YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:4-9

၁ ရှင်ပေတရု 2:4-9 Judson Bible (JBMLE)

လူ​တို့​ပယ်​ထား၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သော အ​သက်​ကျောက်​မြတ်​တည်း​ဟူ​သော ထို​သ​ခင်​ထံ​သို့ သင်​တို့​သည်​ရောက်၍၊- အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။- ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ရွေး​ချယ်​သော တိုက်​ထောင့်​အ​မြစ်​ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။- သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော သင်​တို့၌​ကား ဘုန်း​အ​သ​ရေ​ရှိ၏။ နား​မ​ထောင်​သော သူ​တို့၌​ကား၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။- နား​မ​ထောင်​ဘဲ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိ​မိ၍ လဲ​သော​သူ​တို့​သည် ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​လည်း ဖြစ်၏။ ထို​အ​မှု​နှင့် တွေ့​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ခန့်​ထား​တော်​မူ​သ​တည်း။ သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။

၁ ရှင်ပေတရု 2:4-9 Common Language Bible (BCL)

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ထံ​တော် သို့​လာ​ကြ​လော့။ ထို​သ​ခင်​သည်​သက်​ရှိ​ကျောက် ဖြစ်​တော်​မူ​၏။ ထို​ကျောက်​သည်​အ​ဖိုး​မ​တန် ဟု​ဆို​၍ လူ​တို့​ပစ်​ပယ်​ခံ​ရ​သော်​လည်း​ဘု​ရား သ​ခင်​၏​ရွေး​ချယ်​ခံ​အ​ဖိုး​တန်​ကျောက်​ဖြစ် တော်​မူ​၏။- သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် ``ငါ​သည်​အ​ဖိုး​တန်​ကျောက်​တစ်​လုံး​ကို ရွေး​ချယ်​၍၊ ဇိ​အုန်​တောင်​ပေါ်​မှာ​ထောင့်​ချုပ်​ကျောက်​အ​ဖြစ် ချ​ထား​၏။ မည်​သူ​မ​ဆို​ထို​အ​ရှင်​ကို​ယုံ​ကြည်​လျှင် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​ဖြစ်​၏။ ယုံ​ကြည်​သူ​တို့​အ​ဖို့​ထို​ကျောက်​သည်​တန်​ဖိုး ရှိ​၏။ မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ၊ ``တိုက်​တည်​ဆောက်​သူ​တို့​ပယ်​ထား​သော ကျောက်​သည် အ​ရေး​ကြီး​သော​ထောင့်​ကျောက်​ဖြစ်​လာ​ရ​၏'' ဟု​ဖော်​ပြ​၏။ အ​ခြား​ကျမ်း​တစ်​ပုဒ်​တွင်၊ ``ထို​ကျောက်​သည်​လူ​တို့​အား​ခ​လုတ်​ထိ​စေ​၍ ပြို​လဲ​စေ​သော​ကျောက်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ သူ​တို့​သည်​နှုတ်​က​ပတ်​တော် ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့်​ခ​လုတ်​ထိ​ရ​ကြ​၏။ ဤ​ကား​ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ပင်​ဖြစ်​သ​တည်း။ သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။

၁ ရှင်ပေတရု 2:4-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​သော်လည်း ဘုရားသခင်​ရွေးကောက်​တော်မူ​သော အဖိုးထိုက်​သည့် အသက်ရှင်​သော​ကျောက်​ဖြစ်​တော်မူ​သော ထို​သခင်​ထံသို့​လာ​၍ သင်​တို့​ကိုယ်တိုင်​သည်​လည်း အသက်ရှင်​သော​ကျောက်​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​အိမ်​တော်​အဖြစ် တည်ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤသည်ကား သင်​တို့​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​လျက် ဘုရားသခင်​နှစ်သက်​လက်ခံ​တော်မူ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ယဇ်​များ​ကို ယေရှု​ခရစ်တော်​အားဖြင့် ပူဇော်​နိုင်​ရန် ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် “ကြည့်ရှု​လော့။ ရွေးကောက်​ထား​သည့် အဖိုးထိုက်​သော​ထောင့်ချုပ်​ကျောက်​ကို ဇိအုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် မည်သည့်​အခါ​မျှ အရှက်ရ​လိမ့်မည်​မ​ဟုတ်”​ဟု ကျမ်းစာ​၌ ဆို​ထား​၏။ သို့ဖြစ်၍ ထို​ကျောက်​သည် ယုံကြည်​သော​သင်​တို့​အတွက် ဂုဏ်သရေ​ဖြစ်​၏။ မ​ယုံကြည်​သော​သူ​တို့​အတွက်​မူကား “​တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​” ဖြစ်​ပြီး “​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။ သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။