YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 4:1-5

၁ ကောရိန္သု 4:1-5 Judson Bible (JBMLE)

ခ​ရစ်​တော်၏ အ​စေ​အ​ပါ ကဲ့​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​တို့​ကို စောင့်​သော ဘ​ဏ္ဍာ​စိုး ကဲ့​သို့​လည်း​ကောင်း၊ သူ​တစ်​ပါး​သည် ငါ​တို့​ကို​မှတ်​ပါ​စေ။- ထို​မှ​တစ်​ပါး၊ ဘ​ဏ္ဍာ​စိုး​မည်​သည်​ကား၊ သ​စ္စာ​ရှိ​ရ​မည်။- သင်​တို့​မှ​စ၍ အ​ခြား​သော​လူ​များ​တို့​သည် ငါ့​ကို သ​စ္စာ​မ​ရှိ​ဟု စီ​ရင်​သော်​လည်း၊ ငါ​သည်​အ​မှု​မ​ထား။ ငါ့​ကိုယ်​ကို ငါ​မ​စီ​ရင်။- အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​သည် ကိုယ်​ကို အ​ပြစ်​မ​တင်။ သို့​သော်​လည်း၊ ထို​အ​ကြောင်း​ဖြင့် ငါ​သည် အ​ပြစ်​လွတ်​သည်​မ​ဟုတ်။ ငါ့​ကို​စီ​ရင်​သော​သူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။- ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

၁ ကောရိန္သု 4:1-5 Common Language Bible (BCL)

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​သမ္မာ တ​ရား​တော်​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ ခ​ရစ် တော်​၏​အ​စေ​ခံ​များ​ဖြစ်​သည်​ဟု​သင်​တို့​မှတ် ယူ​သင့်​ကြ​၏။- ယင်း​သို့​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​တွင်​ရှိ​ရ မည့်​အ​ရည်​အ​ချင်း​တစ်​ခု​ကား မိ​မိ​သ​ခင် ၏​ပေါ်​တွင်​သစ္စာ​စောင့်​ရန်​ပင်​ဖြစ်​ပေ​သည်။- ငါ့​အား​သင်​တို့​အား​ဖြင့်​ဖြစ်​စေ၊ လူ့​စံ​နှုန်း​အား ဖြင့်​ဖြစ်​စေ​အ​စစ်​ခံ​ရ​လျှင်​ငါ​သည်​အ​မှု မ​ထား။ ငါ​သည်​မိ​မိ​ကိုယ်​ကို​ပင်​လျှင်​မ​စစ် ကြော​မ​စီ​ရင်​ပြီ။- ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ကြည်​လင်​လျက်​ရှိ​၏။ ယင်း သို့​ဆို​သော်​ငါ​၌​အြုပစ်​မ​ရှိ​ဟု​မ​ဆို​လို။ ငါ့​ကို စစ်​ကြော​စီ​ရင်​သူ​ကား​သခင်​ဘု​ရား​ပေ​တည်း။- သို့​ဖြစ်​၍​နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ရန် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင် မည်​သူ့​ကို​မျှ​စီ​ရင်​မှု​မ​ပြု​နှင့်။ ကိုယ်​တော်​သည် လျှို့​ဝှက်​ချက်​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ လူ​တို့ ၏​စိတ်​နှ​လုံး​တွင်​ကွယ်​ဝှက်​နေ​သည့်​အ​ကြံ​အ​စည် များ​ကို​လည်း​ကောင်း​ထုတ်​ဖော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​၏​ထံ​ခံ ထိုက်​သည့်​အ​ချီး​အ​မွမ်း​ကို​ခံ​ကြ​ရ​လတ္တံ့။

၁ ကောရိန္သု 4:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် လူ​တို့​သည် ငါ​တို့​အား ခရစ်တော်​၏​အမှု​တော်​ဆောင်​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို စောင့်ရှောက်​ရ​သော ဘဏ္ဍာစိုး​အဖြစ်​လည်းကောင်း မှတ်ယူ​ပါစေ။ ဤ​နေရာ​တွင် ဘဏ္ဍာစိုး​သည် သစ္စာရှိ​ကြောင်း အသိအမှတ်ပြု​ခြင်း​ခံရ​သူ​ဖြစ်​ရ​မည်။ ငါ​သည် သင်​တို့​ထံ၌​ဖြစ်စေ၊ လူ​တို့​၏​ခုံရုံး​၌​ဖြစ်စေ စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ငါ့​အတွက် သေးငယ်​သော​အမှု​သာ​ဖြစ်​၏။ ငါ​သည် မိမိကိုယ်ကို​လည်း စစ်ဆေး​စီရင်​ခြင်း​မ​ပြု။ အကြောင်းမူကား ငါ​သည် ကိုယ့်ကိုယ်ကိုယ်​စိတ်လုံ​၏။ သို့သော် ထိုသို့​ဖြစ်​သည့်​အတွက် ငါ​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်။ ငါ့​ကို​စစ်ဆေး​စီရင်​တော်မူ​သော​အရှင်​ကား သခင်​ဘုရား​ပေတည်း။ သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။