပရောဖက်​တို့​အပါအဝင်​ဖြစ်​သလော​”​ဟူသော ဆိုရိုး​ဖြစ်ပေါ်​လာ​ခဲ့​၏​။ ရှောလု​သည် ပရောဖက်ပြု​ပြီး​သောအခါ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့​သွား​လေ​၏​။ ထို့နောက်မှ ရှောလု​၏​ဘထွေး​က ရှောလု​နှင့်​သူ​၏​ငယ်သား​တို့​အား “​သင်​တို့​သည် မည်သည့်​အရပ်​သို့ ရောက်​ခဲ့​သနည်း​”​ဟု မေး​လျှင် ရှောလု​က “​အကျွန်ုပ်​တို့​သည် မြည်း​တို့​ကို​လိုက်ရှာ​၍ မ​တွေ့​သောအခါ ရှမွေလ​ထံသို့​သွား​ကြ​ပါ​၏​”​ဟု ဖြေကြား​၏​။ ရှောလု​၏​ဘထွေး​က​လည်း “​ရှမွေလ​က သင်​တို့​အား မည်သို့​ပြော​ခဲ့​သည်​ကို ငါ့​အား​ပြောပြ​ပါ​လော့​”​ဟု ဆို​၏​။ ရှောလု​က​လည်း သူ့​ဘထွေး​အား “​မြည်း​တို့​ကို​ပြန်တွေ့​ပြီ​ဟု အကျွန်ုပ်​တို့​အား တပ်အပ်​ပြောပြ​ခဲ့​ပါ​သည်​”​ဟု​သာ ပြောပြ​ပြီး ဘုရင့်​အရိုက်အရာ​နှင့်​ပတ်သက်၍ ရှမွေလ​ပြော​သော​အကြောင်းအရာ​ကို​မူ မ​ပြောပြ​ဘဲ​နေ​၏​။