YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ရာ 19:15-19

၄ ရာ 19:15-19 BCL

ထို​နောက်​ဤ​သို့​ပတ္ထ​နာ​ပြု​၏။ ``ခမ်း​နား​တင့် တယ်​သည့်​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​သော အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ကမ္ဘာ နိုင်​ငံ​အ​ရပ်​ရပ်​ကို​အ​စိုး​ရ​သော​ဘုရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိုး​မြေ​ကို​ဖန် ဆင်း​တော်​မူ​ပါ​၏။- အို ထာ​ဝရ​ဘု​ရား၊ ယ​ခု​အ​ကျွန်ုပ်​တို့​တွေ့​ကြုံ နေ​ရ​ကြ​သော​အ​မှု​ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော ကိုယ်​တော်​အား​သ​နာ​ခ​ရိပ်​စော်​ကား ပြော​ဆို​သော​စ​ကား​ကို​ကြား​တော်​မူ​ပါ။- အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း များ​သည် လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်၊- သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ဖျက်​ဆီး ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့် လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက်​ရုပ်​များ​သာ ဖြစ်​ပါ​၏။- အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သိ​ရှိ​ကြ​စေ​ရန် ယ​ခု​ပင်​အ​ကျွန်ုပ်​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။''