YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 12:8-10

၁ ကောရိန္သု 12:8-10 Judson Bible (JBMLE)

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ပ​ညာ​တ​ရား​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ထိုး​ထွင်း​ခြင်း​တ​ရား​ကို ပေး​တော်​မူ၏။- ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ယုံ​ကြည်​ခြင်း​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- တစ်​ယောက်​သော​သူ​အား၊ တန်​ခိုး​ကို​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ပ​ရော​ဖက်​ပြု​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား စိတ်​ဝိ​ညာဉ်​တို့​ကို ပိုင်း​ခြား၍​သိ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။

၁ ကောရိန္သု 12:8-10 Common Language Bible (BCL)

ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။- ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။- ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။

၁ ကောရိန္သု 12:8-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ဝိညာဉ်​တော်​အားဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်ပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား အသိပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား ယုံကြည်​ခြင်း​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် အခြား​တစ်​ဦး​အား အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား တန်ခိုး​လက္ခဏာ​ပြု​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ပရောဖက်ပြု​ဟောပြော​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား စိတ်​ဝိညာဉ်​တို့​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ထို​ဘာသာ​စကား​များ​၏​အနက်​ကို​ဖော်ပြ​နိုင်​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။