အချင်းမိုက်မဲသောဂလာတိအသင်းတော် သားတို့၊ အဘယ်သူသည်သင်တို့အားပြု စားသနည်း။ လက်ဝါးကပ်တိုင်ပေါ်တွင်သခင် ယေရှုအသေခံတော်မူပုံကို သင်တို့မျက် မှောက်၌ရှင်းလင်းစွာပြခဲ့၏။- ဝိညာဉ်တော်ကိုသင်တို့ခံယူရကြခြင်းမှာ ပညတ်တရားကိုစောင့်ထိန်းခြင်းကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်းကိုကြား၍ ယုံကြည်ကြသောကြောင့်လော။ ဤမေးခွန်း ကိုသာလျှင် ငါ့အားဖြေကြားကြလော့။- သင်တို့သည်အဘယ်ကြောင့်ဤမျှမိုက်မဲ ကြသနည်း။ သင်တို့သည်ဝိညာဉ်တော်အား ဖြင့်အစပြုခဲ့ကြပြီးနောက် ယခုအခါ မိမိတို့ကိုယ်ပိုင်စွမ်းရည်ဖြင့်အဆုံးသတ် လိုကြသလော။- သင်တို့ကိုယ်တိုင်တွေ့ကြုံခံစားချက်သည် အချည်းနှီးဖြစ်လေပြီလော။ အမှန်ပင် အချည်းနှီးမဖြစ်နိုင်။- ဘုရားသခင်သည်သင်တို့အားဝိညာဉ်တော် ကိုချပေးတော်မူ၍ အံ့သြဖွယ်သောနိမိတ် လက္ခဏာများကိုပြတော်မူခဲ့သည်မှာ ပညတ် တရားကိုသင်တို့စောင့်ထိန်းကြသည့်အတွက် ကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်း ကိုကြားနာယုံကြည်ကြသည့်အတွက်ကြောင့် လော။- အာဗြဟံ၏တွေ့ကြုံခံစားချက်ကိုဆင်ခြင် စဉ်းစားကြစို့။ ကျမ်းစာတော်က ``အာဗြဟံ သည်ဘုရားသခင်ကိုယုံကြည်၏။ သို့ဖြစ်၍ ဘုရားသခင်သည်အာဗြဟံအား သူတော် ကောင်းအဖြစ်လက်ခံတော်မူသည်'' ဟုဆို၏။- သို့ဖြစ်၍ဘုရားသခင်ကိုယုံကြည်သူတို့သည် အာဗြဟံ၏သားမြေးအစစ်အမှန်များဖြစ် ကြောင်းကို သင်တို့သိမှတ်ကြလော့။- ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။- အာဗြဟံသည်ဘုရားသခင်အားယုံကြည် သည့်အတွက် ကောင်းချီးမင်္ဂလာခံစားရသည်။ သို့ဖြစ်၍ယုံကြည်သူလူအပေါင်းတို့သည် အာဗြဟံနည်းတူကောင်းချီးမင်္ဂလာကိုခံစား ရကြ၏။
ဂလာတိ 3 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဂလာတိ 3:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ