YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယော​န 2:5-10

ယော​န 2:5-10 BCL

ရေ​သည်​အ​ကျွန်ုပ်​ကို​ဝိုင်း​ရံ​သ​ဖြင့်​အ​ကျွန်ုပ် သည် အ​သက်​ရှူ​၍​ပင်​မ​ရ​တော့​ပါ။ ပင်​လယ်​ရေ​သည်​အ​ကျွန်ုပ်​အား​လွှမ်း​မိုး​လျက်၊ ပင်​လယ်​ဒိုက်​ပင်​တို့​သည်​လည်း အ​ကျွန်ုပ်​၏​ဦး​ခေါင်း​ကို​ရစ်​ပတ်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​တောင်​များ​၏​အောက်​ခြေ​သို့ တိုင်​အောင်​လည်း​ကောင်း၊ ပြန်​လမ်း​မ​ရှိ​သည့်​မ​ရ​ဏာ​နိုင်​ငံ​သို့ လည်း​ကောင်း နစ်​မြုပ်​သွား​ပါ​သည်။ သို့​ဖြစ်​လျက်​ပင်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​အ​သက်​ကို နက်​ရာ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။ အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။ အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကို ကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ ထို့​ပြင်​အ​ကျွန်ုပ်​ပြု​ခဲ့​သည့်​သစ္စာ​က​တိ အ​တိုင်း လိုက်​နာ​ပါ​မည်။ အ​ကြောင်း​မှာ​ကယ်​တင်​ခြင်း​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​ပါ​သည်'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါး​ကြီး အား​အ​မိန့်​ပေး​သ​ဖြင့် ငါး​ကြီး​သည်​ယော​န အား​ကုန်း​ပေါ်​သို့​အန်​ထုတ်​လေ​၏။