YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 1:1-10

၁ ဓမ္မရာဇဝင် 1:1-10 Judson Bible (JBMLE)

ဧ​ဖ​ရတ်​မြို့​သား ဇု​ဖ၊ တော​ဟူ၊ ဧ​လိ​ဟူ၊ ယေ​ရော​ဟံ​မှ ဆင်း​သက်၍ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရာ​မ​သိမ် ဇု​ဖိမ်​မြို့၌​နေ​သော ဧ​လ​ကာ​န​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် မ​ယား​နှစ်​ယောက်​ရှိ၏။ တစ်​ယောက်​ကား၊ ဟ​န္န၊ တစ်​ယောက်​ကား ပေ​နိ​န္န​အ​မည် ရှိ၏။ ပေ​နိ​န္န၌ သား​သ​မီး​ရှိ၏။ ဟ​န္န​၌​မ​ရှိ။ ဧ​လ​ကာ​န​သည် ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်၍ ယဇ်​ပူ​ဇော်​ခြင်း​ငှာ၊ မိ​မိ​နေ​ရာ​မြို့​မှ ရှိ​လော​မြို့​သို့ နှစ်​တိုင်း​သွား​မြဲ​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ် ဧ​လိ၏​သား​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​သည် ရှိ​လော​မြို့၌ နေ​သ​တည်း။ ဧ​လ​ကာ​န​သည် ယဇ်​ပူ​ဇော်​အ​ချိန် ရောက်​သော​အ​ခါ၊ မ​ယား​ပေ​နိ​န္န​နှင့် သူ၏ သား​သ​မီး​အ​ပေါင်း​တို့​အား ဝေ​မျှ၏။ ဟ​န္န​ကို​ချစ်​သော​ကြောင့် နှစ်​ဆ​သော​အ​ဖို့​ကို ပေး၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​အား သား​ဖွား​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ဟ​န္န​စိတ်​ဆိုး​ညစ်​အောင် ရန်​သူ သည် အ​လွန်​နှောင့်​ယှက်​တတ်၏။ နှစ်​စဉ်​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ သွား​သော​အ​ခါ၊ ရန်​သူ​နှောင့်​ယှက်​သ​ဖြင့် ဟ​န္န​သည် အ​စာ​မ​စား​နိုင်၊ ငို​လျက်​နေ​တတ်၏။ သူ၏​ခင်​ပွန်း ဧ​လ​ကာ​န​က၊ ဟ​န္န အ​ဘယ်​ကြောင့် ငို​သ​နည်း။ အ​ဘယ်​ကြောင့် မ​စား​ဘဲ​နေ​သ​နည်း။ အ​ဘယ်​ကြောင့် စိတ်​ညှိုး​ငယ်​သ​နည်း။ သား​တစ်​ကျိပ်​ထက် သင်၌ ငါ​သာ၍​ကောင်း​သည် မ​ဟုတ်​လော​ဟု ဆို၏။ ရှိ​လော​မြို့၌ စား​သောက်​ကြ​သော​နောက်၊ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တိုင်​နား​မှာ ထိုင်​စဉ်၊ ဟ​န္န​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ထ၍၊ မျက်​ရည်​များ​စွာ​ကျ​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သည်​ကား၊

၁ ဓမ္မရာဇဝင် 1:1-10 Common Language Bible (BCL)

ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။- ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။- ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။- ဧ​လ​ကာ​န​သည်​ယဇ်​ပူ​ဇော်​သည့်​အ​ခါ ပေ​နိန္န နှင့်​သား​သ​မီး​တို့​အား​ဝေ​စု​တစ်​စု​စီ​ခွဲ​ဝေ ပေး​၏။- ဟန္န​ကို​မူ​အ​ထူး​ဝေ​စု​ပေး​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ဟန္န​အား​သား​သ​မီး​မွေး​ဖွား​ခွင့်​ကို​ပေး တော်​မ​မူ​သော်​လည်း ဧ​လ​ကာ​န​သည်​ဟန္န အား​လွန်​စွာ​ချစ်​မြတ်​နိုး​လေ​သည်။- ဟန္န​တွင်​သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ပြိုင် ဘက်​ဖြစ်​သူ ပေ​နိန္န​သည်​ဟန္န​အား​ရှုတ်​ချ​ကာ စိတ်​ဒုက္ခ​ပေး​လေ့​ရှိ​၏။- ဤ​အ​တိုင်း​တစ်​နှစ်​ပြီး​တစ်​နှစ်​လွန်​ခဲ့​၏။ သူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​သွား​ရောက် သည့်​အ​ခါ​တိုင်း ပေ​နိန္န​သည်​ဟန္န​အား​စိတ်​ဒုက္ခ ရောက်​စေ​သ​ဖြင့် ဟန္န​သည်​အ​ဘယ်​အ​စား​အ​စာ ကို​မျှ​မ​စား​ဘဲ​ငို​၍​သာ​နေ​တတ်​၏။- သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။ အ​ခါ​တစ်​ပါး​၌​သူ​တို့​သည်​ရှိ​လော​မြို့​ရှိ​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင် အ​စား​အ​စာ​စား​သောက် ကြ​ပြီး​သော​အ​ခါ ဟန္န​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​ထ​၍​ပြင်း​ပြ​စွာ​ငို​ယို​ကာ ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု လေ​၏။ (ထို​အ​ခါ​ဧ​လိ​သည်​တံ​ခါး​အ​နီး မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင်​လျက်​နေ သ​တည်း။-)

၁ ဓမ္မရာဇဝင် 1:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဧဖရိမ်​တောင်ပေါ်ဒေသ​၊ ရာမသိမ်​ဇုဖိမ်​မြို့​တွင် ဧလကာန​အမည်​ရှိ​သော လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် ဧဖရိမ်​အမျိုး ဇုဖ​၏​တီ​၊ တောဟူ​၏​မြစ်​၊ ဧလိဟု​၏​မြေး​၊ ယေရောဟံ​၏​သား​ဖြစ်​၏​။ ထို​သူ​၌ မယား​နှစ်​ယောက်​ရှိ​၏​။ တစ်​ယောက်​၏​အမည်​မှာ ဟန္န​ဖြစ်ပြီး နောက်တစ်ယောက်​၏​အမည်​မှာ ပေနိန္န​ဖြစ်​၏​။ ပေနိန္န​၌ သားသမီး​ရှိ​၏​။ ဟန္န​၌ကား သားသမီး​မ​ရှိ​ချေ​။ ဧလကာန​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ရန်​နှင့် ယဇ်ပူဇော်​ရန်​အတွက် မိမိ​နေထိုင်​ရာ​မြို့​မှ ရှိလော​မြို့​သို့ နှစ်စဉ်​သွား​လေ့​ရှိ​၏​။ ထို​မြို့​တွင် ဧလိ​၏​သား​နှစ်​ယောက်​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​သည် ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​၏​။ ဧလကာန​သည် မိမိ​ယဇ်ပူဇော်​ရာ​နေ့​ရောက်​တိုင်း မယား​ပေနိန္န​နှင့် သူ​၏​သား​သမီး​အားလုံး​ကို ဝေစု​များ​ခွဲဝေ​ပေး​လေ့​ရှိ​၏​။ သူ​သည် ဟန္န​ကို​ချစ်​သောကြောင့် ဝေစု​နှစ်ဆ​ခွဲဝေ​ပေး​၏​။ သို့သော် ထာဝရဘုရား​သည် ဟန္န​ကို​သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​။ ထိုသို့ ထာဝရဘုရား​သည် ဟန္န​အား သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​သောကြောင့် သူ​၏​ပြိုင်ဖက်​သည် ဟန္န​စိတ်ဆိုး​အောင် ဒေါသစိတ်​ကို ဆွ​လေ့​ရှိ​၏​။ ဟန္န​သည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​သည့်အခါ​တိုင်း ပြိုင်ဖက်​သည် သူ့​ကို ဒေါသ​ထွက်​အောင် ဆွ​လေ​၏​။ ထို့ကြောင့် သူ​သည် အစာ​မ​စား​ဘဲ ငို​၍​သာ​နေ​ရ​၏​။ သူ​၏​ခင်ပွန်း​ဧလကာန​က​လည်း “​ဟန္န​၊ အဘယ်ကြောင့် ငိုကြွေး​နေ​သနည်း​။ အဘယ်ကြောင့် မ​စား​မ​သောက်​ဘဲ​နေ​သနည်း​။ အဘယ်ကြောင့် စိတ်ဆင်းရဲ​နေ​သနည်း​။ ငါ​သည် သင့်​အပေါ် သား​ဆယ်​ယောက်​ထက် ပို၍​ကောင်း​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ဆို​၏​။ သူ​တို့​သည် ရှိလော​မြို့​တွင် စား​သောက်​ကြ​ပြီးနောက် ဟန္န​သည် ထသွား​လေ​၏​။ ထိုစဉ် ယဇ်ပုရောဟိတ်​ဧလိ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးတိုင်​အနီး​ရှိ ထိုင်ခုံ​ပေါ်တွင် ထိုင်​နေ​၏​။ ဟန္န​သည် စိတ်နှလုံး​ကြေကွဲ​စွာ​ဖြင့် ထာဝရဘုရား​ထံ ငိုယို​လျက်