၄ ရာ 4:8-17
၄ ရာ 4:8-17 BCL
တစ်နေ့သ၌ဧလိရှဲသည်ရှုနင်မြို့သို့သွား၏။ ထိုမြို့တွင်ချမ်းသာကြွယ်ဝသောအမျိုးသမီး တစ်ဦးရှိ၏။ သူသည်ဧလိရှဲအားဖိတ်ခေါ်၍ ကျွေးမွေးဧည့်ခံ၏။ ထိုကြောင့်ထိုအချိန်မှ အစပြု၍ဧလိရှဲသည် ထိုမြို့သို့ရောက်သည့် အခါတိုင်းထိုအမျိုးသမီး၏အိမ်တွင်စား သောက်လေသည်။- ထိုအမျိုးသမီးကမိမိ၏ခင်ပွန်းအား``ကျွန်မ တို့၏အိမ်သို့မကြာခဏလာရောက်တတ်သူသည် သန့်ရှင်းမြင့်မြတ်သူဧကန်အမှန်ဖြစ်ကြောင်း ကျွန်မသိပါ၏။- ကျွန်မတို့သည်အိမ်မိုးပေါ်တွင် အခန်းငယ်ကိုပြု လုပ်၍ကုတင်၊ စားပွဲ၊ ကုလားထိုင်နှင့်မီးခွက်တို့ ကိုထားလျှင် ထိုသူသည်ကျွန်မတို့ထံသို့ရောက် ရှိလာသည့်အခါတိုင်း ထိုအခန်းတွင်တည်းခို နိုင်ပါလိမ့်မည်'' ဟုပြော၏။ တစ်နေ့သ၌ဧလိရှဲသည် ရှုနင်မြို့သို့ပြန်လာ ပြီးလျှင် နားနေရန်မိမိ၏အခန်းသို့သွား၏။- သူသည်မိမိ၏အစေခံဂေဟာဇိအား အိမ်ရှင် အမျိုးသမီးကိုအခေါ်ခိုင်းလေသည်။ ထို အမျိုးသမီးရောက်ရှိလာသောအခါ၊- ဂေဟာဇိအား``ဤအမျိုးသမီးသည် ငါတို့ အားဤမျှဒုက္ခခံ၍လုပ်ကျွေးပြုစုသည့် အတွက် ငါတို့အဘယ်သို့ကျေးဇူးတုံ့ပြန် ရပါမည်နည်း။ သူ့အားမေးကြည့်ပါလော့။ သူသည်မိမိ၏အတွက်ငါ့အားဘုရင့်ထံ တော်သို့သော်လည်းကောင်း၊ တပ်မတော်ဗိုလ်ချုပ် ထံသို့သော်လည်းကောင်း သွားရောက်ပြောကြား ပေးရန်အလိုရှိကောင်းရှိပေလိမ့်မည်'' ဟု ဆို၏။ ထိုအခါအမျိုးသမီးက``ကျွန်မသည်ဤ အရပ်တွင် ဆွေမျိုးများနှင့်နေရသဖြင့်ကျွန်မ မှာလိုလေသေးမရှိပါ'' ဟုပြန်ပြော၏။ ထိုနောက်ဧလိရှဲသည်ဂေဟာဇိအား``ထိုအမျိုး သမီးကို ငါတို့အဘယ်သို့ကျေးဇူးပြုပါမည် နည်း'' ဟုမေးပြန်၏။ ဂေဟာဇိက``သူမှာသားသမီးမရှိပါ။ သူ၏ ခင်ပွန်းသည်လည်းအိုမင်းပါပြီ'' ဟုဆို၏။ ဧလိရှဲက``ထိုအမျိုးသမီးကို ဤနေရာသို့ ခေါ်ခဲ့လော့'' ဟုအမိန့်ရှိသည့်အတိုင်း အမျိုး သမီးသည်လာ၍တံခါးဝတွင်ရပ်လျက်နေ၏။- ထိုအခါဧလိရှဲက``သင်သည်နောင်နှစ်ခါ ဤအချိန်၌သားကိုချီပိုက်ရလိမ့်မည်'' ဟုပြော၏။ အမျိုးသမီးက``အို အရှင်၊ ကျွန်မအားလိမ် လည်၍မပြောပါနှင့်။ အရှင်သည်ဘုရားသခင် ၏အစေခံဖြစ်ပါ၏'' ဟုပြန်ပြော၏။ သို့ရာတွင်နောင်တစ်နှစ်ဤအချိန်လောက်၌ အမျိုး သမီးသည်သားယောကျာ်းကိုဖွားမြင်လေသည်။


