၁ ပေ 2:3-11
၁ ပေ 2:3-11 BCL
ကျမ်းစာတော်က``ထာဝရဘုရားသည် သနားကြင်နာတော်မူတတ်ကြောင်းကို သင်တို့ကိုယ်တိုင်သိရှိကြ၏'' ဟုဆိုသည် နှင့်အညီဖြစ်၏။ သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော် သို့လာကြလော့။ ထိုသခင်သည်သက်ရှိကျောက် ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန် ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်းဘုရား သခင်၏ရွေးချယ်ခံအဖိုးတန်ကျောက်ဖြစ် တော်မူ၏။- သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။- အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ငါသည်အဖိုးတန်ကျောက်တစ်လုံးကို ရွေးချယ်၍၊ ဇိအုန်တောင်ပေါ်မှာထောင့်ချုပ်ကျောက်အဖြစ် ချထား၏။ မည်သူမဆိုထိုအရှင်ကိုယုံကြည်လျှင် စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဖော်ပြပါရှိသောကြောင့်ဖြစ်၏။ ယုံကြည်သူတို့အဖို့ထိုကျောက်သည်တန်ဖိုး ရှိ၏။ မယုံကြည်သူတို့အဖို့မှာ၊ ``တိုက်တည်ဆောက်သူတို့ပယ်ထားသော ကျောက်သည် အရေးကြီးသောထောင့်ကျောက်ဖြစ်လာရ၏'' ဟုဖော်ပြ၏။ အခြားကျမ်းတစ်ပုဒ်တွင်၊ ``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏'' ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။ သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။- အခါတစ်ပါးကဘုရားသခင်၏လူစုတော် မဟုတ်သူသင်တို့သည်ယခုအခါကိုယ်တော် ၏လူစုတော်ဖြစ်ကြပြီ။ အခါတစ်ပါးက သင်တို့သည်ဘုရားသခင်၏ကရုဏာတော် ကိုမသိရကြ။ ယခုမှာမူကိုယ်တော်၏ ကရုဏာတော်ကိုခံစားရကြလေပြီ။ ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။

