အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။- ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။- သင်တို့သည်အချို့သောနေ့၊ လ၊ ရာသီနှင့်နှစ်များ ကိုအထူးဂရုစိုက်အရေးပေးနေကြသည်။- ငါသည်သင်တို့အတွက်စိုးရိမ်မိ၏။ သင်တို့ အတွက် ငါလုပ်ဆောင်ခဲ့သမျှသောအရာတို့ သည်အချည်းနှီးဖြစ်ရလေတော့မည်လော။ ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။- ပထမဆုံးအကြိမ်သင်တို့အားသတင်း ကောင်းကိုငါဟောပြောကြေညာရခြင်းမှာ ငါ၏ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ် ကြောင်းသင်တို့သိကြ၏။- ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။- ထိုအခါကသင်တို့အလွန်ပျော်ကြပါသည် တကား။ ယခုအဘယ်သို့ဖြစ်ကြလေပြီနည်း။ ထိုစဉ်အခါကသင်တို့သည်ဖြစ်နိုင်ပါမူ မိမိ တို့၏မျက်စိများကိုပင်လျှင်ထုတ်၍ငါ့အား ပေးလှူလိုသည်ဟုငါသက်သေခံ၏။- ယခုငါသည်သင်တို့အားမှန်ရာကိုပြောဆို သည့်အတွက်သင်တို့၏ရန်သူဖြစ်လေပြီလော။ ငါ့ကိုအတိုက်အခံပြုသူများသည်သင်တို့ အပေါ်တွင်များစွာစိတ်ဝင်စားလျက်ရှိကြ၏။ သို့ရာတွင်ရိုးသားသောရည်ရွယ်ချက်ဖြင့် မဟုတ်။ သင်တို့၏တုံ့ပြန်စိတ်ဝင်စားမှုကို ခံယူရရှိနိုင်ရန်သင်တို့အားငါနှင့်အဆက် ဖြတ်စေလိုသောကြောင့်ဖြစ်သည်။- ရိုးသားသည့်ရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားလျှင် ကောင်း၏။ ထိုသို့သောစိတ်ဝင်စားမှုသည်သင်တို့ နှင့်အတူငါရှိနေချိန်အတွင်းသာမကအစဉ် ရှိအပ်၏။- ငါချစ်သောသားသမီးတို့၊ ခရစ်တော်၏စိတ် နေသဘောထားမျိုးကိုသင်တို့မရမချင်း ငါသည်သားဖွားသည့်မိခင်ကဲ့သို့တစ်ဖန် ဝေဒနာခံလျက်နေရ၏။- သင်တို့အားငါဆုံးမသံပြောင်းစေရန်ငါသည် ယခုပင်လျှင် သင်တို့နှင့်အတူရှိချင်ပါဘိ။ ငါ သည်သင်တို့အတွက်အလွန်စိုးရိမ်ပူပန်လျက် ရှိ၏။ ပညတ်တရား၏လက်အောက်တွင်နေလိုသူတို့၊ သင်တို့သည်ပညတ်ကျမ်း၏မိန့်ဆိုချက်ကိုမ ကြားကြသလော။- ထိုကျမ်းကအာဗြဟံတွင်သားနှစ်ယောက်ရှိ ကြောင်း၊ တစ်ယောက်သည်ကျွန်မနှင့်ရသောသား ဖြစ်၍အခြားတစ်ယောက်မှာလွတ်လပ်သော မိန်းမနှင့်ရသောသားဖြစ်ကြောင်းဖော်ပြပေသည်။- ကျွန်မနှင့်ရသောသားသည်သာမန်သဘာဝ အတိုင်းမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သော မိန်းမနှင့်ရသောသားမူကားဘုရားသခင် ၏ကတိတော်အရမွေးဖွားလာသူတည်း။- ဤအဖြစ်အပျက်သည်ပုံဆောင်ချက်ဖြစ်၏။ အမျိုးသမီးနှစ်ယောက်သည်ပဋိညာဉ်တော် နှစ်ပါးကိုဆိုလို၏။ အမျိုးသမီးတစ်ယောက် သည်ဟာဂရဖြစ်၍မွေးဖွားသောသားသမီး များသည်ကျွန်ဖြစ်ကြ၏။ ဟာဂရသည်သိနာ တောင်တွင်ပြုသည့်ပဋိညာဉ်တော်ကိုသရုပ် ဆောင်သတည်း။- ဟာဂရသည်အာရေဗျပြည်တွင်ရှိသောသိန တောင်ကိုကိုယ်စားပြု၏။ သူသည်ယခုကျွန်ခံ နေရသောယေရုရှလင်နှင့်မြို့သူမြို့သားများ ကိုသရုပ်ဆောင်၏။- သို့ရာတွင်ကောင်းကင်ဘုံဆိုင်ရာယေရုရှလင် မြို့ကား လွတ်လပ်သောမြို့ဖြစ်၍ငါတို့၏မိခင် ဖြစ်၏။- အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က၊ ``အချင်းမိန်းမမြုံ၊ သင်သည်ကိုယ်ဝန်မဆောင်ဘူးသော်လည်း ရွှင်လန်းဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကိုမခံဘူးသော်လည်း ကြွေးကြော်အော်ဟစ်လော့။ လင်ယောကျာ်းစွန့်ပစ်၍ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်ပင်ပို၍သားသမီး များကို ရရှိလိမ့်မည်'' ဟုဖော်ပြသောကြောင့်ဖြစ်၏။ ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။- ထိုစဉ်အခါကသာမန်သဘာဝအားဖြင့် မွေးဖွားသောသားသည် ဝိညာဉ်အားဖြင့်မွေး ဖွားသောသားအားညှဉ်းဆဲနှိပ်စက်ခဲ့၏။ ယခု အခါ၌လည်းထိုနည်းတူပင်ဖြစ်၏။- သို့ရာတွင်ကျမ်းစာတော်ကအဘယ်သို့ဖော်ပြ သနည်း။ ``ဤကျွန်မနှင့်သူ၏သားကိုနှင်ထုတ် လော့။ ကျွန်မ၏သားသည်လွတ်လပ်သောမိန်းမ ၏သားနှင့်အတူအမွေစားအမွေခံမဖြစ် ရ'' ဟုဖော်ပြသည်။- သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့ကားကျွန်မ ၏သားများမဟုတ်။ လွတ်လပ်သောမိန်းမ၏ သားများဖြစ်သတည်း။
ဂလာတိ 4 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဂလာတိ 4:8-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ